"Fanxing..လာအုံး..."
"ဟုတ်.."
"ဒါပေမဲ့.."
"ဘောနပ်စ်လား..."
"ဟဲဟဲ.."
"သွား..သွားတော့..."
"လှလိုက်တာ..."
"ဗျာ..."
"ဘာကွ...."
Unicode
ရှောင်ရင်းသည်စားပွဲထိုးကောင်လေးကို တစ်ချက်ကြည့်ပြီး အခန်းထဲသို့ဝင်ခဲ့သည်။ မန်နေဂျာက
"Fanxing..လာအုံး..."
"ဟုတ်.."
စားပွဲသိမ်းပြီး ပုလင်းလွတ်တွေကိုသိမ်းလာပြီး အမှိုက်ထုတ်ထဲအား ထည့်ပြီးသည်နှင့်
"ဘာများခိုင်းမလို့လဲဗျ.."
"ဒ်ီပုလင်း၃လုံးကို VIPအခန်းထဲပို့ပေး.."
"ဗျာ...အဲ့ဒီအခန်းက အချိန်ပြည့်လုပ်တဲ့သူတွေဘဲ ဝင်ရတာမဟုတ်ဘူးလားဗျ.."
"မင်းကိုပို့ခိုင်းလို့ပေါ့ကွာ.."
"ဒါပေမဲ့.."
"သတိထားနော်..အဲ့ဒီမှာရှိတဲ့သူတွေက စီးပွားရေးလောကမှာ ဘုရင်တွေ..အမှားမလုပ်လာခဲ့နဲ့.."
"မန်နေဂျာ..ခင်ဗျားပြောမှဘဲ ကျွန်တော်ကြောက်လာပြီ....မသွားလို့မရဘူးလားဗျ.."
"ဟူး...မင်းသွားပြီး အမှားတွေမလုပ်ခဲ့ရင်ဒီညဘောနပ်စ်ပေးမယ်."
"ဘောနပ်စ်လား..."
ဒီကောင်လေးကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ukeလေး fanxingပါ...
ဘောနပ်စ်ဆိုတဲ့အသံကြားသည်နှင့်ချက်ချင်းတတ်ကြွသွားကာ
"ဟုတ်ကဲ့..မန်နေဂျာ..အသက်နဲ့ရင်းပြီးတိုက်လာခဲ့ပါ့မယ်...."
"ဟေ့ကောင်..နည်းနည်းလျော့..သွားတိုက်ရအောင်..မင်းကစစ်မြေပြင်သွားနေလို့လား.."
"ဟဲဟဲ.."
"သွား..သွားတော့..."
Fanxingသည်ဈေးကြီးလှသည့်ပုလင်းတွေကိုဗန်းထဲတွင်ထည့်ကာ VIPအခန်းသို့ဦးတည်သွားလေသည်။ အခန်းရှေ့ရောက်ေသာအခါ အသက်ဝဝရှူသွင်းပြီး တံခါးခေါက်ကာ
"ဧည့်သည်တို့ ဝင်လာခဲ့မယ်နော်.."
ယဉ်ယဉ်ကျေးကျေးပြောပြီး ဝင်သွားခဲ့သည်။ အထဲ၌ ဆိုဖာအရှည်တွင်ခြေချိတ်ကာ ထိုင်နေသောရှောင်ရင်းက
"အော်..လာပြီးလား..ဒီမှာချထားခဲ့..."
လက်ယက်ခေါ်ကာပြောလေသည်။ သူ့ဘေးတွင်ထိုင်နေသော Yubinသည်အနောက်ကိုမှီပြီး ဖုန်းနှင့်အလုပ်လုပ်နေသည်။ fanxingသည် သူတို့အနားရောက်လာသည်နှင့်Yubinတစ်ယောက်ထိန်းချုပ်လို့မရနိုင်အောင်နှလုံးတွေခုန်နေလေသည်။ Yubinသည်နှလုံးအဆက်မပြတ်ခုန်နေသည်ကို သတိထားမိပြီး အရက်ပုလင်းလာပို့သော fanxingလေးအားမော့ကြည့်မိလေသည်။ Yubin၏
မျက်လုံးထဲ၌ ရှည်လျားနေသော မျက်တောင်၊တောက်ပနေသော မျက်လုံးအမဲရောင်၊ပါးလွှာသော နှုတ်ခမ်းတို့နှင့်မိန်းကလေးတွေထက်လှပနေသော ခန္တာကိုယ်၊ခေါင်းအစခြေအဆုံးကြည့်နေသော Yubin၏ ပါးစပ်ထဲမှ
"လှလိုက်တာ..."
"ဗျာ..."
လွှတ်ခနဲထွက်သွားသော စကားကြောင့်ပုလင်းများကို စားပွဲပေါ်တွင်တင်နေသော fanxingလေး လန့်သွားလေသည်။ရှောင်ရင်းက
"မင်းဘာပြောလိုက်တာ...လှတယ်ဆိုပါလား.."
"ငါ..ငါ..ဘယ်တုန်းကပြောလို့လဲ.."
Yubinတစ်ယောက်ရှက်ရှက်နှင့်ငြင်းလေသည်။ အခန်းထဲတွင်အနည်းငယ်မှောင်နေသဖြင့်Yubinကိုသေချာမမြင်ရပေ။
ပုလင်းတွေချပြီးနောက်
"ဧည့်သည်တို့မှာထားတဲ့ပုလင်းတွေပါ..ပျော်ရွှင်ပါစေ"
Fanxingသည်နှုတ်ဆက်ပြီးသည်နှင့်နောက်ပြန်လှည့်မကြည့်ဘဲပြေးထွက်သွားလေသည်။fanxingထွက်သွားသည်ကို မျက်တောင်မခက်ဘဲကြည့်နေသော Yubi အားရှောင်ရင်းသည်သေချာစောင့်ကြည့်ပြီး အရက်ကို
ခွက်ထဲထည့်ကာ တစ်ကျိုက်မော့လိုက်လေသည်။ရှောင်ရင်းက
"ငါတို့လူပျိုကြီး Yubinတစ်ယောက်Faဘဝ ကနေကျွတ်တော့မဲ့ အထိမ်းအမှတ်နေနဲ့ တစ်ခွက်သောက်ရအောင်.."
"ဘာကွ...."
Yubinမှ လွဲ၍ ကျန့်တဲ့သုံးယောက်သား ခွက်ချင်းတိုက်ကာပျော်ရွှင်ရင်း ဂုဏ်ပြုနေကြသည်။Yubinလည်း အရက်ထည့်ထားသော ခွက်ကိုကိုင်ကာ fanxing အကြောင်းစဉ်း
စားရင်ကြိတ်ပြုံးနေလေသည်......
kyelsinthawdar
YOU ARE READING
ခ်စ္ရတဲ့ဦး
RomanceCompany တစ်ခုရဲ့သူဌေး Yubinနဲ့ Bar တစ်ခုမှာ အချိန်ပိုင်းလုပ်နေတဲ့ကျောင်းသားလေ Fanxingတို့ရဲ့ တွေ့ဆုံမှု Yubinက Fanxingနဲ့ဆုံဖို့ ဘယ်လိုတွေ့ဖို့ ကြိုးစားသလဲဆိုတာ.... ဦးနဲ့ကလေးကြားက ဆက်ဆံရေးလေး ကိုပုံဖော်ထားတဲ့ romanceဇာတ်လမ်းတစ်ပုဒ်