Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၀၀)အမှိုက်ကစ ပြဿာဒ်မီးလောင်"မင်းကကော ဘယ်သူလည်း"
ယင်အမတ်ကြီး ဒေါသထောင်းကနဲထွက်သွား၏။လုံရှင်းရှောင်က သူ့ကိုမမှတ်မိသလိုလုပ်နေသည်။ဒါ
သည် သူ့ကို အကြီးအကျယ်အရှက်ရစေခြင်းဖြစ်၏။သူသည် လုံရှင်းရှောင်နှင့် တိုက်ခိုက်ခဲ့သည့်
တစ်လျှောက်သူသာ ရှုံးနိမ့်ခဲ့ရုံမက နောက်ဆုံးအကြိမ်တွင် သူ့၏ လက်ညှိုးတစ်ချောင်းသည် လုံရှင်းရှောင်
၏ ဓားဖျားတွင်ပါသွားခဲ့သည်။ယင်းအချိန်မှစကာ ယင်အမတ်ကြီး စိတ်ဒဏ်ရာရခဲ့သည်။ဤအချိန်တွင် ယင်အမတ်ကြီးသည် အရိုးမူလပြန်ဆေးကြောင့် သူ့၏ လက်ညှိုးက မူလအတိုင်းပြန်ကောင်း
လာပြီဖြစ်ရာ ကျင်ကျီပြောင်းလည်းမှုအဆင့်သည့် ပြီးပြည့်စုံသွားပြီ၍ အဆင့်ခြောက်မှ နှောင်းပိုင်းအဆင့်
သို့တက်လှမ်းနိုင်သွားပြီဖြစ်သည်။အဆင့်တက်မှုသည် ကြားတွင်တစ်ဆင့်သာကွာသည် ဟုဆိုသော်လည်း
အထင်သေး၍မရ။တစ်ဆင့်ကွာလျှင် သိုင်းပညာအစွမ်းက မိုးနှင့်မြေလောက်ကွာသွားသည်။ယခုအချိန်တွင် သူ့၏ သိုင်းပညာအဆင့်သည် ကျင်ကျီ နှောင်းပိုင်းအဆင့်သို့ ၀င်ရောက်ပြီဖြစ်ရာ သူက
လုံရှင်းရှောင်ကို စိန်ခေါ်တိုက်ခိုက်ရန်အတွက် မိမိကိုကိုယ်ယုံကြည်မှုအပြည့်ဖြစ်နေခြင်းဖြစ်သည်။သို့သော်
လုံရှင်းရှောင်ကို စိန်မခေါ်ခင် လုံချန်ကို သတ်ရန်အတွက် သူအမိန့်ရခဲ့သည်။ရလာဒ်အားဖြင့် လုံချန်၏
လက်ချက်ဖြင့် သေပြေးရှင်ပြေူး ပြေးလာရ၏။ယင်းအမတ်ကြီး မိမိကိုယ်ကို ယုံကြည်ချက်များစွာပျက်
သွားရခြင်းမှာ ယင်းတစ်ချက်ကြောင့်လည်းပါသည်။ယခုကဲ့သို့ လုံရှင်းရှောင်က သရော်သည့်ဟန်ဖြင့် ပြောလာသည့်အခါတွင်မူ သူ့ ဒေါသက ထိန်းမရဖြစ်
သွားသည်။သူသည် ဒေါသတကြီး ကြုံးဝါး၍ လုံရှင်းရှောင်ထံ ပြေးဝင်သွား၏။၎င်းတို့နှစ်ယောက်ကြား အကွာ
အဝေးမှာ မီတာသုံးရာခန့်ကွာသော်လည်း ခြေလှမ်းသုံးလှမ်းတည်းဖြင့် လုံရှင်းရှောင် ရှေ့သို့ ယင်အမတ်
ကြီး ရောက်သွားသည်။
VOCÊ ESTÁ LENDO
Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)
Fantasiaသူဟာဆေးနတ်ဘုရားတစ်ပါးအဖြစ်ပြန်လည်မွေးဖွားလာခြင်းပေလား။သို့မဟုတ် ဆေးနတ်ဘုရားရဲ့ ၀ိညာဉ်တော် နှင့် သူ့ဝိညာဉ် ပေါင်းစပ်သွားခြင်းပေ လော။သိုင်းကျင့်လို့မရ အောင် ခန္ဓာကိုယ်ကို အဖျက် ဆီးခံလိုက်ရတဲ့ လုံချန်ဆိုတဲ့ အနိုင်ကျင့်ခံ လူရွယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပ...