Yubinအိမ်၌
"ဘာ...မင်္ဂလာဆောင်မယ်.."
"ဟုတ်.."
Yubinရဲ့ အဖိုးက လန့်သွားကာ
"Yubinရေ...မင်္ဂဆောင်တာတော့ ဟုတ်ပါပြီး...ဘာ
လို့မနက်ဖန်လဲ...နောက်လမှ ဆောင်လည်းရတာဘဲ"
"ကျွန်တော် Fanxingကို လိုချင်နေပြီး...အ.."
Yubinရဲ့စကားကိုကြားပြီးနောက် ဘေးတွင်ထိုင်နေ
သော Fanxingက လက်မောင်းကို ဆွဲဆိတ်လိုက်သည်။ Fanxingက
"အဖိုး..အမေ..အဖေ..Yubinနောက်နေတာပါ..."
"Fanxing...ကိုယ်နဲ့လက်မထပ်ချင်ဘူးလား.."
"စကားကိုဆုံးအောင် နားထောင်ပါအုံး.."
"ကျွန်တော်တို့ မုန်လာဥလေးမွေးနေ့မှာ တစ်ခါတည်း
လက်ထပ်ချင်ပါတယ်.."
"အယ်...ဘာလို့လဲ..."
"လက်ထပ်ပွဲရဲ့ ကုန်ကျစရိတ်ကို ကျွန်တော်တို့ဘာ
သာ စီစဉ်ပါ့မယ်..."
"ဟမ်.. "
Yubinက ကြောင်သွားပြီး အဖေဖြစ်သူက
"ဘာလို့လဲ...Fanxing..."
"မုန်လာဥလေးအတွက်နဲ့ကျွန်တော်တို့အတွက် ကုန်
ကျစရိတ်တွေ များလှပါပြီး...ကျွန်တော်အားနာလွန်း
လို့ပါ..."
"Fanxing..."
အဖိုးက ကြားဖြတ်ဝင်ပြီး
"Fanxing..အဖိုးတို့က မိသားစုတွေဖြစ်နေပါပြီး..
အာနာစရာမလိုပါဘူး..."
"အဖိုး...အမှန်တော့ ကျွန်တော်ရဲ့ မင်္ဂလာပွဲအတွက်
ငွေစုထားတာဘေးရှိတာဘဲ...ကျေးဇူးပြုပြီး ဒီမင်္ဂ
လာပွဲကို ကျွန်တော်တို့ကုန်ချခံချင်ပါတယ်..."
"ကဲ...ဟုတ်ပါပြီး...အဲ့ဒီအစား...မုန်လာဥလေးရဲ့
မွေးနေပွဲကို ကျင်းပခွင့်ပေးပါ.."
"ဗျာ..."
"အဖိုး...မင်းရဲ့အကြောင်းကို အသေးစိတ်စုံစမ်းပြီး
ထားတာ သိတယ်နော်..."
"ဟုတ်..."
"မင်းလည်း မိဘမဲ့လေးတွေကို ငွေထောက်ပံ့နေတာ
သိပါတယ်...ပြီးတော့အဲနေရာမှာ အိမ်သေးသေးမ
ဟုတ်တော့ဘဲ ဂေဟာဆောက်ပေးထားတယ်.."
"အဲ...ဘယ်တုန်းက အဲ့လောက်ထိ..."
"Yubin..ဆောက်ပေးထားတာလေ...
"ဦး..."
Fanxingက Yubinကို ကြင်နာသောမျက်နှာဖြင့်
ကြည့်ရင်း Yubinတစ်ယောက် ဂုဏ်ယူနေလေသည်။
ထိုအချိန်မှာဘဲ Fanxingသည် Yubinရဲ့ ခြေထောက်
ကို အားရပါးရနင်းချလိုက်သည်။ Yubinက
"အား..Fanxing...ဘာလို့ကိုယ့်ကို နင်းရတာလဲ"
"ဦး...ဘယ်တုန်းက ဆောက်ပြီး ကျွန်တော်ကို ဘာလို
မပြောပြရတာလဲ...ဟမ်..."
"အဲ...ဟို...တစ်နှစ်လောက်တော့ရှိပြီးထင်တယ်.."
"ဘာ..တစ်နှစ်တောင် မပြောဘဲသိပ်ထားတယ်ပေါ့
လေ..."
"အား...ထပ်မနင်းပါနဲ့တော့...နာတယ်..."
"ခင်ဗျားက အဲ့ဒါနဲ့ဘဲတန်တယ်..."
Fanxingလေး အနိုင်ကျင့်နေသော Yubinအား
ကြည့်ပြီး မုန်လာဥလေးတစ်ယောက် လက်လေးတွေ
လှုပ်ရှားပြီး မျက်လုံးဝိုင်းဝိုင်းလေးနဲ့. အားပါးရရယ်
နေလေသည်။ အဖိုးက
"မုန်လာဥလေးတောင် ရယ်နေပြီး...Yubinရေ...
မင်းနည်းနည်းလောက်ရင့်ကျက်စမ်းပါ.."
အမေတို့က ရယ်မောနေရင်း အမဖြစ်သူက
"အသက်ကဖြင့် သင်္ချိုင်းနားနီးနေပြီး...မရင့်ကျက်
တတ်တော့ဘူးလား..."
"အမလိုမျိုး....မျောက်ကတုံး ဖြစ်တာထက်စာရင်
ကောင်းသေးတယ်..."
"ဟဲ့...နင်တစ်ပွဲလောက်လွှဲချင်နေတာလား.."
"လာလေ...ကြောက်မယ်များထင်နေလား..."
ရှီလျန်းသည် အင်္ကျီလက်ကို ဆွဲတင်ပြီး ယောက်ျား
ဖြစ်သူအား လွယ်ထားသောအိတ်ကို ကမ်းပေးလိုက်
သည်။ ယောက်ျားဖြစ်သူက
"မိန်းမ...မလုပ်ပါနဲ့..."
"ဒီကောင်စုတ်ကို မလုပ်လို့မရဘူး...ကျွန်မတော်တော်
သည်းခံနေရတာ..ရှင်ကျွန်မကို မဆွဲနဲ့..."
"မိန်းမ...အမေတို့ရှိနေတယ်.."
"ဟုတ်သား...ဟဲ့...ဝက်စုတ်..ငါတို့လသာဆောင်မှာ
Fightမယ်...သဘောတူလား..."
Yubinလည်း ထလာပြီး အပေါ်မှထပ်ဝတ်ထားသော
ကုတ်ကိုချွတ်ပြီး ဆိုဖာပေါ်ပစ်တင်ရင်း
"စိန်လိုက်လေ..."
အင်္ကျီလက်ခေါက်တင်ရင်း ပြောနေသည်။ Fanxing
က
"ဦး...မလုပ်နဲ့..."
"မရဘူး..သူကိုယ့်ကိုအကြီးကြီး ဖဲ့နေတာ..အမ..
သွားမယ်..."
မောင်နှမနှစ်ယောက် လသာဆောင်ပေါ်သို့ ပြိုင်တူ
တတ်သွားလေသည်။ Fanxingနဲ့ယောက်ဖဖြစ်သူက
"Fanxing...ငါတို့လိုက်သွားသင့်လား..."
"သေချာပေါက်လိုက်သွားသင့်တာပေါ့..."
"လာ..သွားမယ်.."
Fanxingလည်း မုန်လာဥလေးကိုချီပြီး ယောက်ဖ
ဖြစ်သူနှင့် အနောက်မှလိုက်သွားလေသည်။ အမေဖြစ်
သူက
"အဖေ..တားသင့်လား.."
"ထားလိုက်...သူတို့လည်း ရန်မဖြစ်တာကြပြီးလေ.."
လသာဆောင်၌ Yubinနှင့် ရှီလျန်းတို့နှစ်ယောက်သား
အသေစိုက်နေကြရင်း
"Yubin...ငါနိုင်ရင်..ဘာပေးမလဲ..."
"အမ...ဘာလိုချင်လဲ..."
"ငါနိုင်ရင် မုန်လာဥလေးကို ငါတို့လင်မယား တစ်
ပတ်ခေါ်ထားမယ်..."
"ဘာ...တပတ်ကြီးတောင်..."
"အာ့ဆို ငါကိုနိုင်အောင်လုပ်လေ..."
"အာ့ဆို...ကျွန်တော်နိုင်ရင်း ကျွန်တော်တို့ဟန်နီးမွန်း
လက်ဆောင်နေအနေနဲ့ အီဂျစ်ကို ၄ရက်အိပ်ခရီးစဉ်
လက်ဖွဲ့ပေးရမယ်...ဘယ်လိုလဲ.."
"ဘာ...၄ရက်တောင်..."
"မကျေနပ်ဘူးလား..."
"ထားပါတော့..ဒီလောက်ကတော့အသာအယာဘဲ"
Fanxingက
"အကိုရေ...သူတို့တဂယ်ကြီးဖိုက်ကြတော့မယ်...
တစ်ခုခုလုပ်ပါအုံး..."
"ငါလည်းမတားနိုင်ဘူး...ရှီလျန်းပြောပြဖူးတာတော့
သူတို့ရန်ဖြစ်ရင် ဘယ်သူမှ တားလို့မရဘူးတဲ့..."
"အဲ..ထိခိုက်ကုန်ရင် ဘယ်လိုလုပ်မလဲ.."
Fanxingက စိတ်ပူနေသောလည်း မုန်လာဥလေးက
တော့ Fanxingလက်တွင် ခြေထောက်ရမ်းကာ ပျော်
ရွှင်နေသည်။ Fanxingက
"မုန်လာဥလေးက ပျော်နေပါလား...ဖေဖေ့ကိုအား
ပေးလိုက်ပါအုံး..."
"ဒက်ဒက်...ဒက်ဒက်"
Yubinက လှည့်ကြည့်ပြီး ပြုံးကာ
"ဖေဖေ့သေချာပေါက်နိုင်အောင်လုပ်ပြီး...အီဂျစ်ကို
သွားရအောင်..."
"ဒက်ဒက်..."
ထိုသို့ပြောပြီးနောက် အဆင်သင့်အနေအထားပြင်
ကာ ရှေ့၌ ရှိသော ရေ၁၅ခွက်ကို မြန်မြန်သောက်လေ
သည်။ Fanxingက
"အဟက်...အသေအလဲပြိုင်မယ်ပြောတာက ရေ
ပြိုင်တာလား..."
"ဟုတ်ပ...ငါလည်း သူတို့Fightကြတော့မယ်ထင်
နေတာ..."
နှစ်ယောက်သား စိတ်ပျက်လက်ပျက်အကြည့်ဖြင့်
ကြည့်နေတော့သည်။ ၁၀မိနစ်ကြာပြီးနောက် Yubin
က အရင်ပြီးသွားပြီး
"ဟာ....ကျွန်တော်ကုန်သွားပြီး...အမ..ကျွန်တော်
နိုင်ပြီး..."
"ဟင့်...ခုနက ငါတို့အပြင်ထွက်ပြီး လက်ဖက်သောက်
ခဲ့လို နင်နိုင်သွားတယ်မှတ်..."
"ဘာဘဲဖစ်ဖြစ်....မုန်လာဥလေးရေ...ဖေဖေနိုင်
သွားပြီး...ရေး.."
Yubinသည် မုန်လာဥလေးနဲ့ Fanxingကိုပြေးဖတ်
ရင်း ပျော်နေလေသည်။ Yubinက ရှုံးသွားသော အမ
ဘက်လှည့်ကာ
"အမ...လက်ဖွဲ့နော်...ကျေးဇူးတင်တဲ့အနေနဲ့ မုန်လာ
ဥလေးကို တစ်ရက်ပေးမယ်..."
"ရဘူး...တရက်တည်းနဲ့မရဘူး.."
"အာ့ဆိုလည်း မွေးလိုက်ပေါ့..."
"နင်...ယောက်ျား...ကျွန်မတို့ဒီည ရအောင်လုပ်
ကြမယ်..."
ယောက်ျားဖြစ်သူကလန့်သွားရာ
"ဘာ....ဒီည..."
"အင်း...သူတို့ကိုကြည့်မရလွန်းလို့ ကလေးမွေးရ
တော့မယ်..သွားမယ်...ဒါနဲ့...မုန်လာဥလေးကို မနက်
ဖန်လာပို့နော်..."
"ဟုတ်ကဲ့ပါ...fanxing...ကိုယ်တို့လည်းပြန်ရ
အောင်..."
"ဟုတ်ပါပြီး..မုန်လာဥလေးလည်း အိပ်ငိုက်နေပြီး.."
မုန်လာဥလေးသည် ပါးစပ်သေးသေးလေးကို ပြဲ
အောင်သမ်းပြီး လက်အိတ်စွပ်ထားသော လက်နှင့်
မျက်လုံးကို ပွတ်နေလေသည်။ ထိုနှင့် အမေတို့ကို
နှုတ်ဆက်ပြီး အိမ်သို့ပြန်လာခဲ့သည်။ မုန်လာဥလေး
ကို သိပ်ပြီး နွေးနွေးထွေးထွေးဖြစ်အောက်လုပ်ပေးပြီး
နောက် Yubinက
"Fanxing...ဘာလို့ လက်ထပ်ပွဲကို မုန်လာဥလေး
မွေးနေ့နဲ့တိုက်လုပ်ရတာလဲ .."
"ပိုက်ဆံအကုန်ကျသက်သာအောင်လေ...ပြီးတော့
မုန်လာဥလေးမွေးနေ့ပွဲနဲ့ ကျွန်တော်တို့ မင်္ဂလာနှစ်ပတ်
လည်နဲ့တူသွားတာပေါ့.."
"ဒါမဲ့...ကိုယ်မင်းပိုင်ဆိုင်နေပြီး..."
"အခုလည်း ဒီလက်စွပ်နဲ့ ချည်နှောင်ထားတယ်မဟုတ်
လား...ကျွန်တော်က ဦးရဲ့အပိုင်ဖြစ်နေပြီးသားဘဲလေ
...အာ့ကြောင့် စိတ်ပူမနေနဲ့တော့...နော်..."
"Fanxing..ကိုယ် ကိုယ့်အမကိုနိုင်လာတဲ့အနေနဲ့
ဆုမပေးချင်ဘူးလား..."
"ဘာဆုလိုချင်လို့လဲ..."
"ကိုယ့်ကိုနမ်း..."
"ဟမ်.. "
"နမ်းပေး...နော်..."
Yubinသည် Fanxingကို ကုတင်ပေါ်တွင်ဒူးထောက်
လျက် တင်ပြီး Yubinကခြေထောက်ရင်း Fanxing
က အကြင်နာပေးလေသည်။ ထို့နောက် Yubinသည်
Fanxingကို ကုတင်နောက်သို့တစ်ဖြည်းဖြည်းလှဲချ
ရင်းနဲ့(ကိုယ့်ဘာသာတွေးကြတော့နော်...ဘာတွေ
တွေးကြမလဲတော့မသိဘူး...😂😂😂)
VOUS LISEZ
ချစ်ရတဲ့ဦး
Roman d'amourCompany တစ်ခုရဲ့သူဌေး Yubinနဲ့ Bar တစ်ခုမှာ အချိန်ပိုင်းလုပ်နေတဲ့ကျောင်းသားလေ Fanxingတို့ရဲ့ တွေ့ဆုံမှု Yubinက Fanxingနဲ့ဆုံဖို့ ဘယ်လိုတွေ့ဖို့ ကြိုးစားသလဲဆိုတာ.... ဦးနဲ့ကလေးကြားက ဆက်ဆံရေးလေး ကိုပုံဖော်ထားတဲ့ romanceဇာတ်လမ်းတစ်ပုဒ်