Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၆၄)ချုယောင်ထံသို့လည်ပတ်ခြင်းဖုန်း...
သူ့၏ဆေးမီးဖိုက ပြင်းထန်စွာလှုပ်ခတ်သွားကာ ကြောက်မက်ဖွယ်ရာစွမ်းအင်များထွက်လာသည်။
မည်မျှဆိုသော် ဆေးမီးဖိုထဲ၌ မှော်သားရဲတစ်ကောင်ကောင်း ရုန်းကန်နေသကဲ့သို့ပင်ရှိသည်။"ငြိမ်စမ်း"
လုံချန်ကအော်ဟစ်ပြီး မီးဖိုအဖုံးကို အတင်းပြန်ဖိချထားလိုက်၏။သို့တိုင်အောင် ဆေးအာနိသင်များကား
ပြင်ပခွန်အား တစ်စုံတစ်ရာဖြင့် ထိန်းချုပ်ထားနိုင်သည်မဟုတ်ပေ။တစ်ချိန်တည်း၌ပင် လုံချန်က မီးဖို
အဖုံးအား ဖိထားစဉ်တွင် သူ့၏စိတ်စွမ်းအားဖြင့်လည်း ဆေးအာနိသင်များကို အပြင်သို့မထွက်စေရန်
ဖမ်းထားလိုက်သည်။ဤကဲ့သို့ ဆေးမီးဖို ပြင်းပြင်းထန်ထန် လှုပ်ရှားနေခြင်းက နှစ်နာရီခန့်ကြာမှ မူလအတိုင်းပြန်ငြိမ်သက်
ခြင်းသို့ရောက်လေသည်။မီးဖိုအဖုံးအား ခပ်ဖြေးဖြေးဖွင့်လိုက်သည်တွင် မူလ၌ မှောင်မဲနေသည့် အခန်း
တစ်ခုလုံးက လင်းထိန်သွားတော့သည်။"ဟီးဟီး နောက်ဆုံးတော့ငါအောင်မြင်ပြီ"
လုံချန်က သက်တောင့်သက်သာဖြင့် နဖူးမှချွေးများကိုသုတ်လိုက်သည်။မောပန်းလွန်းသဖြင့် သူသည်
မေ့လဲချင် သလိုပင်ဖြစ်နေပြီဖြစ်သည်။ယခုသန့်စင်ခြင်းက တတိယ မီးဖို၌ သန့်စင်ခြင်းဖြစ်သည်။
ပထမ မီးဖိုတွင်သန့်စင်သောဆေးမှာ ချုယောင်လိုအပ်နေသည့် ကြယ်ပေါင်ဆေးဖြစ်၏။လုံချန်သန့်စင်
သည့်ဆေးသုံးမျိုး၌ ကြယ်ပေါင်းဆေးက သန့်စင်ဖော်စပ်ရ အလွယ်ဆုံးဖြစ်သည်။သူ ဒုတိယသန့်စင်သည်က အသည်းကြွေမြက်မှ တစ်ဆင့်ထုတ်ယူထားသော အမတေဖြင့်
ဝိညာဉ်နှုတ်အသည်းကြွေ အဆိပ်ကို သန့်စင်ခြင်းဖြစ်သည်။၎င်းကား အနာဂါတ်တွင် သူ့အတွက်
အကာအကွယ်တစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။ယခု နောက်ဆုံး သူသန့်စင်ပြီးသည့် ဆေးမှာ ဖော်စပ်ရ
အခက်ဆုံးဆေးဖြစ်သည့် ၀ိညာဉ်အားဖြည့်ဆေးဖြစ်သည်။ထိုဆေးကို သူက ဟွာယွန်အိမ်တော်မှ ရရှိခဲ့သော ညမိစ္ဆာ ခေါင်းခွံ ဖြင့်သန့်စင်ခြင်းဖြစ်၏။ညမိစ္ဆာ
ခေါင်းခွံ၏ ပုံသဏ္ဍန်က လင်းနို့တစ်ကောင်နှင့် များစွာတူသည်။အရွယ်ရောက်ပြီး ညမိစ္ဆာသည်
ပေပေါင်းများစွာမြင့်၍ အလွန်သွေးဆာသည့် သဘာဝရှိသည်။၎င်း၏ ကြောက်လန့်ဖွယ် အကောင်း
ဆုံးစွမ်းရည်ကား စိတ်ဝိညာဉ်အား တိုက်ခိုက်နိုင်စွမ်းရှိခြင်းဖြစ်သည်။
ВЫ ЧИТАЕТЕ
Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)
Фэнтезиသူဟာဆေးနတ်ဘုရားတစ်ပါးအဖြစ်ပြန်လည်မွေးဖွားလာခြင်းပေလား။သို့မဟုတ် ဆေးနတ်ဘုရားရဲ့ ၀ိညာဉ်တော် နှင့် သူ့ဝိညာဉ် ပေါင်းစပ်သွားခြင်းပေ လော။သိုင်းကျင့်လို့မရ အောင် ခန္ဓာကိုယ်ကို အဖျက် ဆီးခံလိုက်ရတဲ့ လုံချန်ဆိုတဲ့ အနိုင်ကျင့်ခံ လူရွယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပ...