ချစ်ရတဲ့ဦး
အပိုင်း(26)
Fanxingသည် အေးအေးလူလူဘဲ ကုမ္ပဏီ ဆီသို့ရောက်လာသည်။ အထဲသို့ရောက်သောအခါ ဝန်ထမ်းများသူ့အား
ဝိုင်းကြည့်ကြရင်း
"အချောလေး..ဘာကူညီပေးရမလဲ..."
"သူဌေးနဲ့လာတွေ့တာပါ.."
"တို့နောက်လိုက်ခဲ့...တို့လိုက်မယ်.."
ဝန်ထမ်းမိန်းကလေးသည် ချွဲပစ်နေသော အသံဖြင့်ပြောပြီး
တစ်နေရာသို့ခေါ်သွားလေသည်။ သွားလေသွားလေ တစ်
ဖြည်းဖြည်းမှောင်လာလေသည်။ စတိုခန်းနားသို့ရောက်သောအခါ
"အမ..နေရာမှားနေပြီး..သူဌေးရုံးခန်းက အပေါ်ဆုံးထပ်
မှာ မဟုတ်လား..."
"အင်း...သက်သက်ဘဲခေါ်လာတာလေ..."
"ဗျာ..."
ထိုမိန်းကလေးသည် fanxingအား စတိုခန်းထဲသို့ ဆွဲသွင်း
သွားသည်။ ထိုအချိန်မှာဘဲ Yubinသည် အောက်သို့ပြေး
ဆင်းလာပြီး ဓာတ်လှေကားနားတွင် စောင့်ကြပ်နေသော
ဝန်ထမ်းတစ်ဦးအား
"ဒီကို နားကပ်တစ်ဖက်နဲ့ကောင်လေး ရောက်လာသေး
လား.."
"ရောက်လာတယ်သူဌေး...ဒါမဲ့စီမံကိန်းရေးဆွဲတဲ့ဌာနက
မိန်းကလေးတစ်ယောက် သူ့ကို ခေါ်သွားတယ်.."
"ဘာ..ဘယ်ကိုထွက်သွားကြတာလဲ..."
"စတိုခန်းဘက်ထင်တယ်..ပြီးတော့အဲ့မိန်းကလေးက ယောက်ျားလေးတွေကို အပိုင်ဖမ်းတဲ့သူလို့ နာမည်ထွက်တယ်ဗျ..."
"ဘာ..မင်းတို့၃ယောက်ငါနဲ့လိုက်ခဲ့..."
Yubinတို့စတိုခန်းကို လာနေတဲ့ချိန်မှာဘဲ စတိုခန်းထဲ၌ မိန်း
ကလေးသည် fanxingလက်ကို အတင်းဆွဲကာ ကြမ်းပြင်
ပေါ်သို့ ပစ်ချလိုက်သည်။ Fanxingက ကြောက်လန့်ကာ
ငယ်ငယ်က ဖြစ်ခဲ့တဲ့အကြောင်း ပြန်သတိရလေသည်။
Fanxingသည် ငယ်ငယ်ကပြန်ပေးဆွဲခံရပြီး မိန်းမကြီး.
တစ်ယောက်ရဲ့ အတင်းအကြပ်လုပ်ခြင်းခံရတော့မလို ဖြစ်
ခဲ့ဖူးသည်။ ထိုအချိန်မှာဘဲ အမည်မသိတဲ့လူတစ်စု သူ့အား
လာကယ်သွားသည်ကိုဘဲ မှတ်မိလေသည်။.လက်ရှိအချိန်
သည်လည်း ဝန်ထမ်းမိန်းကလေးက သူ့အနား တစ်ဖြည်း
ဖြည်းကပ်လာပြီး
"မင်းကအရမ်းချောတာဘဲ..တို့ကောင်လေးမဖြစ်ချင်ဘူး
လား.."
"မ..မဖြစ်ချင်...ဘူး...ထွက်သွား..."
Fanxingသည် ငယ်ငယ်ကအဖြစ်အပျက်ကို ပြန်သတိရနေသောကြောင့် ကြောက်လန့်တုန်လှုပ်နေသည်။ မိန်းကလေးသည် fanxingရဲ့ ရှပ်ကြယ်သီးကို ဆွဲဖြုတ်လိုက်ပြီး
သူမအင်္ကျီကိုလည်း အနည်းငယ်ဆွဲချလိုက်သည်။ fanxingသည် ကြောက်လန့်ကာ မျက်ရည်များကျလာ
သည်။ မိန်းကလေးသည် အနောက်သို့ဆုပ်သွားသော fanxingဆီသို့ကပ်လာပြီး ပေါင်ပေါ်၌တက်ထိုင်လိုက်သည်။ ထို့နောက် ပါးပြင်ကို တစ်ဖြည်းဖြည်းပွတ်သပ်ရာ
Fanxing သည် သူကိုယ်တိုင်မသိလိုက်ချိန်မှာဘဲ
"ဦး...ကယ်ပါအုံး..."
Yubinအားကျယ်လောင်စွာ အော်ခေါ်လိုက်ရာ fanxing
ရဲ့အသံကိုကြားနေသော စတိုခန်းကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်သည်။ အင်္ကျီကြယ်သီးကို ဖြုတ်ထားသ
ဖြင့် အတင်းဖုံးပြီးငိုနေသော fanxing..ကြောက်လန့်နေ
သော ဝန်ထမ်းမိန်းကလေးကို မြင်၍ဒေါသထွက်ကာ
"ဒီမိန်းကလေးကို အလုပ်ထုတ်လိုက်..."
"သူ..သူဌေး..မှားနေပြီး...ဒီကောင်လေးက ကျွန်မကို မ
ကောင်းကြံဖို့ကြိုးစားနေတာ...ကျွန်မကိုယုံပါ..နော်.."
ထိုမိန်းကလေးသည် Yubinကိုတောင်းပန်ပြီး သူ့ကိုယ်နှင့်
ဆွဲဆောင်ဖို့ကြိုးစားလေရာ Yubinက
"ဒီမိန်းကလေးကို အလုပ်ထုတ်ပြီး ဒီနိုင်ငံမှာ နေစရာနေရာ
မရှိအောင်လုပ်လိုက်..."
"ဟုတ်ကဲ့..."
Yubinနှင့်ပါလာသော လက်ထောက်အား ညွှန်ကြားပြီး
နောက်လက်ထောက်နှင့် လုံခြုံရေးဝန်ထမ်းများက ထိုမိန်း
ကလေးကို အပြင်သို့ဆွဲခေါ်သွားသည်။
"သူဌေး...သူဌေး..."
ထိုမိန်းကလေးက အော်ဟစ်နေရာ Yubinက
"အဲ့မိန်းကလေးရဲ့နောက်ကြောင်းစုံစမ်းထား...သူ့ကိုအ
လုပ်မထုတ်ခင် ငါ့ရုံးခန်းထဲအရင်ခေါ်လိုက်.."
"ဟုတ်ကဲ့..သူဌေး..."
ထွက်သွားရန်ပြင်ဆင်နေသော လက်ထောက်အားပြန်လည်
ညွှန်ကြားလေသည်။ စတိုခန်းထဲတွင်နှစ်ယောက်ထဲကျန်ခဲ့
ရာ ထောင့်နား၌ တုန်လှုပ်ကာငိုနေသော fanxingအနား
သို့ကပ်သွားပြီး Yubinဝတ်ထားသော ကုတ်အင်္ကျီနဲ့ ခြုံပေး
လိုက်သည်။ Yubinအားလုံးဝလှည့်မကြည့်သော fanxingရဲ့ နှာကို သူ့ဘက်လှည့်ပြီး
"မငိုနဲ့တော့..အခုအားလုံးအဆင်ပြေသွားပြီး...."
"ဝှါး...ဘာလို့အခုမှရောက်လာရတာလဲ...ကျွန်တော်သေ
မတတ်ကြောက်ခဲ့ရတာ..."
Yubinအားဆူနေရင်းနဲ့ အော်ငိုနေလေသည်။ Yubinက
"အေးပါ..အေးပါ..ကိုယ့်အမှားပါ..မငိုနဲ့တော့ အခုဘာမှ
မဖြစ်တော့ဘူး...နော်..တိတ်တိတ်..."
Yubinသည် fanxingအား ပွေ့ချီလာရာ အပြင်သို့ ရောက်
သည်အခါ ငိုရလွန်းလို့ပင်ပန်းပြီး အိပ်ပျော်သွားလေသည်။
ထိုအတိုင်းYubinသည် သူ့ရုံးခန်းသို့ချီသွားပြီး ရုံးခန်းထဲသို
ရောက်သည့်အခါ ရှောင်ရင်းက
"သူအဆင်ပြေရဲ့လား..ဒီမှာချလိုက်..."
Yubinလည်း ရှောင်ရင်းညွှန်ပြသည့်နေရာတွင် ချရန်လုပ်
ရာ fanxing သည် အချမခံဘဲ တင်းတင်းကြပ်ကြပ်ဖက်
ထားလေသည်။ Yubinသည် ဆိုဖာပေါ်တွင်မချတော့ဘဲ
ကလေးအိပ်သည့်အခါ ရင်ခွင်ထဲတွင်ပွေ့ထားသည့်အတိုင်း
ပွေ့လျက် သူ့အလုပ်ခုံ၌ ထိုင်လိုက်လေသည်။ မကြာခင်မှာ
ဘဲ ဆွဲခေါ်ခံရသည့်မိန်းကလေးနှင့် လက်ထောက်တို့ရောက်
လာခဲ့သည်။ မိန်းကလေးက
"တောင်းပန်ပါတယ်..သူဌေး..အလုပ်တော့မထုတ်လိုက်နဲ့.
..တောင်းပန်ပါတယ်..."
"လက်ထောက်လီ..သူ့ပါးစပ်ကို ပိတ်လိုက်..ငါ့ကလေးနိုး
သွားမယ်.."
လက်ထောက်သည် Yubinပြောသည့်အတိုင်း ထိုမိန်းကလေးရဲ့ပါးစပ်ကို တိတ်နှင့်ကပ်လိုက်သည်။ လက်ထောက်က သူစုံစမ်းထားသည့်မိန်းကလေးရဲ့အကြောင်းကို တင်ပြလေသည်။ လက်ထောက်က
"သူမက Dလုပ်ငန်းစုက လွှတ်ထားတဲ့သူလျှိုပါ...သူမရဲ့နောက်တာဝန်က သူဌေးနဲ့ပတ်သက်နေတဲ့ကောင်လေးကိုသူဌေးမုန်းသွားအောင်လုပ်ဖို့ပါ... "
"Dလုပ်ငန်းစုကတော့ ငါ့ကိုလာစမ်းနေတာဘဲ..ရှောင်ရင်း..သူတို့လုပ်ငန်းစုရဲ့ ရှယ်ယာကို ရောင်းအောင်လုပ်ပြီး အကောင့်တုနဲ့ဝယ်ထားလိုက်..."
"ဟုတ်ပြီး.. "
ရှောင်ရင်းက ဆိုဖာပေါ်တွင်ထိုင်ရင်း လက်ခံလိုက်သည်။
" သူမကို ခုနက ငါပြောတဲ့အတိုင်းလုပ်လိုက်တော့.."
"ဟုတ်ကဲ့..."
လက်ထောက်တို့ထွက်သွားပြီးနောက်မှာတော့ Yubinသည်
Fanxing ရဲ့မျက်နှာကို ပွတ်သပ်ရင်း
"သူရဲ့အတိတ်မှာ ဘာတွေဖြစ်ခဲ့လို့လဲ...ရှောင်ရင်း..သူငယ်ငယ်တုန်းက အကြောင်းတွေပြန်စုံစမ်း..သူထောက်ပံ့နေတဲ့မိဘမဲ့နေရာကိုလည်း တိုက်ဆောက်ပြီး လစဉ်ငွေကြေးထောက်ပံ့လိုက်ပါ.."
"အင်း..မင်းတို့ဒီညမွေးနေ့ကို ဘယ်လိုလုပ်မှာလဲ.."
"ညရောက်မှလည်းသွားလို့ရပါတယ်..အခုကအစောကြီးရှိသေးတယ်.."
"ပြီးတာဘဲ..ငါသွားတော့မယ်နော်.."
"အင်း..မြန်မြန်သွား..ငါ့ကဘေးအိပ်နေတာ..အနှောင့်အယှက်ဖြစ်တယ်..."
"ငါမင်းကို အမြင်ကပ်လာပြီးနော်..FAရှေ့မှာလာရိုပြနေတယ်..."
ရှောင်ရင်းသည် မနာလိုဖြစ်ရင်းထွက်သွားတော့သည်
YOU ARE READING
ချစ်ရတဲ့ဦး
RomanceCompany တစ်ခုရဲ့သူဌေး Yubinနဲ့ Bar တစ်ခုမှာ အချိန်ပိုင်းလုပ်နေတဲ့ကျောင်းသားလေ Fanxingတို့ရဲ့ တွေ့ဆုံမှု Yubinက Fanxingနဲ့ဆုံဖို့ ဘယ်လိုတွေ့ဖို့ ကြိုးစားသလဲဆိုတာ.... ဦးနဲ့ကလေးကြားက ဆက်ဆံရေးလေး ကိုပုံဖော်ထားတဲ့ romanceဇာတ်လမ်းတစ်ပုဒ်