ဝတ်ရုံဖြူ

156 17 0
                                    

ဆေးသိဒ္ဓိရှင်

အခန်း (၁၀၄) ၀တ်ရုံဖြူ

လုံချန်၏ ဓားတွင် အနီရောင်အလင်းတန်းတစ်ခု
တောက်ပလာခဲ့သည်။ထိုအလင်းတန်းသည်
ဓားတွင်
ပေါ်လာသည်မှစကာ တောက်ပသည်ထက်
တောက်ပလာပြီး ရဲရဲနီသော မီးကျီ၊မီးခဲ
ပမာဖြစ်လာ၏။
မီးနဂါးတစ်ကောင်သည် ဓားရှည်ကြီးကို
လှည့်ပတ်ကာ ပေါ်လာသည်။ယင်းမီးတောက်ကား
ဆရာကြီး
ယွမ်ချီနှင့်
အခြားဆေးဆရာများအသုံးပြုသောမီးတောက်နှင့်
မတူ။သို့ရာတွင် ၎င်းမှထွက်သည့်အပူ
ဓာတ်ကားများစွာကြောက်မက်ဖွယ်ကောင်းလေသ
ည်။
သွေးနှောအဆင့်သို့အရောက်တွင် လုံချန်၏
ချီလမ်းကြောင်းများသည် ကျယ်လာသကဲ့သို့ သူ့၏
ဆေး
မီးတောက်ကလည်း များစွာပြင်းထန်
အစွမ်းထက်လာခဲ့သည်။သူသည်
ဆရာကြီးယွမ်ချီကဲ့သို့ မီးတောက်
ဖြင့် လက်နက် မဖန်ဆင်းနိုင်သော်သော်လည်း
မီးတောက်ကို ဓားတွင် ပေါင်းစပ်အသုံးပြုနိုင်သည်။
ဤသို့ အသုံးပြုနိုင်သည့်နည်းလမ်းကား သူ့၏
ဆေးနတ်ဘုရား
မှတ်ညာဏ်များမှလာခြင်းပင်တည်း။
သူမှတ်မိသမျှဆိုလျှင် ထိုတိုက်ခိုက်မှုသည်
အလွန်ပြင်းထန်အစွမ်းထက်၏။သို့သော် ယင်း သို့
မီးတောက်
ဖြင့် ပေါင်းစပ်အသုံးပြုခြင်းကို ယခုမှပင် လုံချန်
အသုံးပြုဖူးခြင်းဖြစ်သည်။
ဝုန်း.....
မီးနဂါး ပတ်လျှက်ရှိသည့် ဓားရှည်ကြီးနှင့် လှံ
ထိမိလျှင် လုံချန်နှင့် ရှယိုယုကို မီးတောက်များက
ဝါးမြိုသွား
လေတော့သည်။
... အား ....
နာကျင်စွာအော်ဟစ်သံနှင့် မရှေးမနှောင်းတွင်
မီးတောက်များထဲမှ
လူတစ်ယောက်လွင့်ထွက်လာ၏။ထို
လူတစ်ကိုယ်လုံးတွင် မီးများ
အဆက်မပြတ်လောင်ကျွမ်းလျှက်ရှိရာ
အကောင်းဆုံးကြိုးစားပြီး မီးများ
ကိုငြိမ်းသတ်နေရသည်။ရှယိုယု၏
တိုက်ခိုက်မှုကြောင့် လုံချန်လည်း
နောက်သို့တစ်လှမ်းပြီး တစ်လှမ်း
ဆုတ်ရလေသည်။သွေးနှင့် ချီစွမ်းအင်များ က
မောက်ကမ ဖြစ်ကုန်သည်။ရှယိုယုကား
အတော်လေး အ
စွမ်းထက် သည့် သိုင်းသမားတစ်ယောက်ပင်။
သို့သော် လုံချန်က သူ့တိုက်ခိုက်မှုကို သူပင်
ပြန်ကြောက်နေမိသည်။မူလ၌ သူသည် ဓားနှင့်
မီးတောက်
ပေါင်းစပ်ရာတွင် သူ့၏ ခွန်အားသာ
တိုးပွားလာမည်ဟု တွေးခဲ့သည်။သို့သော်
သူ့ဓားတွင်တောက်လောက်
နေသည့် မီးတောက်က ရှယိုယု၏ လှံကို ထိသည်
နှင့် ချက်ချင်းကူးလေတော့သည်။လုံချန်က ဤသို့
ဖြစ်မည်ဟု မထင်ထား။ရှယိုယုက နည်းမျိုးစုံ သုံး၍
မီးကိုငြိမ်းသည်။သို့သော် ဆေးမီးတောက်သည် ရိုး
ရိုး သာမာန်မီးနှင့်မတူ။ချီစွမ်းအင်ဖြင့်
တောင့်ခံလျှင်ပင်
လောင်ကျွမ်းနေဦးမည်သာဖြစ်လေသည်။
သို့သော် လုံချန်မထင်ထားသည့် အဖြစ်တစ်ခု
ဖြစ်လာခဲ့သည်။ရှယိုယုသည် လေထဲသို့
ခုန်တက်သွား
သည်။လုံချန် အံ့အားသင့်သွား၏။မီးများကို
ငြိမ်းသတ်ရန် ဒီတစ်နည်းသာ
ရှိတော့ပုံရသည်။ရှယိုယု
မြေပြင်သို့ ပြန်ခုန်ဆင်းလာသည်ကို မြင်လျှင်
လုံချန်သည် တွေဝေမနေ တော့ပဲ ဓားကို
မြေပြင်သို့
စိုက်ချလေသည်။အားသည် ပြင်းလှသည်ဖြစ်ရာ
ဓားစိုက်ချသည့် မြေပြင်မှ ဦးတည်၍ အက်
ကြောင်းကြီးများက အဖက်ဖက်သို့ပျံ့နှံသွားလေ၏။
ရှယိုယုမှာ မြေကြီး ပေါ်မှ
တစ်ဖန်ပြန်မြောက်တက်သွားပြန်ပြီး သွေးများ
ဝေါ့ကနဲ ထိုးအန်လေသည်။
ထိုအချိန်တွင် ရှယိုယု
အမှားကြီးတစ်ခုလုပ်မိသည်။မြေပြင်ပေါ်သို့ဆင်းသ
က်လိုက်သည့် အချိန်၌ သူသည်
လုံချန်၏ တိုက်ခိုက်မှုကို
ရှောင်နိုင်စွမ်းမရှိတော့ပေ။ရှယိုယု
ပြန်ထလာသည့်အချိန်တွင် မြားတစ်စင်း
သည်လေကိုခွင်းကာ ၀ီးကနဲ ဖြတ်လာပြီး
သူ့ရင်ဘတ်ကို ထုတ်ချင်းပေါက်ဝင်သွားတော့၏။
လုံချန် အံ့အားသင့်စွာဖြင့်
နောက်သို့လှည့်ကြည့်မိသည်။ခပ်လှမ်းလှမ်းတစ်နေ
ရာတွင် လုံရှင်းရှောင်
သည် လေးကို ကိုင်ထားလျှက်ရှိပြီး
လေးကြိုးများမှာ
တစ်ဆတ်ဆတ်တုန်လျှက်ပင်ရှိသေး၏။ဝူ
အမတ်ကြီး နှင့် အခြားကျင်ကျီ သိုင်းသမား
တစ်ယောက်မှာမူ မြေပြင်ပေါ်လဲကျပြီး
အသက်ပျောက်
နေချေပြီ။
"သူသေ၊ကိုယ်သေ တိုက်ပွဲတစ်ခုမှာ ရန်သူကို
ဘယ်တော့မှ အခွင့်အရေး မပေးရဘူးသား
ကိုယ့်ရန်
သူကို အားစိုက်မထုတ်ရပဲ သတ်နိုင်လေ
ကောင်းလေပဲ"
လုံရှင်းရှောင်မျက်နှာက အနည်းငယ်
ဖြူဖျော့နေသည်။လုံချန် ကို စိုးရိမ်စိတ်ကြောင့်
သူသည် ပြိုင်ဘက်
နှစ်ဦးကို ခပ်မြန်မြန် သုတ်သင်ခဲ့ရသည်။ထို့ကြောင့်
အားအင်အတော်လေး ကုန်ခမ်းသွားခြင်းပင်။
သို့သော် လုံချန်က မြေပြင်သို့ ဓားဖြင့်စိုက်ချ
သည်ကိုမြင်လျှင် အခွင့်ကောင်းကို သူ
စောင့်နေခဲ့သည်။
တိုက်ပွဲအတွေ့အကြုံများနှင့်ပတ်သတ်၍မူ
စစ်ပွဲပေါင်းများစွာအား တိုက်ခိုက်ခဲ့ရသော
လုံရှင်းရှောင်ကို
လုံချန်သည် မည်သို့မှ လိုက်မမှီပါပေ။
ရှယိုယုက သူ့၏ ရင်ဘတ်ကို
မယုံနိုင်ဟန်ဖြင့်ကြည့်နေသည်။လုံရှင်းရှောင်၏
မြားက သူ့ နှလုံးသားကို
တိုက်ရိုက်ဖောက်ထွက်သွားသည်လေ။
"ဒါ...ဒါ..ဘယ်လို...ဖြစ်..နိုင်..မှာ..လည်း"
ရှယိုယုမှာ မြေပြင်ထက်သို့ ပုံလျှက်သားလဲကျပြီး
အသက်ပျောက်သွားချေပြီ။ပွင့်နေသည့် သူ့၏
မျက်လုံး
နှစ်လုံးတွင်မူ မယုံနုငိခြင်းများစွာကို
တွေ့နေရဦးမည်ဖြစ်လေသည်။အင်ပါယာတစ်ခု၏
ဘုရင်တစ်ပါးကား
ဤသို့ဖြင့် ကံကုန်ရရှာလေ၏။
ရှယိုယု သေသည်နှင့် မဟာရှစစ်တပ်သည်
တပ်ပျက်တော့သည်။ထောင်ချီသည့်
ရဲမက်များသည့် ကြောက်
လန့်တစ်ကြား ဖြင့်ထွက်ပြေးကြလေသည်။ယနေ့
သူတို့ကြုံခဲ့ရသည့် အဖြစ်များကား လွန်စွာကြောက်
မက်ဖွယ်ကောင်းလှပါ၏။ဤမျှ
ကြောက်မက်ဖွယ်ရာ တိုက်ပွဲကြီးများသည်
၎င်းတို့အဆင့်ဖြင့် ၀င်ပါ၍
ရသည်မျိုးမဟုတ်ချေ။ဖီးနစ်၏ တပ်များသည်
လုံအိမ်တော်အား အလုံးအရင်းဖြင့်
တိုက်ခိုက်သည်ကိုလည်း
၎င်းတို့ မြင်ကြရပြီးဖြစ်လေသည်။ယင်းတပ်ဖွဲ့များ
မည်သို့ဖြစ်ကုန်သနည်း။ရလာဒ်ကား
အလောင်းခြင်း
ထပ်ကုန်သည်။မြေပြင်တွင်
သွေးချောင်းစီးကုန်သည်။
၎င်းတို့အနေဖြင့် သွေးကို မမြင်ဖူး၍
မဟုတ်။မြင်ဖူးကြသည်သာ။သို့သော်
ယနေ့မြင်ကွင်းကား ရက်စက်
လွန်းလှ၏။သံမဏိကဲ့သို့မာသည့် ၎င်းတို့၏
စိတ်ကိုပင်
ကြောက်ဒူးတုန်လာစေသည်ထိပင်။ယခုတော့
မဟာရှ၏
သိုင်းအကျော်အမော်ကြီးများဖြစ်ကြသော
ကျင်ကျီသိုင်းသမားများလည်း တစ်ယောက်ပြီး
တစ်ယောက်
သေကုန်ကြလေပြီ။မည်သည့်အတွက်ကြောင့်
မိမိ၏ အသက်ကို အချည်းနှီးအသေခံဦး
မည်နည်း။သို့ဖြစ်ရာ တပ်မူးများ၏ အမိန့်ကို
မနာခံကြတော့ပဲ တပ်ပျက်ပြီး
ပြေကြလေတော့သည်။
မဟာရှ စစ်သည်များ ခွေးပြေး ၀က်ပြေး
ပြေးနေကြသည့် မြင်ကွင်းကို ဖီးနစ်၏ ရဲမက်များက
ရူး
ကြောင်ကြောင်ဖြင့်
ကြည့်နေကြသည်။စစ်မြေပြင်အနေအထားသည်
ပြောင်းပြန်ဖြစ်သွားသည်။လုံမိ
သားစု၏ သားအဖ နှစ်ယောက်ကား
အံ့သြစရာပင်။၎င်းတို့
လက်ချက်ဖြင့်ကျင်ကျီသိုင်းသမားများ မှာ
တစ်ယောက်ပြီးတစ်ယောက် သေကုန်သည်။
ဖီးနစ် တပ်သားများကလည်း ယခု တိုက်ပွဲကို
ဆက်မတိုက်ချင်ကြတော့။ထွက်ပြေးချင်သည်။သို့ေ
သာ်
ယင်းသို့လုပ်၍လည်းမဖြစ်ချေ။သူတို့ထွက်ပြေးလွ
တ်မြောက်ခဲ့လျှင်တောင် သူတို့မိသားစုများက
မလွတ်
မြောက်နိုင်ပေ။ထို့ကြောင့် ၎င်းတို့မှာ
နောင်တကြီးစွာဖြင့်နောက်သို့ ဆုတ်၍ တိုက်ပွဲကို
ကြည့်နေရ
လေတော့သည်။
လုံချန်က လုံရှင်းရှောင်ကို ကြည့်၍
ပြုံးသည်။ဘယ်လောက်ပင်
အရွယ်ရောက်လာသည်ဖြစ်စေ သူ့
အဖေသည် သူ့ကို နှပ်ချေးတွဲလောင်း နှင့် က လေး
တစ်ယောက်လိုသာ မြင်နေပုံရသည်။လက်ရှိ
တိုက်ပွဲမြေပြင် အနေအထားကို ကြည့်လျှင်
ဆရာကြီးယွမ်ချီတို့အဖွဲ့မှလွဲ၍
ကျန်သည့်နေရာတွင်
တိုက်ပွဲများမရှိတော့ချေ။
လုံချန်က ဓားကို နောက်ကျောတွင် ပြန်လွယ်၍
စတုထ္ထမင်းသားထံလျှောက်သွားလိုက်သည်။
"ချူရှ မင်းရဲ့ အကွက်ချ အကြံအစည်တွေထဲမှ ဒါက
ဇာတ်သိမ်းပြီလို့ထင်လား" ရေခဲတစ်မျှ အေးစက်
သည့်လေသံဖြင့် လုံချန် မေး၏။စတုထ္ထမင်းသားက
နားမလည်သည့် အမူအယာဖြင့်သူ့ကိုကြည့်သည်။
ပြီးမှ လေသံမာမာဖြင့်ပြော၏။
"ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ
ကျုပ်မတွက်မိခဲ့ဘူး ဒါမှမဟုတ် ဒါဟာ ကျုပ်
ကံကိုယုံပြီးဆူးပုံ
နင်းမိခဲ့လို့လည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်"
ထိုအချိန်တွင် ဆရာကြီးယွမ်ချီ
ပြောခဲ့သည့်စကားကို
သူပြန်မှတ်မိလာသည်။မည်မျှ မှန်လိုက်သည့်စကား
ဖြစ်သနည်း။သူ့၏ အပြစ်အနာအဆာ မရှိသည့်
အစီအစဉ်က ထိုသို့
အဆုံးသတ်သွားခဲ့ရသည်။ထိုသို့ဖြစ်
လိမ့်မည်ဟု မည်သူက ကြုတင်ခန့်မှန်း
နိုင်ပါမည်နည်း။
သူ့၏ အစီအစဉ်သည် လုံရှင်းရှောင်ကိုသာ အဓိက
ပစ်မှတ်ထားခဲ့သည့်တိုင်အောင် နယ်ရုပ်တစ်ရုပ်
ဖြစ်သည့်လုံချန်က ကစားခုံ တစ်ခုလုံးကို
ပြောင်းပြန်လှန်ပစ်လိုက်သည်။သူ့တွင် ဆုံးရှုံးမှု
သိပ်ကြီးရပါ
သည်။
"အဖြစ်ကဒီလို ဖြစ်လာပြီဆိုတော့ ကျုပ် မင်းကို
အခက်တွေ့အောင်မလုပ်တော့ဘူး ကျုပ် သိုင်းကျင့်
လို့မရအောင် လုပ်တာဘယ်သူလည်း ဒါကို
ပြောမယ်ဆိုရင် နာကျင်မှုမရှိပဲသေ
အောင်လုပ်ပေးမယ်"
လုံချန်က မိမိကိုယ်ကို ထိန်းထားသော်လည်း
အသက်ရှုသံများမြန်လာ၏။သူသိချင်နေခဲ့သော
ကိစ္စကို
သိရတော့မည်။ခပ်ဝေးဝေး
တစ်နေရာမှကြည့်နေသည့် လုရှံင်းရှောင်သည်
အမူအယာပြောင်းသွား
လေသည်။သူသည် လုံချန်ကို ရှုပ်ထွေးသည့်
အကြည့်ဖြင့်ကြည့်ရင်းသက်ပြင်းကို
လေးလေးပင်ပင်
ချ၏။
စတုထ္ထမင်းသားက လုံချန်၏ စကားကို
အံ့သြနေသည်။
"မင်း ဘာ အကြောင်းတွေပြောနေတာလည်း"
လုံချန် ရင်တွေ တစ်ဒိန်းဒိန်း
ခုန်လာ၏။စတုထ္ထမင်းသားကို သူက
စိတ္တစွမ်းအင်ဖြင့် စောင့်ကြည့်နေခဲ့
ပြီးသားဖြစ်သည်။သူ့၏ အလွန်အစွမ်းထက်သည့်
စိတ်စွမ်းအားနှင့်ဆိုလျှင် စတုထ္ထမင်းသားသည်
သူ့ကို
လိမ်လို့ရလိမ့်မည်မဟုတ်ပေ။သို့ဆိုလျှင်
စတုထ္ထမင်းသား သည် ဤကိစ္စနှင့်ပတ်သတ်၍
ဘာတစ်ခုမှ
မသိခြင်းပေလော။မည်သို့ဖြစ်သနည်း။သူ့ကို
သိုင်းကျင့်၍ မရရန် လုပ်ခဲ့သူက ယင်အမတ်ကြီးပေ
လော။
အတွေးများကို လုံချန်
ခေတ္တရပ်လိုက်သည်။ယင်အမတ်ကြီး မဟုတ်လျှင်
မည်သူဖြစ်နိုင်မည်နည်း။
ထို့နောက် အသက်ကို
ခပ်ပြင်းပြင်းရှု၏။စိတ်အတော်ပျက်မိသွားလင့်ကစာ
း စတုထ္ထမင်းသားသည် သူ့
ကို မလိမ်ကြောင်း သူသိသည်။
"ဒီလိုဆိုမှတော့ ကျုပ်လည်း ပြောစရာမရှိတော့ဘူး
ခင်ဗျားပြောချင်တာတွေဘာတွေများရှိသေလား"
စတုထ္ထမင်းသားကို သူ ကြည့်လိုက်၏။
စတုထ္ထမင်းသားသည် သက်ပြင်းချ၍
လုံချန်ကိုကြည့်၏။ "ဒီလောက်နှစ်ပေါင်းများစွာ
အသေးစိတ်အကွက်
ချထားတာတောင်မှ ဒီလိုဖြစ်သွားလိမ့်မယ် လို့
ကျုပ်မတွက်ထားမိဘူး လုံချန်...ခင်ဗျားဟာ
ကျုပ်ပထ
မဆုံး ကြည်ညိုမိသူ တစ်ယောက်ပ"ဲ
"ကိုယ်ကြည်ညိုသူ
တစ်ယောက်ရဲ့လက်ချက်နဲ့သေရတာ တန်တာပေါ့
ဟုတ်တယ်မလား" လုံချန်က ခေါင်း
ငြိမ့်သည်။
"ဟားဟားဟား ကျုပ်ကိုသတ်မယ် ဟုတ်လား"
စတုထ္ထမင်းသားက အူလှိုက်သည်းလှိုက်ရယ်သည်။
ထို့နောက် လုံချန် ကို
အထင်သေး၊အမြင်သေးဖြင့်ကြည့်သည်။
"မင်းကိုယ်မင်း တစ်ကယ်နိုင်ပြီလို့
အောက်မေ့နေလား ကျုပ်သေရင်တောင်
မင်းလည်း ကျုပ်ရှေ့မှာ
သေရမှာပဲ"
လုံချန်က စကားများဖြင့်
အချိန်မဖြုန်းတော့။နောက်ကျောမှဓားကို ထုတ်၍
စတုထ္ထမင်းသားထံ ပြေး
ဝင်သွားလေသည်။ဒါဇင်နှင့်ချီသော
သွေးနှောသိုင်းသမားများ
စတုထ္ထမင်းသားရှေ့သို့ရောက်လာကြ၏။
ထိုသိုင်းသမားများသည်
စတုထ္ထမင်းသားမွေးထားသော
အသေခံများဖြစ်သည်။မည်မျှပင် စွမ်းအား
ကြီးမားသည့် ရန်သူဖြစ်စေ၊၎င်းတို့သည်
အကြောက်အလန့်မရှိ အသေခံတိုက်ကြမည်သာ။
လုံချန်သည် ဓားတစ်ချက်ယမ်းလိုက်လျှင်
ဓားချီဓာတ်က ဖြာထွက်လျှက် ယင်း အသေခံ
သိုင်းသမား
များကို
အပိုင်းပိုင်းဖြတ်သွားလေသည်။ထို့နောက်သူသည်
ရှေ့သို့ ပြေးတက်ကာ စတုထ္ထမင်းသားကို
ဓားဖြင့် ပိုင်းချ လေသည်။ထိုစဉ်
ရုတ်တရက်ဆိုသလို စတုထ္ထမင်းသားရှေ့သို့
လူတစ်ယောက် ရောက်
လာ၏။
လုံချန်၏ ဓားကို သူက လက်ဖြင့်
အသာအယာကိုင်ထားသည်။ထိုကဲ့သို့
အသာအယာကိုင်ထား
လျှင် တန်ပေါင်းများစွာလေးလံသည့် ဓားကြီးသည်
တုပ်တုပ်မျှ မလှုပ်တော့ပဲ ပြုတ်တူကြီးဖြင့် ညှပ်
ထားသကဲ့သို့ရှိနေတော့သည်။

ချစ်ခြင်းများစွာဖြင့်...

MK AUNG

စာရေးဆရာ၏ ကြိုးစားအားထုတ်မှုကို တစ်ဖက်တစ်လမ်းမှ တတ်နိုင် သ လောက်လေး ကူညီချင်သည်ဆိုပါက Telenor

09793864311 နှင့် MPT 09421123207 သို့ဆက်သွယ်၍

စေတနာ ရှိသ လောက် PH BILL လေးများ လျူဒါန်း နိုင်ပါသည် ခင်ဗျာ

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now