နောက်ဆုံး တိုက်ပွဲ

179 21 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၈၀)နောက်ဆုံးတိုက်ပွဲ

လုံချန် မျက်နှာ ကွက်ကနဲပျက်သွားသည်။သစ်ပင်ကြီး ပေါ်တွင်မျောက်တစ်ကောင်ရှိနေသည်။မျောက်
သည် အရွယ်အစားအနေဖြင့် သိပ်မကြီးလှသော်လည်း လည်ပင်းက အတော်ကလေးတုတ်သည်။
ထိုမျောက်က သူ့ကို အသင့်အနေအထားဖြင့်ကြည့်နေ၏။

လုံချန် ချက်ချင်း အသက်ပင်မရှုဝံ့လောက်အောင်ဖြစ်သွားသည်။သူ နောင်တအကြီးအကျယ်ရ
မိသည်။ယင်အမတ်ကြီးအား လက်ဆောင်ပေးပြီးကတည်းက သူသည် နမော်နမဲ့အတော်နိုင်လာ၏။
မျောက်မှာရိုးရိုးသားရဲတစ်ကောင်သာဖြစ်၍ သူ့အားမည်သို့မှ အန္တာရာယ်မပြုနိုင်လင့်ကစား သူ့အတွက်
တော့ အလွန်အကျပ်ရိုက်စရာဖြစ်နေသည်။

ယင်းမျောက်အမျိုးအစားမှာ အုပ်စုဖြင့်နေထိုင်သည့်မျောက်များဖြစ်သလို ဤတောကား ယင်းတို့၏ပိုင်
နက်လည်းဖြစ်သည်။ယခု မျောက်ကိုကြည့်ရသည်မှာ ကင်းစောင့်နေသည့် မျောက်ဖြစ်နိုင်သည်။
၎င်းတို့၏ နယ်မြေအတွင်းသို့ လူစိမ်းများဝင်လာလျှင် ၎င်းတို့သည် အန္တာရာယ်ရှိသည်ဟု ယူဆကာ အော်
ဟစ်အချက်ပေးမည်သာဖြစ်သည်။

လုံချန်သည် ပတ်ဝန်းကျင်ကိုသတိမမူမိပဲ ၎င်းတို့နေထိုင်ရာ နယ်မြေအတွင်းသို့ကျွံ၍ ၀င်လာမိခြင်းပင်။
သူသည်မဟာအမှားကြီးတစ်ရပ်ကို ကျူးလွန်မိပြီ ဟု လုံချန်သ ဘောပေါက်လိုက်၏။ထို့ကြောင့် နောက်
သို့ အသာလေးလှည့်၍ ပြန်ဆုတ်တော့မည့်ပုံပြလိုက်သည်။

သို့ရာ၌ နောက်ကျချေပြီ။အနှီမျောက်က သစ်ပင်ထိပ်မှနေ၍ ကျယ်လောင်သည့်အသံဖြင့် အူလျှင်
မျောက်၏ အသံသည် မိုင်အတော်ဝေးဝေးသို့တိုင်အောင်ရောက်သွားလေသည်။တင်္ဂအတွင်း၌ တော
တစ်ခုလုံးက မျောက်အော်သံများနှင့်ပဲ့တင်သံထပ်သွားသည်။

လုံချန်က သူ့၏မျက်ဝန်းများကိုမှေးကျဉ်း၏။အဝေး တစ်နေရာမှ လူရိပ်တစ်ရိပ်က သူ့ထံသို့ လျှင်
မြန်သည့်အရှိန်ဖြင့်ပြေးလာနေသည်။ယင်အမတ်ကြီး၏ မျက်ဝန်းထဲတွင် သူ့အားသတ်ဖြတ်လိုသည့်
အရိပ်အယောင်များကို လုံချန်က ကောင်းကောင်းမြင်သည်။ယင်အမတ်ကြီးက သူ့ကို ရှာတွေ့သွား
ပြီဖြစ်ရာ ထွက်ပြေးရန်လည်း မဖြစ်နိုင်တော့ပေ။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now