ကန့်လန့်ကာ၏ နောက်ကွယ်

256 29 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၂၈)

သူမရဲ့ဖော့ဖယောင်းလိုသွယ်လျှတဲ့လက်လေးတွေကိုလုံချန်ကိုင်လိုက်တယ်ဆိုရင်ပဲချူယောင်ရဲ့လှပတဲ့
ခန္ဓာကိုယ်လေးတုန်ကနဲဖြစ်သွားပြီး ပါးလေးနှစ်ဖက်ရဲတက်လာတယ်။သူမမျက်ဝန်းလေးတွေထဲမှာ
စိုးရွံ့ဟန်လေးတွေရှိနေပေမယ့် လက်ကိုတော့ပြန်မရုန်းပါဘူး။လုံချန်ကိုသူမအသာလေးခိုးကြည့်လိုက်
တော့ လုံချန်တစ်ခုခုကိုတွေးရခက်နေတယ်ဆိုတာသူမနားလည်လိုက်ပါတယ်။

ချူယောင်မျက်နှာလေးစီကို လုံချန်အကြည့်ကအမှတ်တမဲ့ရောက်သွားတော့ သူလက်ရှိလုပ်နေတာတွေ
ကိုမေ့သွားတယ်။သူမမျက်လုံးလေးတွေကကျောက်စိမ်းတုံးလေးတွေလိုတစ်လက်လက်တောက်ပနေတယ်။
ဒီအလှကိုမငေးကြည့်ပဲနေနိုင်တဲ့ယောကျာင်္းသားရယ်လို့ရှိမယ်မထင်ပါဘူး။

"အဟမ်း" သူမကို လုံချန် စူးစူးရဲရဲ စိုက်ကြည့်နေတော့ ချူယောင်မျက်နှာလေးပိုနီလာတယ်။ဒါပေမယ့်
သူမရဲ့လှပတဲ့မျက်ဝန်းလေးတွေထဲမှာအပျော်ရိပ်တွေကလည်းအထင်းသားပါ။ချောင်းလေးတစ်ချက်ဟန့်
ပြီးချူယောင်ခေါင်းငုံ့ချလိုက်တယ်။လုံချန်ကိုသူမထပ်မကြည့်ရဲတော့ပါဘူး။သူ့ရဲ့လက်ကလာတဲ့နူးညံ့မှု
တစ်မျိုးဟာသူမရင်ကိုနွေးထွေးစေပါတယ်။

လုံချန်အသက်ပြင်းပြင်းတစ်ချက်ရှုရင်းစိတ်ငြိမ်အောင်ထိန်းလိုက်တယ်။လုံချန်ကိုပိုက်ကွန်နဲ့ဖမ်းလာတုန်း
ကလိုမျိုးမဟုတ်တော့ပဲချူယောင်အလွန်နူးညံ့လှပနေပါတယ်။မြင်းရိုင်းတစ်ကောင်လိုကဆုန်ပေါက်တရ
ကြမ်းခုန်ပေါက်နေတဲ့ သူ့နှလုံးခုန်သံတွေကို လုံချန်အသာထိန်းရင်း သူ့စွမ်းအင်တွေကို ချူယောင်ရဲ့လက်
ဝါးကနေတစ်ဆင့်သူမရဲ့ ချီစီးဆင်းရာလမ်းကြောင်းတွေထဲထိုးသွင်းလိုက်တယ်။

လုံချန်ရဲ့အာရုံခံနိုင်စွမ်းနဲ့ဆိုရင် သူ့ အနေ နဲ့ ချူယောင်ကိုကိုင်တွယ်ဖို့တောင်မလိုပဲစမ်းသပ်လို့ရပါတယ်။
ဒါပေမယ့်အဲ့ဒီလိုလုပ်ဖို့ကလည်း ချူယောင်ကို ၀စ်လစ်စလစ်နဲ့ စမ်းသပ်မှသာဖြစ်နိုင်ပါလိမ့်မယ်။အဲ့ဒိလို
လုပ်လို့ သူ့ကို ချူယောင် နောက်တစ်ခါ ပိုက်ကွန်နဲ့ထပ်ဖမ်းသွားမှာကိုလည်းကြောက်ရသေးတယ်။
ချုယောင်ရဲ့ဒန်တမ်ထဲကိုသူ့ရဲ့စိတ်စွမ်းအင်တွေတစ်ဖြေးဖြေးနဲ့စီးဝင်နေတယ်။ဒါပေမယ့်သူမရဲ့ဒန်တမ်
ထဲမှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် လုံချန် မျက်နှာအကြီးအကျယ်ပျက်သွားတယ်။

Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)Nơi câu chuyện tồn tại. Hãy khám phá bây giờ