Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၈)ရက်စက်သည့်အမတ်မင်းလက်ရွေးစင်စစ်သည်ရာပေါင်းများစွာလုံအိမ်တော်ကိုတင်းကျပ်စွာဝိုင်းထားလျှက်ရှိပါတယ်။ချပ်ဝတ်တန်
ဆာအပြည့်အစုံဝတ်ထားတဲ့မြင်းပေါ်ကသက်လတ်ပိုင်းအရွယ်လူတစ်ယောက်ကလုံချန့်အမေကို
မောက်မာစွာကြည့်နေတယ်။ထိုလူကိုလုံချန့်အမေဖြူဖျော့တဲ့မျက်နှာနဲ့မေးသမျှဖြေနေရပြီးဘိုအာနဲ့အ
ခြားအစေခံတွေကတော့ဝိုင်းထားတဲ့စစ်သည်တွေကိုကြောက်လန့်နေကြပါတယ်။လုံချန်ကိုမြင်တော့ထိုလူ့မျက်လုံးတွေအရောင်ဝင်းကနဲလက်သွားပြီးအေးစက်စက်လေသံနဲ့အော်
ပြောလိုက်တယ်။"လုံချန် မင်း ကျန်းယောင်ရင်ကိုမလိုအပ်ပဲဒဏ်ရာအပြင်းအထန်ရအောင်လုပ်တဲ့အတွက်မင်းကိုဖမ်းဖို့
ငါတို့အမိန့်ရထားပြီးပြီ မင်းအဖမ်းခံမလား"စစ်သည်တွေအကုန်လုံးကသွေးဆာရက်စက်တဲ့လက်ရွေးစင်လက်မရွံ့တွေဖြစ်ကြပါတယ်။လုံချန့်မိခင်
အနေနဲ့ထိုသို့သောယောကျာင်္းရင့်မာကြီးတွေဝိုင်းထားခြင်းကိုမည်သို့မကြောက်လန့်ပဲနေမှာပါလည်း။
သူမမျက်နှာစက္ကူဖြူတစ်ရွက်လိုဖြူစွတ်သွားကာလဲကျတော့မလိုဖြစ်လာတယ်။ဘိုအာသာအချိန်မှီလှမ်း
မထိန်းပေးလိုက်ရင်သူမလဲကျသွားပါပြီ။သူ့အိမ်ကိုဝိုင်းထားတဲ့စစ်သည်တွေကိုလျှစ်လျူရှုပြီးသူ့မိခင်ဆီကိုပဲလုံချန်လျှောက်သွားလိုက်ပါတယ်။
"မေမေ မစိုးရိမ်ပါနဲ့ ဒါဟာအိမ်မက်တစ်ခုပါ မေမေနိုးလာတာနဲ့ အားလုံးပြီးသွားမှာပါ"
လုံချန် သူ့အမေလက်လေးကိုငြင်သာစွာကိုင်ရင်းပြောလိုက်ပါတယ်။
လုံချန့်စကားတွေကနေအပျော့စားစိတ်စွမ်းအင်တစ်မျိုးထွက်လာပြီး သူမ မျက်ခွံတွေလေးလာကာနှစ်
နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့တယ်။"ဘိုအာ...ကျောင်းမာ ငါ့အမေကိုအထဲကိုခေါ်သွားပေးပါလား"
သူ့မိခင်အလွန်ကြောက်လန့်နေတာကိုမကြည့်ရက်တော့တာမို့စိတ်စွမ်းအင်တစ်မျိုးသုံးပြီးသူ့မိခင်အိပ်
ပျော်သွားအောင်လုံချန်လုပ်လိုက်ရတာပါ။ဘိုအာနှင့်ကျောင်းမာကသူ့မိခင်ကိုအိမ်ထဲခေါ်သွားကြပါတယ်။
တစ်အိမ်လုံးတံခါးတွေပိတ်ထားဖို့ဘိုအာကိုသူသေသေချာချာပြောလိုက်တယ်။
YOU ARE READING
Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)
Fantasyသူဟာဆေးနတ်ဘုရားတစ်ပါးအဖြစ်ပြန်လည်မွေးဖွားလာခြင်းပေလား။သို့မဟုတ် ဆေးနတ်ဘုရားရဲ့ ၀ိညာဉ်တော် နှင့် သူ့ဝိညာဉ် ပေါင်းစပ်သွားခြင်းပေ လော။သိုင်းကျင့်လို့မရ အောင် ခန္ဓာကိုယ်ကို အဖျက် ဆီးခံလိုက်ရတဲ့ လုံချန်ဆိုတဲ့ အနိုင်ကျင့်ခံ လူရွယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပ...