"ဘယ်သူက အိပ်လို့လဲ..."
"အောင်မလေး..ဘုရားသကြား...
လန့်လိုက်တာ..ဦးရာ."
"အနာဂတ်သမက်လောင်းလေး..."
"ဟူး...ကူညီရတာပေါ့..."
"ဒီညအလုပ်မသွားဘူးလား.."
တစ်ပတ်ပေးနားထားတယ်..."
"အော်...."
"အင်းနော်...."
"အင်း.."
"ဘာဖြစ်တာလဲ..fanxing..."
"ရော့..လက်ဆောင်.. "
"လက်ဆောင်?...'"
"ဝယ်လာခဲ့တာပေါ့..."
"လာမနောက်နဲ့နော်...ဒီအမျိုးအစားက ခုတလောရေပန်းစားနေတဲ့ အမျိုးအစား..ပြီးတော့ ဈေးလည်း အရမ်းကြီးတယ်..မှန်မှန်ပြောနော်...ကျွန်တော်အရင်က ပြောထားပြီးသားဘဲ..ကျွန်တော့ကို လိမ်ရင်..."
"သေချာလား..."
"အင်း..."
Fanxing တစ်ယောက် ပြုံးပြလိုက်တာ Yibinလည်း ဟက်ထိသွားလေသည်။
................
Unicode
Fanxingသည်အိမ်တံခါးဖွင့်ပြီးဝင်လာရာ တစ်ခန်းလုံးမီးပိတ်ထားလေသည်။ fanxingက
"ဦး..အိပ်သွားပြီးထင်တယ်..ဟူး.."
"ဘယ်သူက အိပ်လို့လဲ..."
"အောင်မလေး..ဘုရားသကြား...
လန့်လိုက်တာ..ဦးရာ."
ဆိုဖာတွင်အိပ်နေရာမှ ရုတ်တရက်ထထိုင်လိုက်ရာ fanxingတစ်ယောက်မျိုးစုံရေရွတ်မိတော့သည်။ Yubinက နှုတ်ခမ်းကြီးထော်ကာ
"သူများကိုတစ်ယောက်ထဲအိမ်မှာ ပစ်ထားတယ်..အဲ့လိုဘဲ...ဘာလည်းမသိဘူး...နော်နော်..."
3နှစ်ကလေးများရန်ဖြစ်သည့်အခါ စကားကိုဆွဲပြီးပြောသကဲ့သို့ပြောရာ Fanxingက သက်ပြင်းချ၍
"ဟူး...အသက်ကဖြင့်ဖင့်ဆောင့်နေပြီး..ကလေးလို.လာချွဲနေတယ်..နောက်ကျတယ်ဆိုတာက စာကြည့်တိုက်မှာ စာလုပ်နေလို့..စာမေးပွဲက နီးနေနေပြီး..အာ့ကြောင့်အိမ်ပြန်နောက်ကျသွားတာပါ..."
"မနက်ဖြန်ဘယ်ချိန်ကျောင်းဆင်းမှာလဲ..."
"၄နာရီလောက်ဖြစ်မယ်ထင်တယ်..ဘာလို့လဲ.."
"ကိုယ့်ရဲ့မိဘတွေက ကိုယ်တို့နှစ်ယောက်နဲ့ ထမင်းစားချင်လို့တဲ့..."
"အယ်...ဘာလို့လဲ..ဦးမိဘတွေကို သိမှမသိတာ.."
Fanxingသည်ပြောနေရင်းနဲ့ Yubinရဲ့အမေပြောခဲ့သည်ကို သတိရသွားလေသည်။
"အနာဂတ်သမက်လောင်းလေး..."
ထိုစကားကို ကြားပြီး fanxing သည်Yubinနှင့်ဝေးရာကို ဆုတ်သွားကာ
"မသွားဘူး...လုံးဝမသွားဘူး..."
"ဘာလို့လဲ..ကိုယ့်မိဘတွေက မကိုက်စားတတ်ပါဘူး...ကိုယ့်သားနေတဲ့အိမ်ရှင်ကိုညတွေ့ချင်ရုံပါ..နော်..ကူညီပါ.."
"ဟူး...ကူညီရတာပေါ့..."
"ဒီညအလုပ်မသွားဘူးလား.."
"အင်း..ဟိုကိစ္စဖြစ်ပြီးကတည်းက မန်နေဂျာ..
တစ်ပတ်ပေးနားထားတယ်..."
"အော်...."
"ဒါနဲ့..အဲ့ညက ဦးအဲ့ကိုဘယ်လိုရောက်လာတာလဲ.."
"အဲ ...ဟို..သူဌေးက အဲ့ကိုစာချုပ်တစ်ခု
ယူလာခိုင်းတာ..အဲ့မှာတွေ့တာဘဲ..."
"ဦး..သူဌေးကလည်း..အလုပ်လုပ်စရာရှားလို့ အဲ့မှာလုပ်ရလား..."
"အင်းနော်...."
"ဒါဆို..ကျွန်တော်ရေချိုးတော့မယ်...."
"အင်း.."
Fanxingတစ်ယောက်ရေချိုးခန်းထဲဝင်သွားပြီးနောက်Yubinသည်သက်ပြင်းချကာ
"ဒီကောင်လေးကတော့သေချာစေ့စပ်မေးတတ်တာဘဲ...ငါတော့ပေါ်တော့မှာဘဲ...ဟူး...."
"ဦး ...အဝတ်မလျှော်ဘဲ စိမ်ထားပြန်ပြီးလား..."
ရေချိုးခန်းထဲမှ fanxingရဲ့အော်သံထွက်လာရာရေချိုးခန်းအနားကပ်သွားပြီး
"ဘာဖြစ်တာလဲ..fanxing..."
"ဦး..အဝတ်မလျှော်ဘူးလား...ရေနဲ့စိမ်ထားရင်နံ့ကုန်မှာပေါ့..."
"ဟဲဟဲ..ငါမှမလျှော်တတ်တာ..."
"အယ်...ဦးစိမ်ထားတဲ့အဝတ်တွေက ရုံးဝတ်အင်္ကျီတွေကြီးဘဲ...မနက်ဖန်ဘာဝတ်မှာလဲ.. ကျွန်တော်တကယ်အံ့သြတယ်..ဦး..အရင်က အိမ်ငှါးနေတာရော ဟုတ်ရဲ့လား .."
"ဟုတ်..ဟုတ်တာပေါ့...အရင်က အိမ်ငှါးက ကိုယ့်အဝတ်တွေလျှော်ပေးတယ်...ညဆိုင်းဆင်းရတာများတော့လျှော်ဖို့အချိန်မရှိလို့ပါ..."
ရေချိုးခန်းအပြင်မှ ထိုင်ရွက်နေလေရာ fanxingသည်စိတ်မရှည်စွာဖြင့်
"ထားပါတော့..ကျွန်တော့ဘဲလျှော်ပေးတော့မယ်..."
ရေချိုးပြီးနောက်ရေချိုးခန်းထဲမှ အဝတ်တွေ
တစ်ခါတည်းလဲပြီးလျှော်ပြီးသားအဝတ်တွေ လှန်းရန်ဝရန်တာသို့ ထွက်လေသည်။ အဝတ်လှန်းပြီးနောက်အထဲပြန်ဝင်လာချိန်တွင်Yubinက fanxingအရှေ့တွင်ပိတ်ရပ်ပြီး
"ရော့..လက်ဆောင်.. "
"လက်ဆောင်?...'"
Fanxingလည်း Yubinပေးသော လက်ဆောင်ကို ဖွင့်ကြည့်လိုက်သည်။ ကွန်ပျူတာတစ်လုံးဖြစ်သည်။ fanxingသည်ကွန်ပျူတာကို ကြည့်ပြီး Yubinအား ပြန်ကြည့်လေသည်။
"ဦး ...ဒီကွန်ပျူတာကို ဘယ်ကရတာလဲ.."
"ဝယ်လာခဲ့တာပေါ့..."
"လာမနောက်နဲ့နော်...ဒီအမျိုးအစားက ခုတလောရေပန်းစားနေတဲ့ အမျိုးအစား..ပြီးတော့ဈေးလည်း အရမ်းကြီးတယ်..မှန်မှန်ပြောနော်...ကျွန်တော်အရင်ကပြောထားပြီးသားဘဲ..ကျွန်တော့ကို လိ်မ်ရင်..."
"ကောင်းပြီး..ကောင်းပြီး..ငါပြောပြမယ်...ဒါက တစ်ခြားတစ်တယာက်ဆီကလျော့ဈေးနဲ့ပြန်ဝယ်ထားတာ.."
"သေချာလား..."
"သေချာတယ်..ပြီးတော့ မင်းတို့လို တက္ကသိုလ်ကျောင်းသားတွေဆိုရင်ပိုပြီးလိုအပ်တာမဟူတ်လား..."
"ဟုတ်တယ်..မဟုတ်ရင်တောင်ကျွန်တော်ဈေးပေါ်တာဖို့စဉ်းစားနေတာ...ကျေးဇူးဘဲ.. "
"အင်း..."
Fanxing တစ်ယောက်ပြုံးပြလိုက်တာ Yibinလည်း ဟက်ထ်ိသွားလေသည်။
................
မနက်စောကြီးတင်ပေးလိုက်တယ်နော်..မျှော်နေတဲ့သူများ
ရှိမလားလို့..😁😁😁အိပ်ချင်မူးတူးနဲ့ရေးထားလို့ စာလုံး
ပေါင်းမှားရင်ခွင့်လွှတ်နော်...
kyelsinthawdar
YOU ARE READING
ခ်စ္ရတဲ့ဦး
RomanceCompany တစ်ခုရဲ့သူဌေး Yubinနဲ့ Bar တစ်ခုမှာ အချိန်ပိုင်းလုပ်နေတဲ့ကျောင်းသားလေ Fanxingတို့ရဲ့ တွေ့ဆုံမှု Yubinက Fanxingနဲ့ဆုံဖို့ ဘယ်လိုတွေ့ဖို့ ကြိုးစားသလဲဆိုတာ.... ဦးနဲ့ကလေးကြားက ဆက်ဆံရေးလေး ကိုပုံဖော်ထားတဲ့ romanceဇာတ်လမ်းတစ်ပုဒ်