Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်အခန်း(၁၆)
ကန့်လန့်ကာနောက်ကွယ်ကာကြိုးကိုင်နေသူဟာဘယ်သူများဖြစ်နေမလည်းတွေးနေတုန်းမှာပဲဧရာမ
ပိုက်ကွန်ကြီးသူ့ပေါ်ပြုတ်ကျလာခြင်းကြောင့်လုံချန်ရုတ်တရက်ရှောင်လို့မရဖြစ်သွားတယ်။ပိုက်ကွန်
ကလည်းအလွန်အမင်းရှုပ်ထွေးအောင်ဒီဇိုင်းထုတ်တည်ဆောက်ထားတဲ့ပိုက်ကွန်ပါ။လုံချန်ပိုက်ကွန်ထဲ
မိပြီဆိုတာနဲ့ပိုက်ကွန်လည်းအပေါ်ကိုလိပ်ပြီးချက်ချင်းပြန်တက်သွားတော့တယ်။အထဲမှာတော့လုံချန်ပိတ်မိရက်သားပါသွားတာပေါ့။လုံချန်ရုန်းရင်းကန်ရင်းနဲ့သူ့ခေါင်းပေါ်မှာဧရာမသိမ်း
ငှက်ကြီးတစ်ကောင်ရှိနေတာကိုသတိပြုမိလိုက်ပါတယ်။ထိုသိမ်းငှက်တွေဟာမှော်သားရဲကောင်တွေ
မဟုတ်ပဲရိုးရိုးတောရိုင်းကောင်တွေပါ။ဒါပေမယ့်အရွယ်အစားကြီးမားတာရယ်၊သွန်သင်ရလွယ်တာ
တွေရယ်ကြောင့်အကြိုက်တွေ့တဲ့သူတွေလည်းရှိပါတယ်။သိမ်းငှက်ကြီးကတောင်လေးတစ်တောင်အရွယ်လောက်ရှိတယ်။လုံချန်အခုမှနောင်တရနေလည်းအချိန်
မမှီတော့ပါဘူး။သူသတိလက်လွတ်နေမိလိုက်လို့ထောင်ချောက်ထဲမိနေပြီမဟုတ်လား။လေထဲကိုမီတာ
အတော်များများတက်သွားပြီးနောက်လုံချန်အောက်ကိုကြည့်ပြီးအန်ချင်လာတယ်။သူနည်းနည်းလေး
တောင်မလှုပ်ဝံ့ဘူး။ဒီပိုက်ကွန် ခိုင်ပါစေလို့ပဲသူဆုတောင်းနေရတယ်။မတော်လို့ပိုက်ကွန်ကွဲပြီးဒီအမြင့်ကပြုတ်ကျရရင်သူ့
မှာဆယ်သက်လောက်ပါရင်တောင်လောက်မှာမဟုတ်ဘူးလေး။တစ်ခါတည်းအသားပြားတန်းဖြစ်သွားမှာ
ပဲ။"ဟမ့်....ငါ့မောင်လေးကိုအနိုင်ကျင့်ရဲတဲ့ကျွန်ကောင်"
ကြည်လင်ချိုမြတဲ့အသံလေးကသိမ်းငှက်ပေါ်ကနေထွက်လာတယ်။အသံလေးကသိပ်ချိုပေမယ့်ဒေါသသံ
လည်းပါနေတော့အခြေအနေတော့သိပ်မကောင်းဘူးလို့လုံချန်တွေးမိလိုက်ပါတယ်။လုံချန်ပိုက်ကွန်ထဲ
ကနေဘယ်လိုပဲကြည့်ကြည့်သိမ်းငှက်အပေါ်ကဘယ်သူဆိုတာကိုကြည့်လို့မရဖြစ်နေတယ်။သူဘာတစ်
ခွန်းမှပြန်မပြောရဲပါဘူး။ဒေါသပေါက်ကွဲပြီးထိုသိမ်းငှက်ပေါ်ကမိန်းမပျိုလေးသူ့ကိုအောက်ပစ်ချလိုက်ရင်
ဘယ်လိုလုပ်မလည်း။
CZYTASZ
Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)
Fantasyသူဟာဆေးနတ်ဘုရားတစ်ပါးအဖြစ်ပြန်လည်မွေးဖွားလာခြင်းပေလား။သို့မဟုတ် ဆေးနတ်ဘုရားရဲ့ ၀ိညာဉ်တော် နှင့် သူ့ဝိညာဉ် ပေါင်းစပ်သွားခြင်းပေ လော။သိုင်းကျင့်လို့မရ အောင် ခန္ဓာကိုယ်ကို အဖျက် ဆီးခံလိုက်ရတဲ့ လုံချန်ဆိုတဲ့ အနိုင်ကျင့်ခံ လူရွယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပ...