ပ ဟေ ဠိ

247 27 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၂၉)

ထိုအဖွဲ့မှာလူ 7 ယောက်ကနေ 8 ယောက်ခန့်ပါပြီး ထိုအဖွဲထဲက မဟာရှမင်းသားရှချန်ဖုန်းကိုလုံချန်
ကောင်းကောင်းမှတ်မိပါတယ်။ဒါပေမယ့်သူအံ့သြသွားတာကချန်ဖုန်းဘေးကရင်းနှီးတဲ့မျက်နှာတစ်ခု
ကြောင့်ပါ။ထိုအမျိုးသမီးဟာအရပ်အတော်ရှည်ပြီးဖြူစွတ်စွတ်အသားအရည်မျိုးရှိပေမယ့်သူမမျက်နှာ
မှာတော့မောက်မာမှုအနည်းငယ်ကိုတွေ့နေရတယ်။

ထိုအမျိုးသမီးဟာ လုံချန် ဆေးဆရာအသင်းမှာတွေ့ခဲ့တဲ့ရူးကြောင်ကြောင်အမျိုးသမီးပါပဲ။သူမဘာ့ကြောင့်
ဒီကိုရောက်နေရတာလည်းနောက်ပြီးဘာ့ကြောင့် မဟာရှအင်ပါယာကမင်းသားတစ်ပါးနဲ့သိပ်ရင်းနှီးနေ
ရတာလည်း။လုံချန်မတွေးတတ်ဘူးဖြစ်နေတယ်။မဟာရှမင်းသားဦးဆောင်တဲ့အဖွဲ့ဟာဈေးကြီးတဲ့
ဇိမ်ခံလက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲဝင်သွားပါတယ်။

"အဲ့ဒိအဖွဲ့ထဲကတစ်ယောက်က စတုထ္ထမြောက်မင်းသားပဲ" ထိုအဖွဲ့ကိုချူယောင်လည်းမြင်လိုက်တာမို့
လုံချန်ကိုလှမ်းပြောလိုက်ပါတယ်။

"စတုထ္ထမြောက်မင်းသား သူကမထင်မရှားနေတာ နန်းတွင်းပဋိပက္ခတွေမှာဘယ်တုန်းကမှဝင်မပါ
တဲ့မင်းသားတစ်ပါးပဲ ဘာ့ကြောင့်သူက မဟာရှမင်းသားချန်ဖုန်းနဲ့လာတာလည်း"

"သူကရုပ်တောင်ဖျက်လာသေးတယ် ဒါပေမယ့်သူ့လက်မှာစွပ်ထားတဲ့လက်စွပ်ကိုတော့ဖွက်ခဲ့ဖို့
မေ့သွားတယ် သူဟာနဂါးပုံကိုအသေးစိတ်ထွင်းထုထားတဲ့လက်စွပ်ကိုအမြဲဝတ်လေ့ရှိတယ် ဒါ့ကြောင့်
ကျွန်မသူ့ကိုမှတ်မိတာ"

မင်းသမီးတစ်ယောက်အနေနဲ့ချူယောင်ဟာမောက်မာတဲ့ပုံစံနဲ့နေ့စဉ်ဖြတ်သန်းနေခဲ့သော်လည်းအလွန်
စေ့စပ်သေချာသူပီပီမင်းသား၊မင်းသမီးတစ်ပါးစီအားလေ့လာထားခြင်းကြောင့်မည်သို့ပင်ရုပ်ဖျက်ထား
သည်ဖြစ်စေ စတုထ္ထမင်းသားကိုကောင်းကောင်းမှတ်မိနေပါတယ်။လုံချန်ခေါင်းတွေကိုက်လာသလိုခံ
စားနေရတယ်။ဘာ့ကြောင့်စတုထ္ထမင်းသားရုပ်ဖျက်လာတာလည်း။လုံချန်သူ့ရဲ့နတ်အသိကိုပို့ပြီးအာ
ရုံခံချင်နေတယ်။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Donde viven las historias. Descúbrelo ahora