ရွှေလူဝံ

183 20 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၉၁)ရွှေလူဝံ

ဤပတ်ဝန်းကျင်၌ ကား သစ်ပင်ကြီးများသည် မိုးထိလုခမန်းမြင့်မားကြသကဲ့သို့ ရံဖန်ရံခါအဝေးမှ အော်
လိုက်သည့် သားကောင်ကြီးများ၏ အသံတို့ကိုလည်း ကြားရလေ့ရှိသည်။ဆယ်မီတာခန့် ရှိသည့် လူ
ဝံကြီးတစ်ကောင်သည် မိုးသစ်တောအား ဖြတ်၍ ပြေးလာရာ သစ်ပင်၊သစ်ကိုင်းများက သူ့နောက်တွင်
လှုပ်ယမ်း၍ကျန်နေခဲ့သည်။

လူဝံကြီးနှင့် မျက်နှာခြင်းဆိုင်တွင် ရပ်နေသူက လူဝံကြီးနှင့်ဆိုလျှင် ဆင်နှင့်ဆိတ်ပမာ ဖြစ်နေသည်။ထို
သူသည် နတ်သား တစ်ပါးကဲ့သို့ထင်ရလောက်အောင် အော်ရာများထွက်နေသည့် လုံချန်ဖြစ်သည်။
သီးခြားကမ္ဘာငယ်လေးတစ်ခုကဲ့သို့ ဖြစ်နေသည့် ဤနေရာသည် ယခင်က အောက်ပေါင်းရှုပ်သည့် တော
အုပ်ကြီးတစ်ခုဖြစ်လင့်ကစား ယခုအခါတွင် သစ်ပင်ကြီးများ ပြိုလဲ၍ ကွက်လပ်ကြီး တစ်ခုဖြစ်နေချေပြီ။

ရွာသူကြီး ထံမှ မြေပုံတစ်ခုကို လုံချန်ရခဲ့၏။ထိုမြေပုံတွင် အန္တာရာယ်ရှိသည့်နေရာများကို မှတ်သားထား
သည်။ယင်း အမှတ်များသည် အဆင့်နှစ် မှော်သားရဲကျက်စားသည့် နေရာကိုမှတ်သားထားခြင်းပင်။
သူ့ရှေ့တွင် ရှိနေသည်က အဆင့်နှစ် ရွှေလူဝံ ဖြစ်လိမ့်မည်။ယခင်က ရွာကို တည်ထောင်ကြသည့် ဘိုး
ဘေးများသည် ဤရွှေလူဝံ ကြီးနေထိုင်ရာ နယ်မြေသို့ ကျွံ၍ ၀င်သွားကြဖူးရာ များစွာ အသက်ဆုံးရှုံး
ခဲ့ကြရသည်။

ထို့ကြောင့် အဆင့်နှစ် မှော်သားရဲကို လုံချန်အမဲလိုက်မည်ဟု ပြောလာသည်တွင် သူတို့ပထမဆုံးစဉ်း
စားမိသည်မှာ ရွှေလူဝံကိုပင်ဖြစ်သည်။သို့သော် လုံချန်က အခြားမုဆိုးများ၏ အကူအညီပေးမှုကို
ငြင်းဆန်ခဲ့သည်။ရှောင်ဟွာ၏ အကူအညီကိုပင် လက်မခံခဲ့ချေ။သူကြီး ပေးလိုက်သည့် မြေပုံဖြင့် သူသည်
ဤ နေရာကို အလွယ်တစ်ကူ ရှာတွေ့ခဲ့ခြင်းဖြစ်၏။

ထင်ထားသလိုပင် သူ့နယ်မြေထဲ ၀င်လာသည့် လူစိမ်းတစ်ယောက်ကို လူဝံ က ချက်ချင်းသတိထားမိ
သွားသည်။ယင်း နယ်နိမိတ်ထဲသို့ လုံချန် ခြေစချသည်နှင့် လူဝံက သူ့ကိုတိုက်ခိုက်တော့သည်။

"ဂါး ဂရား" လူဝံကြီးက ဒေါသတကြီးဖြင့် သူ့ရင်ဘတ်ကို ဧရာမလက်သီးဆုပ်ကြီးများဖြင့် တစ်ဘုန်းဘုန်း
ထုနေသည်။ပြီးလျှင် လူဝံက လုံချန်ဘက်သို့ ဦးတည်၍ ပြေးဝင်လာ၏။

ရွှေလူဝံသည် အထူးသဖြင့်ခွန်အား အရာတွင် လွန်စွာသန်မာသည့် မှော်သားရဲအမျိုးအစားဖြစ်သည်။
သို့ရာတွင် ၀က်ဝံ နှင့်စာလျှင် အဆင့်နှစ်သားရဲဖြစ်သောကြောင့် ၎င်းက များစွာပို၍ ကြောက်မက်ဖွယ်
ကောင်း၏။၎င်း၏ ဧရာမ ကိုယ်ကြီးက တောင်ငယ်လေး တစ်လုံးစာခန့်ပင်ရှိသည်။ထို့ပြင် ၎င်း မှာလွန်
စွာမှာလည်း လျှင်မြန်သေးရာ လုံချန့်ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း၌ ဖြတ်ကနဲရောက်လာတော့၏။

လုံချန်လက်သီးဆုပ်လိုက်၏။ယင်းသို့လက်သီးဆုပ်လိုက် ချင်းချင်းမှာပင် သူသည် ရိပ်ကနဲပျောက်သွား
ကာ သူ့နောက်၌ လေများ ၀ဲကတော့ထိုး၍ ကျန်နေခဲ့သည်။ရွှေလူဝံ နှင့် သူတိုက်ခိုက်နေသည်မှာ တစ်
နာ ရီ တင်းတင်း ရှိချေပြီ။ရွှေလူဝံကား အဆင့်နှစ်မှော်သားရဲ ဖြစ်ထိုက်သည်။သူ့၏ တိုက်ခိုက်နိုင်စွမ်း
သည် လွန်စွာကြောက်မက်ဖွယ်ကောင်းလှ၏။

လုံချန်၏ တွက်ချက်မှုအရဆိုလျှင် အဆင့်တစ် မှော်သားရဲကို တစ်ချက်တည်းဖြင့် သူ သတ်နိုင်သည့်
တိုင်အောင် ရွှေလူဝံကိုကား သူမသတ်နိုင်ချေ။ရွှေလူဝံ၏ လက်သီးတစ်ချက်ကပင် တန်ပေါင်များ
စွာလေးသည့် တူကြီးနှင့် ထုချသကဲ့သို့ဖြစ်၏။အကယ်၍ လုံချန်သာ သွေးနှောအဆင့်သို့မရောက်ရှိ
သေးခဲ့သော်၊သူ့၏ သာမာန်ခွန်အား အားကိုးဖြင့် အနှီလူဝံကို တိုက်ခိုက်ခဲ့သော် မည်သို့မှ နိုင်မည်မဟုတ်
ချေ။

အချိန်အတော်ကြာအောင် လက်ရည်တူ တိုက်ခဲ့ပြီးနောက် အချိန်ထပ်မဖြုန်းတော့ရန် လုံချန်ဆုံး
ဖြတ်လိုက်၏။

"လေခွင်းလက်သီး" လေပွေများတိုက်ခိုက်လာကာ သူ့လက်သီးတွင် မှိန်ပျပျ အလင်းရောင်လေးတစ်ခု
ပေါ်လာ၏။သူ့လက်သီးက လူဝံကြီး၏ လက်မောင်းကို ပြင်းပြင်းထန်ထန် ထိသွား၏။အုန်း ဟူ၍ ခပ်အုပ်
အုပ် အသံ ထွက်လာကာ တောင်ငယ်လေးတစ်လုံးလောက်ရှိသည့် လူဝံကြီးသည် အတော်ဝေးဝေး သို့
ရောက်အောင်လွင့်သွား၏။သို့တိုင်အောင် အရှိန်မသေသေးသည်ဖြစ်ရာ သစ်ပင်ဆယ်ပင်ခန့်အား တိုက်
မိပြီးမှသာ ရပ်သွားသည်။

ထင်ထားသလိုပင် လေခွင်လက်သီးက ချီအဆင့်တွင် ရှိနေစဉ်က သူ အသုံးပြုခဲ့သည်ထက် များစွာ
ပို၍ ပြင်းထန်နေ၏။ထို့ပြင် သူ့၏ သန်မာမှုကား ဒုတိယအဆင့် မှော်သားရဲကို ပင် လွင့်သွားအောင်
လုပ်နိုင်စွမ်းရှိလာသည်။

လုံချန်ကိုယ်၌ကပင် သူ့ကိုယ်သူ ယခုလောက်သန်မာ လာလိမ့်မည်ဟုမထင်ထားခဲ့ပေ။ရွှေလူဝံကား
မတ်တပ်ပြန်ရပ်လိုက်ပြီး သူ့ကို ဒေါသတကြီးဖြင့်ကြည့်ကာ မာန်ဖီနေ၏။ဤနေရာသည် နှစ်ပေါင်းများ
စွာ သူတစ်ယောက်တည်း ဘုရင်လုပ်၍ နေခဲ့သည့်နေရာဖြစ်ရာ ဘာမှမဟုတ်သည့် သာမာန်လူသား
တစ်ယောက်က ရန်လာစခြင်းကို ရွှေလူဝံ မည်သို့မှ လက်မခံနိုင်ပေ။

ဝုန်း.....

လူဝံက မြေပြင်ကို လက်သီးဖြင့် တစ်ချက်ထုလိုက်လျှင် သူ့၏ အနက်ရောင်အမွှေးများမှာ ထောင်ထ
လာကြ၏။ကြောက်မက်ဖွယ်ရာ အော်ရာတစ်မျိုးသည် ထိုလူဝံထံမှလာနေသည်။ယင်းသို့ ရုတ်တရက်
ပြောင်းလည်းမှုကိုလုံချန် အံ့အားသင့်နေခဲ့သည်။ရွှေလူဝံထံတွင် ၀ှက်ဖဲများရှိနေလိမ့်မည်ဟု သူက
မထင်ထားမိပေ။

လူဝံက လက်သည်းများ ထုတ်၍ သူ့ထံပြေးဝင်လာပြီး ခုန်အုပ်လိုက်၏။သူ့ရင်တွေ ထိတ်ကနဲဖြစ်သွား
သည်။နည်းနည်းမှ သတိလွတ်၍ မဖြစ်ပေ။လေခွင်းလက်သီးဖြင့် လူဝံကို နောက်တစ်ကြိမ် ထိုးလိုက်ပြန်
သည်။သို့သော် ယခုတစ်ကြိမ်တွင် သူ့ခန္ဓာကိုယ်က တုန်ကနဲဖြစ်ကာ လွင့်ထွက်သွားတော့သည်။မီတာ
ခြောက်ဆယ်အကွာခန့်သို့ ရောက်မှသာ လုံချန်က သူ့ကိုယ်သူပြန်ထိမ်းနိုင်၏။

"အင်း ကျင်ကျီပြောင်းလည်းမှုအဆင့် သိုင်းသမားတစ်ယောက်နဲ့တိုက်ခိုက်နေရသလိုပါပဲလား
ထင်ထားသလိုပဲ မှော်သားရဲ ရဲ့ခန္ဓာကိုယ်က အတော်လေး ကြောက်စရာကောင်းတာပဲ"

ထုံကျင်သွားသည့် လက်တစ်ဖက်ကို လုံချန်က အသာယမ်းနေသည်။သွေးနှောအဆင့်သို့ မရောက်သေး
ပဲ ထို တိုက်ခိုက်မှုမျိုးကို ခံရလျှင် သူ့လက်မောင်း သွင်သွင်ကျိုးသွားမည်သာဖြစ်သည်။ယင်းတိုက်မှုသည်
ယင်အမတ်ကြီး၏ တိုက်ခိုက်မှုလောက်မပြင်းထန်သည်ဆိုသော်ငြား သိပ်မကွာလှပေ။ထို့ကြောင့် မှော်
သားရဲများဖြင့် အဆင့်တူသည့်တိုင်အောင် လူသားများသည် မှော်သားရဲများနှင့် ယှဉ်၍ မတိုက်ခိုက်နိုင်
ဟူ ပြောကြခြင်းဖြစ်သည်။

ဤရွှေလူဝံတွင် ၀ှက်ဖဲများရှိထားသည်မှာသေချာသည်။သူ့ကို အစောပိုင်းက တိုက်ခိုက်ခြင်းသည်
သူ့၏ အင်အားကို အကုန်သုံး၍ တိုက်ခိုက်ခြင်းဖြစ်သည်။လူဝံက ဒေါသတကြီး မာန်ဖီပြီး သူ့ထံပြေး
ဝင်လာပြန်၏။သို့သော် လုံချန်ဘာမှ မလုပ်နိုင်ခင် အလင်းတန်းတစ်ခုက ရွှီးကနဲ လေကိုဖြတ်၍
လူဝံ၏ ခေါင်းကို မှန်၏။

ထိုအလင်းတန်းသည် မြန်လှရာ လူဝံမှာ ရှောင်ချိန်မရလိုက်။သို့ရာတွင် အလင်းတန်းက လူဝံ၏ အရည်
ပြားကိုထိထိ ချင်းမှာပင် ပျောက်ကွယ်သွားသည်။လုံချန် အနည်းငယ် အံ့အားသင့်သွား၏။မည်သည့်
အချိန်တွင် မသိ ခပ်လှမ်းလှမ်းတစ်နေရာတွင် ပုန်းလျှက်ရှိသော နှင်းပွင့်လေးက သူ့ပါးစပ်ကိုဟထား
သည်။

"လေလွှာဓားလား" တတိယအဆင့် မှော်သားရဲများသည် အလင်းတန်းများပစ်လွှတ်တိုက်ခိုက်နိုင်
စွမ်းရှိသည်ဟု သူကြားဖူးထားရာ ထိုစကားက မှန်လေသည်။သို့သော် နှင်းပွင့်လေး ပစ်လွှတ်သည့်
အလင်းတန်းက အားပျော့လွန်းသေး၏။နှင်းပွင့်လေးကား ယခုမှ ကလေးအရွယ်သာရှိသေးသည်။
ပထမအဆင့် မှော်သားရဲပင် မဖြစ်သေးသော်ငြား သူသည် အဝေးပစ်တိုက်ခိုက်မှုများ လုပ်နေနိုင်
ပြီဖြစ်သည်။

သူ့တိုက်ခိုက်မှုက အရာမထင်သည်ကိုမြင်လျှင် နှင်းပွင့်လေးက နောက်တစ်ကြိမ်ထပ်တိုက်ခိုက်ရန်
လုပ်ပြန်သည်။သို့သော် နှင်းပွင့်လေးရုတ်တရက်လွင့်သွား၏။

"ပြဿနာမရှာစမ်းနဲ့" လုံချန်က နှင်းပွင့်လေးကို ခပ်ဝေးဝေးတစ်နေရာသို့ပစ်လိုက်ရသည်။နှင်းပွင့်လေး
ကား လုံချန် အန္တာရာယ်ကျရောက်နေသည်ကိုမြင်လျှင် ကူညီချင်သည်။သို့သော် နှင်းပွင့်လေးသည်
လူဝံကို ယှဉ်တိုက်ခိုက်နိုင်သေးသည်မဟုတ်ပေ။နှင်းပွင့်လေး တစ်ခုခုဖြစ်သွားမည်ကို လုံချန်က စိုးရိမ်
သည်။ထို့ကြောင့် ခပ်ဝေးဝေးသို့ပစ်လိုက်ရခြင်းပင်။

နောက်တစ်ကြိမ် ပြေးဝင်လာသည့် လူဝံကိုကြည့်ကာ အေးစက်စက်လေသံဖြင့် လုံချန် ကြုံးဝါး
လိုက်၏။

"ရွှေကွင်း"

ရုတ်ချည်း လုံချန်၏ ကျောဘက်တွင် တောက်ပနေသည့် အလင်းကွင်းလေးတစ်ခုပေါ်လာ၏။၎င်းက
မီတာသုံးရာခန့်ထိ ရောက်အောင်ကြီးလာ၏။သူ့တွင် မူလ၌ ရှိသော စွမ်းအင်စက်ကွင်းဆယ့်သုံးခုမှာ
မရှိတော့ ပဲ တစ်ခုတည်းအဖြစ်သို့ပေါင်းစပ်၍ ရွှေကွင်းလေးဖြစ်သွားသည်။၎င်း ရွှေကွင်း လေး အား
အဝေးမှ ကြည့်လျှင် သက်တံ့တစ်ခုကဲ့သို့မြင်ရမည်။

ရွှေကွင်းလေး ပေါ်လာလျှင် ကမ္ဘာမြေကြီးသည် အနည်းငယ်မျှလှုပ်၍သွားသည်။ချီဓာတ် များကား
မိုင်ပေါင်းများစွာမှ သူထံသို့ တစ်ရှိန်ထိုးလာနေကြသည်။ယင်းသို့ စွမ်းအင်စက်ကွင်းဆယ့်သုံးခု တစ်ခု
တည်းအဖြစ်သို့ပေါင်းစပ်သွားခြင်းက ယခင်ဖုန်ဖူကြယ်၏ အစွမ်းဖြင့် တိုက်ခိုက်စဉ်ကထက် များစွာ
ပြင်းထန် ကြောက်မက်ဖွယ်ကောင်းသည်။

ထိုအချိန်တွင် လူဝံက သူ့ရှေ့ကို ရောက်နေချေပြီ။ဘာမှ မစဉ်းစားတော့ပဲ လူဝံကို သူက လက်သီးဖြင့်
ထိုးလိုက်၏။ ၀ုန်း ကနဲ အသံကြီးမြည်ဟည်း၍ ကြောက်မက်ဖွယ်ရာ ချီလှိုင်းကြီးပြင်းစွာရိုက်ခတ်သွား
၏။လုံချန်၏ အနက်ရောင်ဆံပင်ရှည်ကြီးနှင့် ၀တ်ရုံသည် လေထဲတွင် တစ်လူလူလွင့်လျှက်ရှိသည်။
လူဝံ၏ ကြောက်မက်ဖွယ်ရာတိုက်ခိုက်မှုကို သူ တားလိုက်နိုင်သည်။တစ်ချိန်းတည်းတွင် ခွန်အားများ
ရုတ်တရက်တိုးပွားလာသလို သူ ခံစားရသည်။

ရွှေကွင်း ကို သူလျှော့တွက်ခဲ့မိပုံပင်။ရွှေကွင်းကား စွမ်းအင်စက်ကွင်းဆယ့်သုံးခု ပေါင်ထားသည့်အစွမ်း
နှင့်ညီ၏။ယင်း၏ အစွမ်းကား ပြင်းထန်လွန်းရာ သူ့မျက်စိဖြင့်ပင် မယုံနိုင်အောင်ဖြစ်မိ၏။
ကြယ်ကိုးလုံး သိုင်းပညာကို သူက သိပ်နားမလည်းသေးချေ။ဤသိုင်းပညာသည် လေ့လာလေ လေ့လာ
လေ အသစ်အဆန်းများကို ရှာတွေ့လေဖြစ်နေသည်။

လုံချန်က အော်ဟစ်ကြိမ်းဝါး၍ လူဝံကိုဓားဖြင့်ပိုင်းချ၏။ဓားသည် အလင်းတန်းများထုတ်လွှတ်ကာ
လူဝံထံသို့ပြေးဝင်သွားသည်။လူဝံသွေးများက လေထဲသို့ ဖြာကနဲထွက်လာသည်။

လူဝံကား နှစ်ပိုင်းပြတ်သွားချေပြီ။

"မြေကမ္ဘာအမျိုးအစား သိုင်းကျင့်စဉ်ဟာ အတော်ကြောက်စရာကောင်းတာပဲ"

ကြောက်စရာကောင်းသည့် ရွှေလူဝံပင် သူ့၏ လေခွင်းဓားချက်အောက်တွင် နှစ်ပိုင်းပြတ်သွား၏။
သူသည် ထိုသိုင်းပညာကို လျှော့တွက်မိဟန်တူသည်။တစ်ကယ်တမ်းတွင် မြေကမ္ဘာအမျိုးအစားသိုင်း
ကျမ်းတိုင်းက အကွာအဝေးတစ်ခုမှ နေ၍ တိုက်ခိုက်နိုင်သည်မျိုးမဟုတ် ဆိုသည်ကို လုံချန်သတိထား
မိဟန်မတူချေ။သိုင်းပညာ အများစုမှာ ဓားအသွင်းသို့ ချီဓာတ်သွင်း၍ တိုက်ခိုက်ရခြင်းမျိုးသာဖြစ်သည်။

အကွာအဝေးတစ်ခုမှ တိုက်ခိုက်သည်ဆိုရာတွင်မူ ခန္ဓာကိုယ်အတွင်းမှ ၎င်း နှင့်သက်ဆိုင်သည့် အထူး
စွမ်းအားတစ်ရပ်ကို ဓားဖြင့်ပေါင်းစပ်တိုက်ခိုက်ရ၏။ဤသို့ သိုင်းပညာမျိုးကား များစွာရှားလေသည်။
ထို့အပြင် ယင်းသိုင်းပညာကို အသုံးပြုသူသိုင်းသမား အဖို့ လေဓာတ်ရစေရန် သီးသန့်ပြန်ကျင့်ယူရသည်။

ထိုကဲ့သို့ သိုင်းပညာမျိုးက ရှားပါးသည်မှန်သော်လည်း ချို့ယွင်းချက်များရှိ၏။အဓိက အချက်မှာ အသုံးပြု
မည့် သိုင်းသမားတွင် လေဓာတ်မရှိလျှင် အသုံးပြု၍ မရချေ။လုံချန်ကမူ သိုင်းလောကတွင် လက်သစ်
တစ်ဦးသာဖြစ်ရာ လေဓာတ်အကြောင်းအားလည်းမသိချေ။သူက မတော်တဆစမ်းသပ်ရင်းဖြင့်
အသုံးပြုမိရာ အဘယ့်ကြောင့် အသုံးပြုနိုင်နေသည်ကိုလည်း သူ့ကိုယ်သူမသိပေ။

အကယ်၍ ထိုအဖြစ်ကိုသာ ရှချန်ဖုန်းသိလျှင် ဒေါသထွက်လွန်းသဖြင့် နောက်တစ်ကြိမ်ပြန်သေသွား
မလာပင် မပြောတတ်ပေ။

"အူဝု..."

လူဝံထံသို့ ပြေးသွားသည့် နှင်းပွင့်လေးကြောင့် သူ့အတွေးစများပြတ်တောက်သွားသည်။နှင်းပွင့်လေးကို
သူ အတော်အံ့သြရသည်။နှင်းပွင့်လေးမှာ လူဝံ အသားများကို အငမ်းမရကိုက်ဖဲ့နေသည်။
လူဝံအသား သည် အလွန်မာသည်။သို့တိုင်အောင် နှင်းပွင့်လေးက ကိုက်ဖဲ့နိုင်စွမ်းရှိနေသည်။
သို့သော်မြိုချသည့်နေရာတွင် အခက်အခဲရှိသည်။

လူကြမ်းလေး က အမဲလိုက်ပြီးသည်နှင့် နှင်းပွင့်လေးကို အသားများကျွေးလေ့ရှိရာ နှင်းပွင့်လေးက
အကျင့်ဖြစ်နေခြင်းဖြစ်သည်။သူက နှင်းပွင့်လေးကို အသားများဖြတ်၍ ကျွေးသော်လည်း နှင်းပွင့်လေး
က လူဝံ၏ ကြွက်သားများကိုသာ ကိုက်ဖဲ့စားသောက်နေ၏။လုံချန် ဘာမှ မတတ်နိုင်တော့ပဲထိုအပိုင်း
ကို ဖြတ်၍ ကျွေးလိုက်ရသည်။

ဤ၀က်ဝံက တောစောင့်နတ်မင်းကို ပေးရန်ဖြစ်သည်။သို့သော် သူမမှာ မိန်းမသားတစ်ဦးသားဖြစ်ရာ
ထိုမျှ မာကျောသော လူဝံ၏ အသားနှင့်မသင့်တော်ဟု လုံချန် ယူဆသည်။နှင်းပွင့်လေးကား မိုင်ပေါင်း
များစွာမှ သူ့ထံလိုက်လာသည်ဖြစ်ရာ အတော်စာနေပေရော့မည်။

နှင်းပွင့်လေး ဗိုက်ကားအောင်စားပြီးသည်နှင့် လုံချန်က လူဝံအသေကောင်ကို ကြိုးဖြင့်ချည်သည်။
ထိုလူဝံကို ကြိုးချည်ကာ ဆွဲသွားရမည်။အကြောင်းမှာ လူဝံသည် ကြီးလွန်းသည်ဖြစ်ရာ သိုလှောင်
လက်စွပ်ထဲသို့ ထည့်၍ မရပေ။နောက်တစ်ချက်မှာ သွေးညှီနံ့များ ထွက်စေရန်လည်းဖြစ်သည်။
ထိုသို့ဖြင့် သူသည် တောနက်ထဲသို့ ရှေ့ဆက်ဝင်ခဲ့လေသည်။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Where stories live. Discover now