Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၇)"ကျွန်မရှင့်ကိုကူညီမယ်"
လုံချန့်လက်ထဲကအ၀တ်စကိုသူမယူလိုက်ပြီး သူ့လက်မောင်းမှာညင်ညင်သာသာစည်းပေးလိုက်တယ်။
"ကျွန်မတောင်းပန်ပါတယ်"
ချူယောင်လေသံလေးနဲ့ခပ်တိုးတိုးပြောလိုက်တယ်။လုံချန်ဆိုတာသူမတွေ့ခဲ့ဖူးတဲ့သူတွေနဲ့လုံးဝမတူသူ
တစ်ယောက်ပါ။လုံချန်ဟာသူမထက်အဆင့်နိမ့်ပေမယ့်သူမကိုပြန်တိုက်ခိုက်ဝံ့တဲ့တစ်ယောက်တည်း
သောသူလေ။လုံချန်ရဲ့စူးစူးရှရှအကြည့်တွေကိုအကဲခတ်ရရင်သူဟာဘယ်သူ့ကိုမှကြောက်တတ်တဲ့လူစားတစ်ယောက်
မဟုတ်ဘူးဆိုတာကိုသူမပြောနိုင်ပါတယ်။သူမကိုနာကျင်အောင်လုပ်မယ့်အစားသူကိုယ်တိုင်ပဲအနာခံ
လိုက်မယ်ဆိုတဲ့သူ့စိတ်ဓာတ်လေးကသူမနှလုံးသားကိုထိခိုက်စေခဲ့တာပါ။သူမမောင်လေးနဲ့လုံချန်ဖြစ်ခဲ့တဲ့ကိစ္စကိုသွေးအေးသွားမှသေသေချာချာစဉ်းစားမိတော့လုံချန်လုပ်
ရပ်မှားချင်မှမှားမယ်ဆိုတာကိုသူမလက်ခံလိုက်ရတယ်။သူမမောင်လေးဇာတ်လမ်းတစ်ခုလုံးကိုသူမ
တိတိကျကျလည်းမသိပါဘူး။ဒီတစ်ခါပဲသူမကိုယ်သူမအပစ်မကင်းသလိုခံစားရဖူးသေးတယ်။"ကျွန်တော်...."
လုံချန်တစ်ခုခုပြောရန်စကားစလိုက်ပါတယ်။
"ရှင်မတောင်းပန်ပါနဲ့ ... ဒီနေ့ကကျွန်မတို့သရေပဲလို့မှတ်လိုက်မယ်....ကျွန်မက ရှင့်ကိုကိုက်လိုက်တယ်
ရှင်ကလည်း....."သူမမျက်နှာလေးနီသွားတယ်။သူမရင်ဘတ်ကအရင်ကနဲ့မတူတော့သလိုခံစားနေရတယ်။အစောပိုင်း
ကခံစားမှုကိုသူမမမေ့သေးပါဘူး။လုံချန်ခေါင်းခါလိုက်တယ်။"မဟုတ်သေးဘူး...ငါပြောချင်...."
"ပြောဖို့လိုတာတွေပြောခဲ့ပြီးပြီပဲ...ဒီကိစ္စကပြီးသွားပြီ...ရှင်ဘာပြောချင်သေးလို့လည်း" ချုယောင်ဒေါ
သသံလေးနဲ့ပြောလိုက်ပါတယ်။"ဒီမှာမိန်းမလှလေးရဲ့ ငါပြောချင်တာက မင်းကိုက်လိုက်တာငါ့ဘယ်လက်မောင်းလေ ဘယ့်နှယ့်
ကြောင့်ညာလက်မောင်းကိုပတ်တီးစည်းထားတာတုန်း"
YOU ARE READING
Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)
Fantasyသူဟာဆေးနတ်ဘုရားတစ်ပါးအဖြစ်ပြန်လည်မွေးဖွားလာခြင်းပေလား။သို့မဟုတ် ဆေးနတ်ဘုရားရဲ့ ၀ိညာဉ်တော် နှင့် သူ့ဝိညာဉ် ပေါင်းစပ်သွားခြင်းပေ လော။သိုင်းကျင့်လို့မရ အောင် ခန္ဓာကိုယ်ကို အဖျက် ဆီးခံလိုက်ရတဲ့ လုံချန်ဆိုတဲ့ အနိုင်ကျင့်ခံ လူရွယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပ...