Yubinသည် စောင်အုပ်ထားသော fanxingရဲ့ မျက်နှာကို တစ်စိမ့်စိမ့်ထိုင်ကြည့်နေလေသည်။ fanxingက
"မ..မနေ့က...ဘာဖစ်..သွားတာ...လဲ..."
"မင်း..ဘယ်ထိမှတ်မိလဲ.."
"Barမှာ အရက်သောက်ခိုင်းလို့ သောက်လိုက်တာတော့မှတ်မိတယ်..ပြီးတော့ သူ ဟိုကိုင်ဒီကိုင်လုပ်တယ်...ပြီး.."
"ဘာ..ဟိုကိုင်ဒီကိုင်... အဲ့ကောင်တော့ ငါသက်ပစ်တော့မယ်..."
Yubinသည် ဒေါသထွက်ပြီး ကုတင်မှဆင်းရန်လုပ်ရာ fanxingသည် Yubinအားလှမ်းဆွဲပြီး
"ခဏ နေပါအုံး..ဘယ်သွားမလို့လဲ.."
"ငါ..ဟိုကောင်.."
Yubinက fanxingရဲ့ မေးခွန်းကိုပြန်ဖြေရန် ပြန်လှည့်ရာYubinကို လှမ်းဆွဲလိုက်သောကြောင့် fanxingရဲ့ ကိုယ်ကို အုပ်ထားသော စောင်မှာကျွတ်ကျသွားခဲ့သည်။ Yubinသည် fanxingအား ငေးကြည့်ပြီး နှာခေါင်းထဲမှ သွေးများယိုကျလာလေသည်။ Yubinသည် fanxingရဲ့ ခန္တာ
ကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီ ကြည့်နေသည်ကို သတိထားမိသော fanxing သည် ရှက်ရှက်နဲ့
"နှာဘူးကြီး...ထွက်သွား..."
Yubinရဲ့ နှာခေါင်းတည့်တည့်ကို ထိုးလိုက်ပြီး အခန်းထဲမှမောင်းထုတ်လိုက်လေသည်။ Yibinရဲ့
နှာခေါင်းထဲမှသွေးများသည် ဆက်တိုက်ဆက်တိုက် ယိုကျလာခဲ့သည်။
"လှလိုက်တဲ့ ခန္တာကိုယ်....ခဏနေအုံး..စကားမပြတ်သေးဘူး...fanxing ..မနေ့က ဘာဖြစ်ခဲ့လဲဆိုတာ..မင်းသိ.."
Yubinသည် တံခါးမခေါက်ဘဲ ပြန်ဝင်သွားရာ မျက်နှာတည့်တည့်သို့ ခေါင်းအုံးပျံဝင်လာလေသည်။ Fanxingကရှက်ရှက်နှင့်
"ဘာပြောအုံးမလို့လဲ...ဟိုဘက်လှည့်ပြီးပြော.."
Yubinသည် ပစ်လိုက်သော.ခေါင်းအုံးကို ပွေ့ပြီး တံခါးဘက်ကိုညကျောပေးရင်း
"မနေ့က ဘာဖစ်သွားလဲ..သိချင်တယ်မဟုတ်လား.."
"ဟုတ်သား..မနေ့က ကျွန်တော်ဘာကို တောင်းဆိုနေတာလဲ...."
"မင်း..ငါ့ရဲ့ ကိုယ်ကို အရမ်းလိုချင်နေတာလေ...မနေ့ကမင်းရဲ့ မျက်နှာလေးက နီနီရဲရဲလေးနဲ့ အရမ်းလှနေတော့ငါလည်း.မငြင်းရက်ဘဲ..."
"ခင်..ခင်ဗျား..ကြီး...ကျွန်တော့ကို..ဘာတွေလုပ်လိုက်တာလဲ...."
Fanxingရဲ့ အသံများတစ်ဖြည်းဖြည်းတုန်ရီလာလေသည်။ Yubinက ကြိတ်ရယ်နေရင်း
"အဟမ်း...ကိုယ်ဘာမှတော့ မလုပ်ပါဘူး...မင်းနဲ့တူတူအိပ်ပေးဖို့ဘဲ ပြောတာ.."
"ဗျာ....ကျွန်တော်က..."
"ကိုယ့်စကား ဆုံးအောင်နားထောင်ပါအုံး...မင်းတစ်ညလုံး ကိုယ့်ကို ဖတ်အိပ်တယ်လို့ ပြောမလို့..."
"ဖက်..ဖက်အိပ်ရုံဘဲလား.."
"အင်း...."
Fanxingသည် အနောက်လှည့်နေသော Yubinအား နောက်ခေါင်းအုံးတစ်လုံးနဲ့ ကျောကို ရိုက်လေရာ Yubinက
"မင်း..မင်း..ဘာလုပ်တာလဲ..."
"ကျွန်တော် လန့်သွားတယ်မဟုတ်လား..မသိရင် မနေ့ကကျွန်တော်တို့နှစ်ယောက်တစ်ခုခု ဖြစ်သွားတဲ့ပုံနဲ့လာပြောနေတယ်..ထွက်သွား..ထွက်သွား.."
Fanxingသည် Yubinအား အခန်းထဲမှ အတင်းမောင်းထုတ်လေသည်။ နှစ်နာရီကြာပြီးနောက် Fanxingသည် အခန်းထဲမှ အပြင်သွားရန် ပြင်ဆင်ပြီး ထွက်လာလေသည်။
မီးဖိုချောင်ထဲမှ ထွက်လာသော Yubinက
"Fanxing...ထမင်းမချက်ဘူးလား...ဘယ်သွားမလို့လဲ"
မနေ့က လွတ်သွားတဲ့အတန်းက စာတွေပြန်ကြည့်မလို့ စာကြည့်တိုက်သွားမှာ..."
"မသွားခင်ချက်သွားပေးလေကွာ..."
"ဟူး..မနေ့က ခင်ဗျားကို အကြွေးတင်ထားလို့ ချက်ပေးလိုက်မယ်..."
Fanxingသည် လွယ်အိတ်ကို ဆိုဖာပေါ်တွင် တင်ရင်းမီးဖိုချောင်ထဲဝင်ကာ ဟင်းချက်လေသည်။ Fanxingတစ်ယောက် ဟင်းချက်နေတုန်း Yubinသည် လွယ်အိတ်ထဲမှ
Fanxingလေးရဲ့ ဖုန်းကိုယူပြီး.GPSထည့်လိုက်လေသည်။နာရီဝက်ကြာပြီးနောက် fanxingသည် မီးဖိုချောင်ထဲမှထွက်လာပြီး
"ဟင်း ၃မျိုးချက်ခဲ့တယ်..တစ်ယောက်ထဲစားမလိုက်နဲ့..ကျွန်တော်အတွက်လည်း ပါတယ်နော်..ပြီးတော့ ကျွန်တော် ညနေလောက်မှ ပြန်ရောက်မယ်..တာ့တာ..သွားတော့မယ်..အပြင်ထွက်ရင် အိမ်တံခါးသေချာပိတ်.."
"အင်းပါ..မိန်းမရာ..."
"ဘာပြောတယ်..ခင်ဗျားသေချင်နေပြီးလား.."
"ဟားဟား..သွားတော့လေ..စတာပါ.."
Fanxingသည် စာကြည့်တိုက်သို့ သွားလေသည်။ Yubinတစ်ယောက် ထမင်းစားနေချိန် သူ့ထံဖုန်းဝင်လာလေသည်။
"ဘာကိစ္စလဲ..."
Yubinရဲ့လေသံသည် fanxingအား ပြောသည့်လေသံနှင့်ကွာခြားသွားပြီး အေးစက်စက်ဖြစ်သွားလေသည်။
"သူဌေး....Dလုပ်ငန်းက ဥက္ကဌ..ကုမ္ပဏီ ကိုရောက်လာပြီး
သူဌေးနဲ့တွေ့ချင်တယ်ဆိုပြီး.သောင်းကျန်းနေတယ်..."
"သူ့ကိုစောင့်ခိုင်းထားလိုက်..ချက်ချင်းလာခဲ့မယ်..."
Yubinသည် ထမင်းစားနေသည်ကို ရပ်ပြီး အခန်းထဲဝင်ရင်း.ရှောင်ရင်းဆီဖုန်းဆက်ကာ
"ရှောင်ရင်း..ငါ့ကိုလာကြိုဖို့ကား လွှတ်လိုက်..ပြီးတော့ မနေ့က barမှာဖြစ်သွားတဲ့ cctvလိုချင်တယ်.."
"ဟာ..Dလုပ်ငန်းက ရောက်လာကြတာ ထင်ထားတာထက်တောင် စောနေပါလား..."
"အင်း..သူတို့..ငါ့ကလေးကို ထိရဲတဲ့အကျိုးကို ပြန်ခံစားစေရမယ်..."
"ဟားဟား..ကလေးတဲ့လား..ပိုင်စိုးပိုင်နက်နဲ့ ခေါ်နေတယ်...နောက်၃မိနစ်နေရင် ကားရောက်မယ်..ပြင်ဆင်ထားလိုက်.."
"အေး..ပြီးတော့ ငါ့ကလေးကို စောင့်ရှေက်ဖို့လူတစ်ယောက် လွှတ်ထားလိုက်..ငါ့ကလေး မသိစေနဲ့..."
"ငါ့ကလေး..ငါ့ကလေးနဲ့ တော်တော်ဖြစ်..ဟိုက သိလို့်ကတော့ မြင်ယောင်သေး..."
Yubinသည် ဖုန်းချပြီးနောက် ဗီရိုဖွင့်ကာ အနောက်တိုင်းဝတ်စုံပြည့်၊ုကုတ်ကို ထပ်ဝတ်ပြီး ဆံပင်ကို သေချာပြင်လိုက်သည်။ တကယ့်သူဌေးပုံစံပြန်ပြောင်းသွားလေသည်။
Unicode
YOU ARE READING
ချစ်ရတဲ့ဦး
RomanceCompany တစ်ခုရဲ့သူဌေး Yubinနဲ့ Bar တစ်ခုမှာ အချိန်ပိုင်းလုပ်နေတဲ့ကျောင်းသားလေ Fanxingတို့ရဲ့ တွေ့ဆုံမှု Yubinက Fanxingနဲ့ဆုံဖို့ ဘယ်လိုတွေ့ဖို့ ကြိုးစားသလဲဆိုတာ.... ဦးနဲ့ကလေးကြားက ဆက်ဆံရေးလေး ကိုပုံဖော်ထားတဲ့ romanceဇာတ်လမ်းတစ်ပုဒ်