Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်ဖောင်း!!!!
အလွန်အမင်းကျယ်လောင်တဲ့အသံကသိုင်းကျမ်းဆောင်ထဲဟိန်းထွက်သွားတယ်။ကိုမျက်နှာမည်း
ကတော့လုံချန်ရဲ့ရိုက်ချက်ကြောင့်သွားဆယ်ချောင်းလောက်ကျွတ်ပြီးကြမ်းပြင်ပေါ်မှာပုံလျှက်သား
လေးပေါ့။"ဆောရီးနော် ဒီသိုင်းကျမ်းငါ ငါ့အကြိုက်ဖြစ်နေလို့ပါ"
ကိုမျက်နှာမည်းကိုငုံ့ကြည့်ရင်းလုံချန်နောင်တတွေပြည့်နေတဲ့မျက်နှာနဲ့တောင်းပန်လိုက်တယ်လေ။
ပါးရိုက်သံကသိုင်းကျမ်းထားတဲ့အဆောင်တစ်ခုလုံးပဲ့တင်သံထပ်နေတယ်။သိုင်းကျမ်းတွေဟိုလှန်
သည်လှန်နဲ့အလုပ်ရှုပ်နေတဲ့ကျောင်းသားတွေသိုင်းကျမ်းတွေပစ်ချရင်းအထိတ်တလန့်လှည့်ကြည့်
ကုန်တာပေါ့။"သိုင်းကျမ်းထားတဲ့အဆောင်ထဲမှာဘယ်သူရန်ဖြစ်နေတာလည်းကွ"
ရုတ်တရက်အေးစက်စက်အသံတစ်သံထွက်လာတယ်။အသံနောက်မှာပဲဝတ်ရုံအမည်းဝတ်ထား
တဲ့လူတစ်ယောက်ကအဆောင်ရဲ့အတွင်းပိုင်းကနေထွက်လာတယ်လေ။လုံချန်နဲ့ကိုမျက်နှာမည်းကို
တစ်လှည့်စီကြည့်ရင်းသူ့မျက်နှာကအေးစက်တင်းမာနေတော့တယ်။ထိုလူရဲ့သွေးနဲ့ချီပေါင်းစပ်မှုအဆင့်ကတောင်ကြီးတစ်တောင်လိုမြင့်တယ်။သိုင်းကျမ်းအဆောင်ထဲက
အခြားကျောင်းသားတွေအသက်တောင်မရှုရဲတော့ဘူးပေါ့။လုံချန်သူ့မျက်လုံးတွေကိုမှေးကြည့်လိုက်
ပါတယ်။"အဆင့်မြင့် သွေးနှောသိုင်းသမားပါလား"
ဒီနေရာမှာအဆင့်မြင့်သွေးနှောသိုင်းသမားတွေကိုအစောင့်ချထားမယ်ဆိုတာလုံချန်မထင်မှတ်
ထားတဲ့ကိစ္စလေ။ဒါပေမယ့်စဉ်းစားကြည့်တော့လည်းဒီလောက်အရေးကြီးသိုင်းကျမ်းတွေထားထား
တဲ့အဆောင်ကိုအဆင့်မြင်သိုင်းပညာရှင်တွေစောင့်ကြပ်နေတာသဘာဝတော့ကျတာပေါ့။သိုင်းကျမ်းထားတဲ့အဆောင်ထဲမှာသိုင်းမကျင့်ရဘူးလို့တားမြစ်ထားပါတယ်။ဒါကလူတိုင်းသိကြတဲ့
စည်းမျဉ်းတစ်ခုပဲလေ။ဒီစည်းမျဉ်းကိုချိုးဖောက်မိရင်တော့အချုပ်ကျမှာပါ။ "ပြောစမ်း ဒီမှာဘာ
ဖြစ်နေကြတာလည်း" သွေးနှောအဆင့်မြင့်သိုင်းပညာရှင်ကဒေါသတကြီးနဲ့အော်မေးလိုက်တယ်။
YOU ARE READING
Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)
Fantasyသူဟာဆေးနတ်ဘုရားတစ်ပါးအဖြစ်ပြန်လည်မွေးဖွားလာခြင်းပေလား။သို့မဟုတ် ဆေးနတ်ဘုရားရဲ့ ၀ိညာဉ်တော် နှင့် သူ့ဝိညာဉ် ပေါင်းစပ်သွားခြင်းပေ လော။သိုင်းကျင့်လို့မရ အောင် ခန္ဓာကိုယ်ကို အဖျက် ဆီးခံလိုက်ရတဲ့ လုံချန်ဆိုတဲ့ အနိုင်ကျင့်ခံ လူရွယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပ...