Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၉၇)ညီအကိုများထိုအဖွဲ့ကား လူ 7 ယောက်ပါသော အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လက်နက်ကိုယ်စီကိုင်ထားကြ၏။လူသတ်စင် ပေါ်
သို့ အရှေ့ဆုံးမှာတက်လာသူသည် လူကောင်အင်မတန်ထွား၍ ဓားကြီးတစ်လက်ကိုကိုင်ထားသည်။သူ့
နောက်တွင်မူ လူဝကြီးတစ်ဦးနှင့် လူပိန်လေးတစ်ဦးတို့ရှိကြရာ လူဝကြီးမှာ လွန်မင်းစွာ ၀သောကြောင့်
လမ်းလျှောက်လာသည်လား လှိမ့်လာသည်လား လူအများမသဲကွဲ ကြသလို လူပိန်လေးမှာမူကား အရိုး
ပေါ်အရေတင် ပိန်ကပ်နေလေသည်။လူတိုင်းသည် ထိုလူအုပ်ကိုကြည့်၍ အံ့အားသင့်နေကြ၏။သို့ရာတွင် အမြင်စူးရှသူများက ယင်း လူအုပ်
မှာ မည်သူတွေဖြစ်သည်ကို သတိထားမိသွားကြသည်။"ဟိုဟာက မီးအိမ်နီပွဲတော်မှာ အနိုင်ရသွားတဲ့ ရှီဖန် မဟုတ်ဘူးလား"
"သူပဲ သူ့ နောက်ကနှစ်ယောက်ကလည်း လုံချန်နဲ့ သိပ်နီးစပ်သူနှစ်ယောက်ပေါ့"
"ကွပ်မျက်ျတာကို သူတို့တားနိုင်မယ်ထင်နေပုံပဲ" ဟု အချို့လူများက မယုံနိုင်ဟန်ဖြင့် ပြောကြသည်။ရှီ
ဖန်သည် လုံချန်ပြီးလျှင် ပါရမီ ရှင်တစ်ယောက်အဖြစ်သတ်မှတ်ခံထားရသူဖြစ်သည်။သို့သော် သူသည် ယခု
မှ ပဉ္စမမြောက် သွေးနှောအဆင့်သို့သာ ရောက်သေးသည့်အပြင် ဘာမှ မဟုတ်သည့် ချီ အဆင့်သိုင်း
သမားများကိုဦးဆောင်လာသေးသည်။ယင်းကား ကိုယ့်သေတွင်း ကိုယ်တူးသည် သည် မည်သို့မှ မခြားပါ
ချေ။"သူတို့ဟာ တစ်ကယ့်ကိုညီအကိုတွေလိုနေကြသူတွေ လုံချန်က သူတို့အပေါ်အင်မတန်ကောင်းခဲ့
တာကလား အဲ့တာနဲ့ ဒီကျေးဇူးတွေကို ပြန်ဆပ်ဖို့ လာခဲ့ပုံရတယ်" လူအချို့က ရှီဖန်တို့အတွက် စိတ်
မကောင်းဖြစ်နေကြသည်။သို့သော် ယင်းတို့က ရှီဖန်တို့၏ ညီအကိုရင်းပမာ စိတ်ဓာတ်ကိုလည်း လေး
စားကြသည်။ရှီဖန်တို့ လျှောက်နေသည်မှာ သေလမ်းဖြစ်သည်။၎င်းတို့အတွက်မူ ယင်းသို့ စွန့်လွှတ်ရန်
မဖြစ်နိုင်ကြပါချေ။ရုတ်တရက်ရောက်လာသည့် လူအုပ်ကိုကြည့်၍ ချူရှ မျက်မှောင်ကုတ်သွားသည်။ရှီဖန်သည် လုံချန်နှင့်
အလွန်နီးစပ်သူ ဖြစ်ကြောင်း သူသိ၏။သို့သော် ရှီဖန်သည် မျိုးဆက်သစ်များတွင် ထိပ်တန်း သိုင်းသမား
တစ်ယောက်ဖြစ်မှန်းလည်း သူ သိသည်သာ။ယင်းအတွက်ကြောင့် ရှီဖန်ကို သူ့၏ ငယ်သားတစ်ယောက်
အဖြစ်သိမ်းသွင်းရန် သူက စိတ်ဝင်စားနေခြင်းဖြစ်လေသည်။
أنت تقرأ
Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)
خيال (فانتازيا)သူဟာဆေးနတ်ဘုရားတစ်ပါးအဖြစ်ပြန်လည်မွေးဖွားလာခြင်းပေလား။သို့မဟုတ် ဆေးနတ်ဘုရားရဲ့ ၀ိညာဉ်တော် နှင့် သူ့ဝိညာဉ် ပေါင်းစပ်သွားခြင်းပေ လော။သိုင်းကျင့်လို့မရ အောင် ခန္ဓာကိုယ်ကို အဖျက် ဆီးခံလိုက်ရတဲ့ လုံချန်ဆိုတဲ့ အနိုင်ကျင့်ခံ လူရွယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပ...