Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
စာသခင်ခန်းမထဲဝင်လာသူက အသက်ဆယ့်ငါးနှစ်လောက်သာရှိသေးတဲ့လူငယ်လေးတစ်ယောက်ဖြစ်
ပါတယ်။ထိုလူငယ်လေးဟာအ၀ါရောင်ဝတ်ရုံကိုဝတ်ထားပြီးဦးခေါင်းထက်မှာသရဖူတစ်ခုဆောင်းထားတယ်။
"၇ယောက်မြောက်မင်းသားလေးကိုအရိုအသေပေးပါတယ်"
မင်းသားကိုမြင်တော့၊အခန်းထဲကလူတိုင်းကပျာကယာဒူးထောက်လိုက်ကြတယ်။ရှီဖန်ပင်လျှင်စိတ်မပါ
ပေမယ့်ဒူးထောက်လိုက်ရပါတယ်။ထိုမင်းသားနာမည်ကချုဖန်။သူဟာလက်ရှိအင်ပါယာပြည့်ရှင်မင်းရဲ့
၇ယောက်မြောက်သားတော်တစ်ပါးဖြစ်သလို၊အငယ်ဆုံးသားတော်တစ်ပါးလည်းဖြစ်ပါတယ်။ကောလ
ဟာဠတွေအရတော့ချုဖန်ကိုမွေးတဲ့အချိန်ကစပြီးသူ့ဖခင်ဖြစ်တဲ့အင်ပါယာပြည့်ရှင်မင်း ချုရှင်းကောဟာ
လူရှေသူရှေ့ကိုထွက်မလာတော့ဘူးလို့ဆိုကြတယ်။
ယခုထိတိုင်ချုရှင်းကောဟာလူသူရှေ့မှောက်သို့ထွက်ပေါ်လာခြင်းမရှိတော့ပဲသူ့သားဖြစ်သူချုဖန်ပင်လျှင်
သူ့ဖခမည်းတော်ကိုမမြင်ဖူးပါဘူး။ချုဖန်အကြောင်းကိုလုံချန်အနည်းငယ်တော့ကြားဖူးထားတယ်။သူဟာ
အနောက်အဆောင်တော်၊မိဖုရားတစ်ပါးရဲ့ပျက်ဆီးနေတဲ့သားတော်တစ်ပါးလို့လုံချန်သိထားပါတယ်။ထို
မင်းသားဟာအခြားမင်းသားတွေထက်အလွန်အမင်းဗိုလ်ကျတတ်သူဖြစ်ပြီးတစ်ဆင့်စကားတွေအရ
သူကြောက်တဲ့သူဘယ်သူမှမရှိဘူးလို့ဆိုတယ်။
အင်ပါရီယာကောလိပ်ကိုသူဘာ့ကြောင့်ရောက်လာလည်းဆိုတာကိုတော့ဘယ်သူမှမသိကြပါဘူး။
ဒါပေမယ့်မင်းသားဘေးမှာရပ်နေတဲ့ကျန်းယောင်ရင်ကိုမြင်တော့မှဒါဟာကျန်းယောင်ရင်ရဲ့သူ့အပေါ်
နောက်ထပ်ထိုးနှက်ချက်တစ်ခုမှန်းလုံချန်သိလိုက်ပါတယ်။အင်ပါရီယာမြို့တော်မှာကျင့်သုံးတဲ့ထုံတမ်း
YOU ARE READING
Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)
Fantasyသူဟာဆေးနတ်ဘုရားတစ်ပါးအဖြစ်ပြန်လည်မွေးဖွားလာခြင်းပေလား။သို့မဟုတ် ဆေးနတ်ဘုရားရဲ့ ၀ိညာဉ်တော် နှင့် သူ့ဝိညာဉ် ပေါင်းစပ်သွားခြင်းပေ လော။သိုင်းကျင့်လို့မရ အောင် ခန္ဓာကိုယ်ကို အဖျက် ဆီးခံလိုက်ရတဲ့ လုံချန်ဆိုတဲ့ အနိုင်ကျင့်ခံ လူရွယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပ...