Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၈၂)စတုထ္ထမင်းသားထိုအရာက သားရေချပ်တစ်ခုဖြစ်သည်။သားရေချပ်တစ်ခုလုံးအပော်တွင် သင်္ကေတ များဖြင့် ပြည့်နှက်နေသည့။ထိုင်္ကေတ များက စာလုံးများကဲ့သို့မဟုတ်ပေ။
"လူရိုင်းတွေနဲ့ မင်းဆက်သွယ်နိုင်တယ်ဟုတ်လား" ၀တ်ရုံဖြူက အံ့အားသင့်ဟန်ဖြင့်မေး၏။လူရိုင်းများ
မှာ သားရဲတိရိစ္ဆာန်များကဲ့သို့ နေထိုင်သူများဖြစ်သည်။သို့သော် ၎င်းတို့တွင် တစ်ဦးနှင့်တစ်ဦးဆက်သွယ်
သည့်ကိုပိုင်ဘာသာစကားရှိ၏။ယင်းသေင်္ကတ များက လူရိုင်းတို့၏ ဘာသာစကားဖြစ်သည်။လူအများ
စုမှာ ဤသင်္ကေတ များကိုမြင်ဖူးကြသော်လည်း မည်သို့ဖတ်ရမည်ကိုမသိချေ။စတုထ္ထမင်းသားက လူရိုင်းသင်္ကေတ များကို ဖတ်နိုင်နေခြင်းက ၀တ်ရုံဖြူမမျှော်လင့်ထားသည့် အချက်
ဖြစ်၏။"အောင်မြင်မှုကိုရချင်ရင် တော့ကြိုးစားရတာပဲလေ ကျုပ်က ငယ်ငယ်ကတည်းက ကျုပ်ရဲ့ကံကြမ္မာ
ကိုသိခဲ့တယ် အဲ့ဒိအချိန်ကတည်းက ကျုပ်ရဲ့ကံကြမ္မာကို ပြောင်းလည်းနိုင်မယ့် အတတ်ပညာတွေကို
စုဆောင်းခဲ့တယ်""လူရိုင်းအုပ်နဲ့ ပူးပေါင်းဖို့အတွက်လူ အများအပြားကိုကျုပ် စေ လွှတ်ခဲ့တယ် ဒါပေမယ့် လူရိုင်းတွေဟာ
အဲ့ဒိလူတွေကို အစာအဖြစ်သာမြင်တယ် ဒါပေမယ့် မျှော်လင့်ချက်ဆိုတာ ဘယ်တော့မှ မစွန့်လွှတ်
သင့်တဲ့အရာမလား လူတစ်ယောက်ကို လူရိုင်းအုပ်က လက်ခံလိုက်တယ် အဲ့ဒိနောက် လူရိုင်းအုပ်နဲ့
ဆက်သွယ်မှုတွေကို ကျုပ်လုပ်တော့တာပဲ""အဲ့ဒိလို လုပ်နေစဉ်မှာပဲ ကျုပ်အမေနဲ့ကျုပ်က နန်းတွင်မှာ အာဏာတည်ဆောက်နေခဲ့တယ် အမှန်အ
တိုင်းပြောရရင် လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ကျုပ်ဟာ ခင်ဗျားရဲ့ အစီအစဉ် အောင်မြင်အောင်
ကူညီနိုင်တဲ့ အရည်အချင်းကောင်းကောင်း ရှိနေပြီ ဒါပေမယ့် ဒါက ကျုပ်အတွက် အကြိုးမရှိဘူး"၀တ်ရုံဖြူက ခေါင်းငြိမ့်သည်။ "ဆက်ပြောပါဦး"
"ဒါ့ကြောင့် လုံရှင်းရှောင်ကို ကိုင်တွယ်ဖို့ သူ့ကို စစ်ကူထောက်ပံ့နေတာတွေကို ကျုပ်က ရပ်လိုက်တယ်
ဒါ့အပြင် ဒေသခံအခြေခံလူတန်းစားတွေစီကနေ လုံရှင်းရှောင်ပြန်လို့မရအောင် လုပ်ထားလိုက်တယ်
ဘာ့ကြောင့်လည်းဆိုတော့ လူရိုင်းတွေနဲ့ စစ်ကဖြစ်နေတာလေ သူ့စိတ်ဓာတ်ကို ကျုပ်သိတယ် သူဟာ
ဘယ်တော့မှ အပြစ်မဲ့ပြည်သူတွေကို ပစ်ထားခဲ့ပြီးစစ်တပ်နဲ့အတူ မြို့တော်ကိုပြန်လာမှာမဟုတ်ဘူး လာ
ချင်လာ သူတစ်ယောက်တည်းသာလာလိမ့်မယ်"
VOCÊ ESTÁ LENDO
Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)
Fantasiaသူဟာဆေးနတ်ဘုရားတစ်ပါးအဖြစ်ပြန်လည်မွေးဖွားလာခြင်းပေလား။သို့မဟုတ် ဆေးနတ်ဘုရားရဲ့ ၀ိညာဉ်တော် နှင့် သူ့ဝိညာဉ် ပေါင်းစပ်သွားခြင်းပေ လော။သိုင်းကျင့်လို့မရ အောင် ခန္ဓာကိုယ်ကို အဖျက် ဆီးခံလိုက်ရတဲ့ လုံချန်ဆိုတဲ့ အနိုင်ကျင့်ခံ လူရွယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပ...