Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၀၂)အံ့အားသင့်ကြခြင်းလုံရှင်းရှောင်က သူ့ဓားကို ရုတ်တရက်အရှိန်တင်ပြီး ကျင်ကျီသိုင်းသမားသုံးယောက်ကို ပိုင်းချလိုက်သည်။
ထို့နောက် သူသည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ လုံချန်ကို ကျေးဇူးတင်သည့်အကြည့်
ဖြင့်ကြည့်၏။"ကောင်းလိုက်တာ ငါထင်ထားတဲ့အတိုင်းပဲ ဒါမှ လုံရှင်းရှောင်ရဲ့သား..."
လုံရှင်းရှောင်က အစမှ အဆုံးထိ သူ့သားလုပ်ရပ်များကို အကဲခတ်ပြီးဖြစ်လေသည်။သူ့နောက်ကို အမြဲ
တစ်ကောက်ကောက် လိုက်လေ့ရှိသည့် သူ့သားလေးသည် အရွယ်ရောက်လာပြီဖြစ်သည်။ရှေ့တန်း စစ်
မြေပြင်သို့ သူထွက်သွားသည့်အချိန်တွင် လုံချန်ဆိုသည်မှာ ငိုရန်သာ သိသည့်ကလေးတစ်ယောက်အဖြစ်
သာရှိသေး၏။ယခုတော့ မျက်စိတစ်မှိတ်အတွင်း အရွယ်ရောက်လာချေပြီ။လုံချန်၏ ဘေးနားတွင် နှစ်ပေါင်းများစွာ
မရှိနေနိုင်ခဲ့ခြင်းအတွက် သူ နောင်တရသည်။သူမရှိသည့် နှစ်ပေါင်းများစွာအတွင် လုံချန် မည်မျှခါး
သီးစွာခံစားရခဲ့ လိမ့်မည်နည်း။ထို့ကြောင့်သာ ဤကဲ့သို့ လျှင်မြန်စွာ ရင့်ကျက်လာခြင်းဖြစ်ချိမ့်မည်။
လုံချန် ရောက်လာသည်ကိုမြင်လျှင် ယင်အမတ်ကြီးနှင့် ၀ူအမတ်ကြီးတို့က တိုက်ခိုက်နေရာမှ ရပ်လိုက်
ကြ၏။အထူးသဖြင့် ယင် အမတ်ကြီး ကား မျက်နှာပျက်လှချေပြီ။နောက်ဆုံးအကြိမ်တုန်းကဆိုလျှင် လုံချန်
လက်မှ သေပြေးရှင်ပြေး ပင် ပြေးခဲ့ရသည်။လုံချန်ကို ယခုလို ကျန်းကျန်းမာမာ နှင့် မြင်ရသည့်အခါ
တွင်မူ သူ နောင်တသိပ်ရမိပါသည်။"လုံချန် နောက်ဆုံးအကြိမ်တုန်းက မင်းကံကောင်းသွားတာ ဒီတစ်ကြိမ် ပြေးလို့လွတ်မယ်ထင်
နေလား""ထွက်ပြေးမယ်ဟုတ်လား...ဒါပေမယ့် နောက်ဆုံးအကြိမ်တုန်းကထွက်ပြေးသွားတာ ကျုပ်မဟုတ်
ဘူးနဲ့တူတယ်" လုံချန် ဟက်ဟက်ပက်ပက်ရယ်လေသည်။ဒေါသထွက်လွန်းသဖြင့် ယင်အမတ်ကြီး
မျက်နှာမှာ နီရဲတွတ်နေ၏။လုံချန်၏ စကားသည် သူ့အား လူလယ်ကောင်တွင် ပါးပိတ်ရိုက်လိုက်သည်
နှင့် အခြားချေ။
DU LIEST GERADE
Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)
Fantasyသူဟာဆေးနတ်ဘုရားတစ်ပါးအဖြစ်ပြန်လည်မွေးဖွားလာခြင်းပေလား။သို့မဟုတ် ဆေးနတ်ဘုရားရဲ့ ၀ိညာဉ်တော် နှင့် သူ့ဝိညာဉ် ပေါင်းစပ်သွားခြင်းပေ လော။သိုင်းကျင့်လို့မရ အောင် ခန္ဓာကိုယ်ကို အဖျက် ဆီးခံလိုက်ရတဲ့ လုံချန်ဆိုတဲ့ အနိုင်ကျင့်ခံ လူရွယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပ...