သွေးဖြင့်ပူဇော်ခြင်း

178 20 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၉၂)သွေးဖြင့်ပူဇော်ခြင်း

ခြောက်မီတာခန့်ရှိသည့် အရောင်တောက်တောက်ဖြင့်ကျားကြီး တစ်ကောင်မြေပြင်သို့လဲကျနေပြီး
၎င်း၏ ဦးခေါင်းတွင် 7 ပေခန့်ရှိမည့် ဓားတစ်ချောင်းစိုက်နေသည်။အဆိုပါ ဓားရှည်အား ဆွဲနှုတ်လိုက်
လျှင် သွေားများက ရေပန်းကဲ့သို့ပန်းထွက်လာသည်။

လုံချန်က နဖူးမှ ချွေးမျာကို သုတ်လိုက်၏။တောင်ပုံ ရာပုံဖြစ်နေသည့် သူ့နောက်ကျောမှ မှော်သားရဲ
အသေကောင်များကိုကြည့်၍ လုံချန် အတော်လေး စိတ်သက်သာရာရနေသည်။လွန်ခဲ့သည့်နှစ်ရက်
ခန့်က လုံချန်က မှော်သားရဲများကို ကြိုးဖြင့်ချည်၍ လမ်းတစ်လျှောက်ဆွဲလာရာ သူထင်ထားသည့်အ
တိုင်း သွေးနံ့ကြောင့် မှော်သားရဲများသည် သူသွားရာလမ်းတစ်လျှောက်သို့နောက်မှ လိုက်လာခဲ့ကြ
သည်။

ထိုမှော်သားရဲများမှာ သွေးအနံ့ကို အလွန်သိသူများဖြစ်၏။သွေးအနံ့သည် မှော်သားရဲတစ်ကောင်ကောင်
ဒဏ်ရာရနေသည်ဟုဆိုလိုသည်။၎င်းတို့သည် လွန်စွာကြမ်းကြုတ်ရက်စက်သည့် သဘာဝရှိသည့်အတိုင်း
မကြာခဏ ဆိုသလို နယ်မြေလုတိုက်ပွဲများလည်း ဖြစ်ကြလေ့ရှိ၏။ဤမျှ နက်ရှိုင်းသည့် တော့အုပ်ထဲ
တွင် ဒဏ်ရာတစ်စုံတစ်ခု ရလျှင် သေဖို့ပိုနီးသည်။

ဤကျားသည် သူအမဲလိုက်ခဲ့သည့် ရှစ်ကောင်မြောက်မှော်သားရဲဖြစ်၏။သူ က မှော်သားရဲများကို စု
ပေါင်းကာ ကြိုးဖြင့် မြဲမြဲစွာ ချည်ထား၏။နှင်းပွင့်လေးမှာ မှော်သားရဲ အသေကောင်များအပေါ်တွင်
ဇိမ်ကျစွာဖြင့် အိပ်၍ လိုက်ပါလာ၏။သူက မှော်သားရဲအသေကောင်များကိုစားလိုက်၊ဗိုက်ဝလျှင်အိပ်
လိုက်၊နိုးလျှင် ပြန်စားလိုက်လုပ်နေသည်။

ရထားတွဲကြီးကဲ့သို့ စီးတန်းနေသောမှော်သားရဲများမှာ သူ့အတွက်တစ်ကယ့် ပွဲတော်ကြီးဖြစ်နေ၏။
လုံချန်က မှော်သားရဲများအား ပြန်စစ်ကြည့်နေ၏။ယခုလက်ရှိ သူ့တွင် အဆင့်တစ် သားရဲ ခြောက်
ကောင်နှင့် အဆင့်နှစ်သားရဲ သုံးကောင်အမဲလိုက်ရရှိထား၏။အဆင့်နှစ် မှော်သားရဲ တစ်ကောင်သည်
အဆင့်တစ် မှော်သားရဲ ဆယ်ကောင်တွင် ပါဝင်သည့်စွမ်းအားများထက် ဆယ်ဆခန့် ပိုမိုများပြားစွာ
ပါဝင်သည်။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now