Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၈၃)ထူးဆန်းသည့်အသံလုံချန် ပြန်သတိရလာချိန်တွင် အချိန်မည်မျှကုန်သွားပြီဆိုသည်ကို သူသတိမထားမိပေ။တစ်နာရီခန့်
သာရှိသေးသည် ဖြစ်နိုင်သလို တစ်ရက်ခန့် အချိန်ကုန်သွားသည်လည်းဖြစ်နိုင်သည်။ပတ်ဝန်းကျင်
ကား မျောက်အော်သံများနှင့် ဆူညံနေသည်။သူ့ ခန္ဓာကိုယ်အား ကြည့်ရာတွင် ဒဏ်ရာမှ သွေးအများ
စုက ခြောက်ကပ်နေပြီဖြစ်သည်။လုံချန်က ကံအလွန်ကောင်းသည်ဟု ခံစားနေရ၏။ထိုသို့မဟုတ်လျှင် သွေးထွက်လွန်ကာ သူ သေဆုံး
သွားမည်မှာ သေချာလှသည်။ခပ်ဖြေးဖြေးထ၍ မတ်တပ်ရပ်သည့် တိုင်အောင် ကမ္ဘာမြေကြီး ခြာခြာ
လည်သွားသကဲ့သို့ ခံစားလိုက်ရသောကြောင့် အနား၌ ရှိသောသစ်ပင်တစ်ပင်ကိုမှီပြီး ခေတ္တငြိမ်
နေလိုက်ရ၏။ခေါင်းမော့၍ ကြည့်ရာတွင် သစ်ပင်များထက်တွင် မျောက်များကိုအုပ်လိုက်တွေ့ရသည်။အချို့မျောက်
များက အသံကုန်အော်ဟစ်နေကြသည်။သူတို့နယ်မြေအတွင်းသို့ လူစိမ်းတစ်ယောက်ဝင်လာခြင်း
ကြောင့် မျောက်များက ဆူညံနေကြခြင်းပင်။သို့သော် ၎င်းတို့မှာ လုံချန်ကိုမည်သည့်အန္တာရာယ်မှ
မပေးနိုင်ပေ။သူက ဓားရှည်ကြီးကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်သည်။ဒဏ်ရာများကို ကြည့်ရင်းလုံချန်က အံ
ကြိတ်ကာ ဆေးတစ်လုံးထုတ်သောက်သည်။ခေါင်းအနည်းငယ်မော့လျှင်ပင် နာကျင်လွန်းလှသည်ဖြစ်
၍ မျက်ရည်ထွက်မတတ်ပင်ခံစားရသည်။ထိုစဉ်ဒဏ်ရာမှ သွေးများထွက်လာပြန်သည်။သူ့၏ ဒဏ်ရာအများစုမှာ ယင်အမတ်ကြီး၏ ဓားကျိုးများ
စိုက်ခြင်းကြောင့် ရရှိခဲ့သော ဒဏ်ရာများဖြစ်ကာ ဓားအကျိုးများက စိုက်လျှက်ပင် ရှိနေသေးသည်။
ထို ဓားသွားများ သူ့ခန္ဓာကိုယ်ထဲသို့ ကြာကြာစိုက်နေလျှင်အန္တာရာယ်ရှိသည်။ဤနေရာသည် သူ့၏ ဒဏ်
ရာများကို ကုသရန်အကောင်ဆုံးနေရာတစ်ခု မဟုတ်သည့်တိုင်အောင် ထိုသို့မှ မကုသလျှင် လမ်း
လျှောက်ရန်မဖြစ်နိုင်တော့ချေ။လုံချန်က သွေးအားဖြည့်ဆေး အချို့ကို သောက်ကာ ဓားသွားများကို ခပ်ဖြေးဖြေး ဆွဲထုတ်နေသည်။
သွေးထွက်များလျှင် လမ်းလျှောက်ရာတွင် သူ အခက်တွေ့မည်။ကျွမ်းကျွမ်း ကျင်ကျင်ဖြင့် ဓားကျိုးများကို
ဖယ်ရှားနေသည်မှာ ဆယ့်နှစ်ခုခန့်ရှိသွားချေပြီ။လွင့်စင်လာသော ယင်း ဓားအကျိုးများကို သူ ကော
ယင်အမတ်ကြီးပါ မရှောင်နိုင်လိုက်။
ESTÁS LEYENDO
Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)
Fantasíaသူဟာဆေးနတ်ဘုရားတစ်ပါးအဖြစ်ပြန်လည်မွေးဖွားလာခြင်းပေလား။သို့မဟုတ် ဆေးနတ်ဘုရားရဲ့ ၀ိညာဉ်တော် နှင့် သူ့ဝိညာဉ် ပေါင်းစပ်သွားခြင်းပေ လော။သိုင်းကျင့်လို့မရ အောင် ခန္ဓာကိုယ်ကို အဖျက် ဆီးခံလိုက်ရတဲ့ လုံချန်ဆိုတဲ့ အနိုင်ကျင့်ခံ လူရွယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပ...