လုံအမျိုးသမီး၏ အကြံအစည်

225 25 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၅၀)

လမ်းထောင့်အကွယ်လေးအား ချိုးလိုက်သည်တွင် မြင်လိုက်ရသောမြင်ကွင်းကြောင့် လုံချန်၏ခြေလှမ်း
များရပ်ကာ ကြက်သေသေသွားသည်။အမြဲတစ်စေ ခြောက်ကပ်တိတ်ဆိတ်လျှက် ရှိသည့် သူ့၏ခြံဝ
သည်ယနေ့တွင်မှ မိန်းမတန်းကြီးဖြင့် အထူးစည်ကားလှတော့သည်။ထိုမိန်းမများသည် လင်ယောကျာင်္း
ရှိသည့်မိန်းမများဖြစ်၍ အသက်အားဖြင့် လေးဆယ်ကျော် ငါးဆယ်ပတ်လည်များဖြစ်၏။

ပတ်ဝန်းကျင်းအား နောက်တစ်ခါ ထပ်၍ လှည့်ပတ်ကြည့်ရှုပြီးသည်မှ ထိုနေရာသည် သူ့အိမ်ဖြစ်ကြောင်း
လုံချန် အတည်ပြုလိုက်သည်။ဤသို့ဖြင့် အိမ်ဝသို့ လုံချန် လမ်းလျှောက်လာခဲ့၏။

ထိုအချိန်၌ ဘိုအာသည် ပျော်ရွှင်စွာ ဖြင့် ရယ်ကာမောကာ ထိုအမျိုးသမီးများအား လက်ခံစကား
ပြောနေသည်။

"လူတိုင်းမစိုးရိမ်ကြပါနဲ့ ဖြည်းဖြည်းလုပ်ကြပါ နာမည်တွေ...အဆင့်အတန်းတွေ...အတိုင်းအတာတွေ
ရုပ်ပုံတွေ ကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် စားရင်းသွင်းကြပါ"

"မိန်းကလေး လုံအမျိုးသမီးက ဘယ်လို ချွေးမမျိုးကိုနှစ်သက်လည်းဆိုတာကို ကျွန်မတို့ကိုပြောပြနိုင်
မလား" ဟုအမျိုးသမီးတစ်ယောက်ကနှစ်လိုဖွယ်ပြုံး၍ ဘိုအာကို မေးလျှင်....

"ဟီးဟီး မိန်းမပီသပြီး ရုပ်ရည်ပြေပြစ်ချောမောရင်ပဲဖြစ်ပါတယ် ဒါပေမယ့် လုံအမျိုးသမီးကျွန်မကို
မှာထားတဲ့တစ်ချက်ကတော့ တင်ပါးကြီးကြီး မိန်းမပျိုလေးတွေကို အထူးသဘောကျပါတယ်တဲ့ သူမ
ပြောတာက တင်ပါးကြီးကြီး မိန်းမပျိုကလေးတွေဟာ ကလေးမွေးဖွားရပိုလွယ်ကူတယ်တဲ့ လုံအမျိုး
သမီးဟာ မြေးသိပ်ချီ ချင်နေပြီလေ" ဟူ၍ ပြောပြီး လုံချန်ပြန်လာသည်ကို အမှတ်တမဲ့မြင်၍....

"ဟားဟား သခင်လေး ပြန်လာပြီလား" ဟု မှုန်ကုပ်ကုပ်ရုတ်ဖြစ်နေသည့် လုံချန့်ကို လှမ်းနှုတ်ဆက်
လေသည်။

သို့လျှင် ထိုအမျိုးသမီးများသည်လည်း....

"သခင်လေးကို နှုတ်ဆက်ပါတယ်" ဟု ပြိုင်တူနှုတ်ဆက်လိုက်ကြ၏။လုံချန်သည် ခေါင်းတစ်ချက်မျှငြိမ့်
ပြကာ ဘိုအာ အား လုံအိမ်ခြံဝန်းအတွင်းသို့ အတင်းဆွဲခေါ်သွားတော့သည်။ပြီးမှ အပြင်၌ ရပ်နေကြသည့်
အမျိုးသမီးအတန်းလိုက် ကြီးကိုကြည့်၍ .......

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now