Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၀၁)အထင်သေးအမြင်သေး"လုံချန်"
လူငယ်ကိုမြင်လျှင် လူတိုင်း ပြင်းပြစွာ
စိတ်လှုပ်ရှားမိကြသည်။တစ်ကယ့်အရေးကြီးသည့်
အချိန်မှ အချိန်
ကိုက်ဆိုသလို လုံချန် ပြန်ရောက်လာ၏။မူလတွင်
ချုယောင်သည် မျက်လုံးများမှိတ်ကာ သူမ
သေမည့်
အချိန်ကိုစောင့်နေပြီဖြစ်သည်။သို့သော်
မျက်လုံးဖွင့်လိုက်သည့်အခါတွင် မမြင်ရကြာပြီ
ဖြစ်သည့် လူ
တစ်ယောက်ကို မြင်သည်နှင့် မျက်ရည်များ
အတားအဆီးမဲ့ ကျလာလေသည်။"အကို တောင်းပန်ပါတယ် နောက်ကျသွားတယ်"
လုံချန်က သူမ ကျောပြင်လေးကို
ကြင်နာစွာပွေ့ဖက်
ထားလိုက်သည်။
"မစိုးရိမ်နဲ့ ဒီကိစ္စ တွေကို အကို
အကုန်ကိုင်တွယ်နိုင်တယ်"
ရုတ်ချည်း ဒေါသတကြီးဖြင့် အော်ဟစ်ကြုံးဝါးသည့်
အသံတစ်သံထွက်လာသည်။လုံမိသားစုကို
ဝိုင်းရံပိတ်
ဆို့ထားသည့် ရဲမက်များထံမှ
ကြောက်လန့်တစ်ကြား
အသံများထွက်လာလေသည်။မည်သို့ဖြစ်မှန်းမသိ။
၎င်းတို့ရှေ့တွင် နှင်းကဲ့သို့ စွတ်စွတ်ဖြူသော
ဝံပုလွေသည်
ပါးစပ်ဟလိုက်သည်နှင့် ပါးစပ်ထဲမှာ လခြမ်းပုံစံ
လေဓား တစ်ချောင်းထွက်လာ၏။
ဝံပုလွေ၏ ပါးစပ်မှထွက်ကာစတွင် လေဓားသည်
အရွယ်သိပ်မကြီးလှသော်လည်း လေထဲသို့ရောက်
သည်နှင့် မူလထက် အဆပေါင်းများစွာကြီးလာကာ
ရှေ့မှ ရဲမက်များကို ရက်ရက်စက်စက်ဖြတ်ချ
သွားလေသည်။အဆိုပါ
လေဓားသွားရာလမ်းတစ်လျှောက်၌ ရှိသည့်
ရဲမက်များကား ကောက်ပင်အား
အောက်ခြေမှ တံစဉ်ဖြင့် ရိတ်လှီးသကဲ့သို့
အပိုင်းပိုင်းပြတ်ကုန်လေသည်။နေရာအနှံ့
သွေးများဖြင့် ချင်း
ချင်းနီကုန်သည်။
"ကောင်းတယ် နှင်းပွင့်လေး ဒီကောင်တွေကို
သတ်ပစ်စမ်း" လုံချန်က
အော်ပြောသည်။လုံအိမ်တော်
ကို ထိခိုက်မှု တစ်စုံတစ်ရာဖြစ်အောင်
လုပ်မည့်သူများကို သူ မည်သို့မှ
ခွင့်လွတ်မည်မဟုတ်ပေ။
အကယ်၍ သူသာ ခြေတစ်လှမ်းနောက်ကျခဲ့လျှင်
သူအမေကော ချူယောင်ကော သေပြီဖြစ်သည်။
ဤအရာသည်
သူ့အတွက်အကြောက်ဆုံးဖြစ်လေရာ ရဲမက်များကို
တိုက်ခိုက်သည့်နေရာတွင် သူ့၌
ကြင်နာမှု နည်းနည်းပင် မရှိတော့ပါချေ။
"ဝေါင်း"နှင်းပွင့်လေးက လေဓားဖြင့်
ထပ်ပစ်ပြန်သည်။သူတို့ရှေ့တွင် ၀ိုင်းထားသည့်
ရဲမက်များမှာ
ချက်ချင်းအတုံးအရုံးဖြစ်ကုန်ပြီး ထိုနေရာက
ကွက်လပ်ကြီးတစ်ခုဖြစ်သွားလေသည်။ထိုမျှကြော
က်မက်
ဖွယ်ကောင်းသည့် မှော်သားရဲ တစ်ကောင်ကို
မြင်လျှင် ကျန်ရဲမက်များမှာ
ရှေ့သို့မတက်ဝံ့ကြတော့ပဲ
တစ်ချိုးတည်း ပြန်ဆုတ်ပြေးကုန်ကြတော့၏။
နှင်းပွင့်လေးကြောင့်
သူတို့အပေါ်သက်ရောက်နေသည့်ဖိအား
အတော်သက်သာသွားသည်ဟုဆိုရမည်။
လုံရှင်းရှောင်နှင့်ပါလာသည့်
ကျင်ကျီသိုင်းသမားနှစ်ယောက်သည်
ရှီဖန်နှင့်အတူ ပူးပေါင်း၍ ရဲမက်များ
ကိုခုခံနေကြသည်။
"အမေ ကျုပ်ကြောင့်အမေ ခံစားနေရပြီ"
လုံအမျိုးသမီး၏ ဖြူဖျော့ဖျော့မျက်နှာကို ကြည့်ကာ
လုံချန်
စိတ်မကောင်းဖြစ်နေသည်။
"ငတုံးလေး အမေ တစ်ယောက်တည်း
ခံစားခဲ့ရတာမှမဟုတ်တာ
သားလည်းနာကျင်ခံစားခဲ့ရတာပဲ"
လုံချန် မည်သည့်အရာများတွေ့ကြုံလာခဲ့သည်ကို
သူမ မသိသော်လည်း ပင်ပန်းနွမ်းနယ်နေသည့်
သူ့၏ မျက်နှာကို ကြည့်လျှင် တစ်ခုခု
ကြီးကြီးကျယ်ကျယ် ဖြစ်လာခဲ့မှန်း
မှန်းလို့ရနေ၏။လုံချန် တစ်ခုခု
ပြန်ပြောတော့မည့် အချိန်တွင် ရုတ်ချည်း
မျက်နှာပျက်သွားကာ လူကြမ်းလေးထံသို့
တစ်ရှိန်ထိုးပြေး
လေသည်။
ယခုအချိန်တွင် လူကြမ်းလေးမျက်နှာသည်
အ၀ါရောင်သို့ပြောင်းနေပြီဖြစ်သည်။သူ့၏
မျက်လုံးများ
က ရီဝေမှုန်မှိုင်းလျှက်ရှိသလို သူ့၏
အရောင်အ၀ါကလည်း
လွန်စွာမှိန်လာနေပြီဖြစ်၏။သူ၏ အသက်
သည်ကား နောက်ဆုံးအကြိမ် ထ၍ တောက်သော
ဖယောင်းတိုင် တစ်တိုင်နှင့် တူလာသည်။မည်သို့
ဆိုစေ၊မည်မျှပင် သန်မာသူ ဖြစ်စေကာမူ
အရိုးဆွေး အပ်များ၏ ဒဏ်ကို
တာရှည်တောင့်ခံထားနိုင်
ရန်မဖြစ်နိုင်ချေ။
လုံချန်၏ အသံကိုကြားသည့်အခါတွင်
သေအံ့မူးမူးဖြစ်နေသည့် လူကြမ်းလေးသည်
မျက်လုံးများကို
ခပ်ဖြေးဖြေးဖွင့်လေသည်။
"အကိုလုံ ကျုပ်ဟာ တုံးလွန်းပြီး
အသုံးမ၀င်သူတစ်ယောက်ပါ တောင်းပန်ပါတယ်
အကို ပေးလိုက်
တဲ့တာဝန်ကို ကျုပ် ကျေပွန်အောင် မလုပ်နိုင်ခဲ့ပဲ
အမေ့ကို နာကျင်စေခဲ့တယ်"
"မဟုတ်ဘူး လူကြမ်းလေး
မင်းလုပ်ခဲ့တာသိပ်ကောင်းပါတယ်
အခုဒီကိစ္စတွေကို ငါ ကိုင်တွယ်တော့မယ်"
လုံချန်က သူ့စကားကို
ဖြတ်ပြောသည်။လူကြမ်းလေးကား နောက်ဆုံး
အသက်ကိုရှုနေရပြီဖြစ်၏။လုံချန်
၏ ရင်ထဲတွင် လူသတ်ချင်စိတ်များ
အပြင်းအထန်ဖြစ်လာသည်။ဤ
အရိုးဆွေးအပ်များသည် မည်မျှ
နာကျင်မှန်း ဆေးပညာရှင်ဖြစ်သော သူက
ကောင်းကောင်းသိလေသည်။
"အကိုလုံ ကျုပ်မနေရတော့ဘူးထင်တယ်"
လူကြမ်းလေးက လိပ်ပြာမလုံသလိုဖြစ်နေ၏။
"ပေါက်ကရတွေ ကျုပ်ရှိရင် မင်းမသေစေရဘူး
နောင်အနာဂါတ်မှာ မင်းနဲ့ငါနဲ့
လက်တွဲပြီးတိုက်ခိုက်ရ
မှာတွေရှိသေးတယ်"
သိုလှောင်လက်စွပ်ထဲမှ ပုလဲလုံးလေးတစ်လုံးကို
လုံချန် ထုတ်ယူသည်။ယင်းအရာသည် စိတ်ဝိညာဉ်
လောက သို့ထွက်ခွာကာနီးတွင်
တောစောင့်နတ်မင်းက သူ့ကိုပေးခဲ့သည့်
အရာဖြစ်သည်။ထိုပုလဲလုံး
ထဲ၌ လွန်မင်းစွာ အစွမ်းထက်သော
အသက်ဓာတ်သည် တည်ရှိနေ၏။ပုလဲလုံးလေးကို
လက်မ၊လက်ညှိုး
ဖြင့် အသာအယာဖိချေလျှင် အထဲမှ
အရည်စက်လေးတစ်စက်က လူကြမ်းလေး၏
ပါးစပ်ထဲသို့ ၀င်သွား
သည်။
ထိုအရည်စက်လေးသည်
လူကြမ်းလေးခန္ဓာကိုယ်ထဲသို့ ရောက်သည်နှင့်
သေအံ့မူးမူးဖြစ်နေသည့်လူ
ကြမ်းလေးမှာ တစ်ဖြည်းဖြည်း
အားပြန်ပြည့်လာလေသည်။
"နာတာကို တောင့်ခံထား ဒီအပ်တွေကို
ငါဆွဲနုတ်လိုက်မယ်" ဆေးအစွမ်းပြသည်နှင့်
လုံချန်က သူ့၏
ချီဓာတ်ကို သွင်းကာ ဒါဇင်နှင့်ချီသောအပ်များကို
တစ်ချောင်းချင်း ဂရုတစ်စိုက် နုတ်နေ၏။လူကြမ်း
လေးကား နာကျင်စွာ ညည်းညူရင်း
သတိပြန်မေ့သွားပြန်၏။လူကြမ်းလေး
ခန္ဓာကိုယ်ကို ခပ်မြန်မြန်
စစ်ဆေးကြည့်ရာတွင် သူ့၏ ခန္ဓာကိုယ်သည်
အလိုလိုကာကွယ်ပေးသည့်
အခြေအနေသို့ရောက်သွား
ကြောင်း လုံချန်သိရသည်။
တောစောင့်နတ်၏ ဆေးကြောင့် လူကြမ်းလေး
အသက်အန္တာရာယ်မစိုးရိမ်ရ တော့သော်လည်း
လော
လောဆယ် တိုက်ခိုက်နိုင်ဦးမည် မဟုတ်ပေ။ဘိုအာ
နှင့် အခြားသူများအား လူကြမ်းလေးကို
စောင့်ရှောက်
ထားရန် ပြောပြီး ပတ်ဝန်းကျင်ကို လုံချန်
တစ်ချက်ကြည့်လိုက်၏။နှင်းပွင့်လေး၏
ပါဝင်တိုက်ခိုက်မှု
ကြောင့် ဒီလှိုင်းများပမာ တစ်လိမ့်လိမ့်
တက်လာသော ရဲမက်များသည် သူတို့၏ ခံစစ်
ဧရိယာကို
တိုးမပေါက်ဖြစ်နေသည်။
လုံချန် ရောက်ရှိလာခြင်းသည် ရှီဖန်နှင့်
အခြားသူများ အပေါ် အကျိုးသက်ရောက်မှု
ကြီးကြီးမားမား
ဖြစ်သွားစေပါ၏။ရှီဖန်နှင့် အခြားသူများမှာ
အားပိုရှိလာသလို ခံစားရကာ ယခင်ကထက်
ပြင်းပြင်းထန်
ထန်တိုက်ခိုက်လာ နိုင်ကြလေသည်။
ထိုအချိန်မှသာ လုံချန်လည်း စစ်မြေပြင်ကို
ကောင်းကောင်းအကဲ ခတ်ခွင့်ရလေရာ သူ
နှင့်မိုင်အတော်
များများအကွာတွင် အလွန်စူးရှသော
မီးတောက်ကြီးများတောက်လောင်နေသည်ကို
တွေ့ရလေသည်။
ယင်း မီးတောက်များမှာ
ဆရာကြီးယွမ်ချီ၊ဝေချိုင်နှင့် ၀မ်လုရန်တို့တိုက်
ခိုက်နေကြခြင်းဖြစ်သည်။
အခြား တစ်နေရာတွင် မူ များစွာအရပ်ရှည်၍
တုတ်တုတ်ခိုင်ခိုင် ရှိသော
လူကြီးတစ်ယောက်သည် ဓား
ကောက်ကြီးတစ်လက်ကို ကိုင်ကာ
ကျင်ကျီသိုင်းသမားသုံးယောက်ကို
တစ်ယောက်တည်း ခုခံလျှက်
ရှိ၏။
ထိုလူကြီးကို မြင်သည့်အခါတွင် သူ့ရင်ထဲ၌
နွေးထွေးမှုကို ခံစားရသည်။ဤလူကြီးသည်
နှစ်ပေါင်း
များစွာ ကြာအောင် သူမတွေ့ခဲ့ရသည့်
သူ့အဖေပင်။သို့သော် သူကား ဤလူကြီးကို
လုံးဝမှတ်မိသည်။
လုံချန် ပြုံးလိုက်ပါသည်။သူသည် မြေကြီးပေါ်သို့
လက်တစ်ချက်ဝေ့ယမ်း၍ အရိုးဆွေးအပ်များကိုယူ
လိုက်၏။ထို့နောက် ဓားရှည်ကြီးကို
ပုခုံးပေါ်သို့တင်ကာ လမ်းလျှောက်လာခဲ့သည်။
ရဲမက်များနှင့် တိုက်ခိုက်နေသည့်
ရှီဖန်ထံသို့ရောက်သည့်အခါတွင် လုံချန်က သူ့၏
ဓားဖြင့် ပိုင်းချလိုက်
ရာ ဒါဇင်နှင့်ချီသော ရဲမက်များသည် နောက်သို့
ဝုန်းကနဲ လွင့်သွားကြလေသည်။
"မင်းဟာ ငါ့ရဲ့ တစ်ကယ့်ညီ၊အကိုပါပ"ဲ လုံချန်က
ရှီဖန်၏ ပုခုံးများကိုပုတ်ရင်းပြော၏။
"မင်းဒီနေရာကိုကြည့်ထားလိုက်
ယင်အမတ်ကြီးစီကနေ ငါ
အကြွေးသွားတောင်းဦးမယ်" ရှီဖန်မည်သို့
မှ ပြန်မပြောနိုင်ခင်
လုံချန်ထွက်သွားလေတော့သည်။လုံချန်
တစ်ဖြေးဖြေး ရှေ့သို့ လျှောက်နေလျှင်
ရဲမက်များမှာ ကြောက်လန့်မှု ကြောင့်
တုန်ယင်စွာဖြင့် နောက်သို့
ဆုတ်ပေးနေကြရသည်။
"မင်းတို့ဘာတွေကြောက်နေကြတာလည်း
အဲ့တာလူပဲလေ လုံချန်ကို ငါတို့သတ်နိုင်ရင်
ငါတို့မိသားစု
တွေ၊နောက်မျိုးဆက်တွေ
ချမ်းချမ်းသာသာနေနိုင်ကြတော့မှာ"
စူးစူးရှရှ အော်ပြောသည့် အသံတစ်သံ ကြောင့်
ရဲမက်များစိတ်အားပြန်တက်လာကြပြန်၏။လုံချန်
သည်
မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ ဧရာမ
စစ်တပ်ကြီးကိုတော့ မတားဆီးနိုင်ရာ။ထို့ကြောင့်
သူတို့က
လုံချန်ကို လက်ပန်းကျလာထိတိုင်
တိုက်ခိုက်ကြမည်ဖြစ်သည်။ဒီလှိုင်းနှင့် တူသော
ရဲမက်များသည်
လက်နက် များကို မြှောက်၍ လုံချန်ထံ
ပြေးဝင်လာကြလေသည်။သို့သော် လုံချန်ကား
၎င်းတို့ကို မြင်
ဟန်မတူ။ယင်အမတ်ရှိသည့် နေရာကိုသာ
ကြည့်နေသည်။
"သတိထား" ရှီဖန်က
အော်ဟစ်သတိပေးသည်။ရှီဖန်၏ အသံကိုလည်း
လုံချန် ကြားဟန်မတူချေ။
ယင်အမတ်ကြီးရှိသည့် ဘက်သို့သာ
တစ်ရွေ့ရွေ့လျှောက်နေရာ ဧရာမ
ရဲမက်အုပ်ကြီးကြား၌ လုံ
ချန် ခဏ လေးနှင့် ပျောက်သွားလေသည်။
"ဆေးမီးတောက်"
ရုတ်တရက် မီးတောက်ကြီးတစ်ခုသည်
မီတာတစ်ရာခန့်သို့ ရောက်အောင်ပျံ့နှံ့လာရာ
စစ်သားရာပေါင်း
များစွာမှာ အပူဓာတ်၏ ပြင်းပြစွာ ၀ါးမျိုခြင်းဒဏ်ကို
ခံရလေတော့သည်။
အား.....
ကြောက်လန့်တစ်ကြား အော်သံ၊ဟစ်သံများကား
ဘ၀ဂ်သို့တိုင်အောင် ညံလေ၏။လုံချန်နှင့် အနီးဆုံး
လူများမှာမူ အော်ချိန်ပင်မရ။ပြာဘ၀သို့
တန်းပြောင်းရလေသည်။အတော်အတန် ဝေးသည့်
နေရာမှလူ
များသာ အော်ဟစ်ခွင့်ရကြ၍
ယင်းအော်သံသည်လည်း စက္ကန့်ပိုင်းအတွင်းမှာပင်
တိကနဲ ပြတ်တောက်
ကာ ပတ်ဝန်းကျင်သည်
ကြောက်လန့်ဖွယ်ကောင်းအောင်
တိတ်ဆိတ်ခြင်းသို့ရောက်လေသည်။
ရဲမက်ပေါင်းများစွာသည်
ကြောက်လန့်တစ်ကြားဖြင့် ခွေးပြေး၊၀က်ပြေး
ပြန်ဆုတ်ပြေးကြရ၏။လုံချန်သည်လွန်စွာ
ကြောက်မက်ဖွယ်ကောင်းသည့် ဆေးမီးတောက်ကို
ပိုင်ဆိုင်သူ ဆေးပညာရှင် တစ်ယောက်ဖြစ်မှန်း
သူတို့ ယခု
မှ သဘောပေါက်ကြသည်။မီးတောက်များက
လုံချန်၏ ခန္ဓာကိုယ်အနှံ့တွင်
လောင်မြိုက်နေခြင်းကြောင့်
သဲသဲကွဲကွဲ မမြင်ရလင့်ကစား လုံချန်သည်
ပုခုံးပေါ်တွင် ဓားရှည်ကြီးတစ်လက်ကိုထမ်း၍
ရှေ့သို့ဆက်
လျှောက်သွားနေသည်ကိုတော့ သူတို့
ပြောနိုင်သည်။
အစမှ ယခုထိ လုံချန်က သူ့ခြေလှမ်းများကို
ရပ်တန့်လိုက်သည်ဟူ၍မရှိချေ။သူ့အား
ပိတ်ဆို့တားဆီးသူ
များကို သူက ဖုန်မှုန့်များပမာသာ
ဆက်ဆံသည်။သူ့လျှောက်နေသည့်
လမ်းတစ်လျှောက် မီးတန်း
ကြီးတစ်ခုသည် ဖြစ်ပေါ်ကျန်ခဲ့လျှက်ရှိရာ
ရဲမက်များမှာမူ များစွာ
ကြောက်ရွံ့လှပြီဖြစ်သည်။မီးနတ်ဘု
ရားတစ်ပါး
ကမ္ဘာမြေသို့ဆင်းသက်လာခြင်းပေလား။လုံချန်၏
ရှေ့တွင် မည်သူမျှ မတားဆီးရဲကြတော့။
တစ်ရွေ့ရွေ့လျှောက်နေသည့် လုံချန်၏
ကျောပြင်ကိုကြည့်ကာ ချူယောင်စိတ်ထဲတွင်
နင့်နင့်နဲနဲခံစား
နေရ၏။သူကား မည်သည့်အခါမှ
တစ်ပါးသူများအား
စိတ်မပျက်စေရပေ။လုံချန်ကိုကြည့်ကာ ဖက်
တီးယုနှင့် အခြားသူများသည် စိတ်အားပို၍
တက်ကြွလာကြသည်။ယင်းမြင်ကွင်းကိုကြည့်၍
စစ်သား
များမှာ တစ်ဖြေးဖြေးစိတ်ဓာတ်ကျလာကြသည်။
ဤသို့ဖြင့် ရှီဖန်နှင့်အဖွဲ့
အပေါ်သက်ရောက်နေသည့် ဖိအားလည်း
အထိုက်အလျှောက်ကျဆင်းသွား
လေသည်။မည်သို့ဆိုစေ ၎င်းတို့၏
ရည်ရွယ်ချက်သည် ရဲမက်များကို
တိုက်ခိုက်ရန်မဟုတ်ပဲ ခုခံရုံ
သာဖြစ်သည်။သို့မဟုတ်လျှင် ချူယောင်နှင့်အခြား
ကျင်ကျီသိုင်းသမားနှစ်ယောက်သည် ထိုရဲမက်အုပ်
ကို အပြီးတိုင် သုတ်သင်လိုက်ရန်မှာ
အလွန်လွယ်သည့်ကိစ္စပင်။
သို့သော် ၎င်းတို့က လုံအမျိုးသမီးနှင့်
လုံမိသားစုဝင်များကိုလည်း ကာကွယ်နေရသေးရာ
စိတ်ထင်တိုင်း
လွတ်လွတ်လပ်လပ်မတိုက်ခိုက်နိုင်ဖြစ်နေသည်။
ကံကောင်းစွာဖြင့် နှင်းပွင့်လေးသည် သူတို့၏
တိုက်ပွဲ
အတွင်းသို့ ၀င်ပါလာသည်။ရဲမက်များ၏ အမြင်တွင်
ဒုတိယအဆင့် မှော်သားရဲကောင်သည် ကျင်ကျီ
သိုင်းသမားတစ်ယောက်ထက်ပင်
ကြောက်စရာကာင်းသည်ဟု မြင်ကြသည်။
နှင်းပွင့်လေးမှာ လေဓားကို ဆက်တိုက်အသုံးပြု၍
မရပဲ စွမ်းအင်ပြန်ပြည့်မှသာ
အသုံးပြုလို့ရသည့်တိုင်
သူ့၏ ပြင်ပခန္ဓာကိုယ်သည် လွန်စွာ
မာကျောသည်ဖြစ်ရာ ရဲမက်များ၏ လှံများမှာ
သူ့အရည်ပြားသို့
မဖောက်နိုင်။သွားကြားထိုးတံဖြင့်
ထိုးနေသကဲ့သို့သာ ရှိလေ၏။ဤသို့ဖြင့်
လုံချန်သည် ၀ိုင်းရံပိတ်
ဆို့ထားသည့် ရဲမက်များထံမှ ထွက်လာနိုင်၏။
သူက သူ့အဖေထံသို့
ခပ်သွက်သွက်သွား၏။သူ့အမေကိုတော့
စိတ်မပူချေ။သူ့အမေဘေးတွင်ကာကွယ်
ပေးနေသူများစွာရှိသည်။ယခုလောလောဆယ်တွင်
သူ့၏ ရန်သူအစစ်မှာ သူ့ရှေ့တွင်ရှိနေသည်။
စတုထ္ထမင်းသားမှာမူ
လုံချန်ရုတ်တရက်ရောက်လာသည်ကိုမြင်လျှင်
စိတ်တွေလေးလံသွားသည်။
လုံချန်၏ မိမိကိုယ်ကို အလွန်အမင်းယုံကြည်မှု
ရှိနေဟန်ကိုကြည့်လျှင် သူ့၏ မူလအစီအစဉ်က
လမ်း
လွဲသွားပုံရသည်။
လုံချန်ကို မတားနိုင်ခဲ့သော် ခွေးပြေး၊၀က်ပြေး
ပြေးရမည့်သူသည်
သူဖြစ်သွားနိုင်ပါ၏။စတုထ္ထမင်းသားက
ရုတ်ချည်း ရှယိုယုဘက်သို့ လှည့်လိုက်၏။
"ကျုပ်စစ်တပ် က ကုန်ခါနီးနေပြီ အခု
ခင်ဗျားစစ်တပ်ရဲ့အလှည့်ပဲ"
ရှယိုယုက လှောင်ပြုံးပြုံး၍...
"မင်းသားက ကျုပ်ကို အမိန့်ပေးနေတာလား
တောင်းပန်နေတာလား"
တင်္ဂကြာအောင် စတုထ္ထမင်းသား ဘာပြောရမည်
မသိဖြစ်သွားသည်။ရှယိုယု သည် အခြေအနေ ကို
ထိန်းသိမ်းရန် ကျင်ကျီသိုင်းသမား
တစ်ယောက်ကိုသာ သူ့ဘက်ကို
လွှတ်ပေး၏။သို့သော် သူသည် ဖီးနစ်
အင်ပါယာ တပ်ဖွဲ့နှင့် လုံမိသားစုတိုက်ခိုက်ကြ
သည်ကို
စောင့်ကြည့်နေသည်။ထိုသို့ဖြင့်..စတုထ္ထမင်းသား
အနေနှင့် ထီးနန်းရခဲ့လျှင်တောင် ရဲမက်အင်အား
များစွာနည်းပါးသွားပြီဖြစ်ရာ ဖီးနစ်သည် မဟာရှ
အပေါ် ကျိန်းသေ မှီခိုရပေတော့မည်။မည်မျှ
ကောက်ကျစ်လိုက်ပါသနည်း။
"ကျုပ်တို့နှစ်ယောက်ဟာ အတူတူ
အလုပ်လုပ်နေတာလေ
ဒါကိုခင်ဗျားနားလည်လိမ့်မယ်လို့ထင်တယ်"
စတုထ္ထမင်းသားက
အံကိုတင်းနေအောင်ကြိတ်ထား၏။
"ဟုတ်လား...ကျုပ်ကတော့
မင်းသားနဲ့အလုပ်မလုပ်ပါဘူး...ကျုပ်နဲ့အလုပ်လုပ်
နေတဲ့သူက ဘာမှ
တောင်မပြောသေးဘူး...ဒီကိစ္စထဲ ကျုပ်ဝင်ပါစရာ
မလိုပါဘူး" ရှယိုယုက သရော်ဟန်ဖြင့်ရယ်သည်။
စတုထ္ထမင်းသား မျက်နှာ
ဆိုးဆိုးရွားရွားပျက်သွားသည်။နောက်သို့လှည့်၍
ကြည့်ရာတွင် လက်ဖက်
ရည် တစ်ခွက်ကို
တိတ်တိတ်ဆိတ်ဆိတ်သောက်နေသော
ဝတ်ရုံဖြူကို လူအုပ်ကြားတွင် သူတွေ့သည်။
စတုထ္ထမင်းသား စိုးရိမ်စိတ်များ ၀င်လာချိန်တွင်
လုံရှင်းရှောင် တိုက်ခိုက်နေသည့် နေရာသို့ လုံချန်
ရောက်
သွားပြီဖြစ်သည်။ရင်းနှီးဖူးသည့် မျက်နှာကို ကြည့်၍
လုံချန် ပြုံး၏။
"ကျွန်တော့် အတွက် တစ်ယောက်လောက်
ပေးနိုင်မလား"
MK AUNG
CZYTASZ
Nine Star Hegemon Body Arts(ဆေးသိဒ္ဓိရှင်)
Fantasyသူဟာဆေးနတ်ဘုရားတစ်ပါးအဖြစ်ပြန်လည်မွေးဖွားလာခြင်းပေလား။သို့မဟုတ် ဆေးနတ်ဘုရားရဲ့ ၀ိညာဉ်တော် နှင့် သူ့ဝိညာဉ် ပေါင်းစပ်သွားခြင်းပေ လော။သိုင်းကျင့်လို့မရ အောင် ခန္ဓာကိုယ်ကို အဖျက် ဆီးခံလိုက်ရတဲ့ လုံချန်ဆိုတဲ့ အနိုင်ကျင့်ခံ လူရွယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်းတစ်ပ...