"ဘာလုပ်ခဲ့လို့လဲ..."
"ဒီမှာကြည့်..."
"တော်တော့..စိတ်ထိန်း....စိတ်ထိန်း..မင်း အားနည်းချက်ကို သိသွားလိမ့်..စိတ်ထိန်း...."
"လိုချင်တာဘာလဲ..."
"ကောင်းပြီး..."
ရှောင်ရင်းသည် Yubinရဲ့ပုံစံကို ကြည့်ပြီး အံ့အားသင့်နေ၏။ ထိုအချိန်တွင် Yubinဆီသို ဖုန်းဝင်လာသည်။
"အင်း..ပြော..fanxing..."
"အင်းအင်း...Yubinရေ..."
"ပြော.."
"Fanxing..."
"အော်...ဦး...ဦးရဲ့ဝတ်စုံက..."
"ပေး..ဦးသယ်ပေးမယ်.."
"အင်း.."
Unicode
Yubinသည်အဝတ်လဲပြီး ကားရောက်သည်နှင့်အနောက်ခန်းတွင်စတိုင်ကျကျဝင်ထိုင်လိုက်သည်။ ကား ထဲ၌ သူရဲ့လက်ထောက်အတွင်းရေးမှူးလည်းပါခဲ့သည်။ Yubinက
"ရှောင်ရင်း..မင်းကို.CCTVမှတ်တမ်းပို့ထားပြီးပြီးလား.."
"ဟုတ်ကဲ့..boss..ပို့ထားပြီးပါပြီး..ဆရာရှောင်ရင်းကတော့ အရင်သွားနှင့်မယ်ပြောတယ်..."
"အင်း...ဟုတ်ပြီး..မြန်မြန်သွားရအောင်..."
Yubinသည်ကားပြတင်းပေါက်ပေါ်တွင်လက်ထောက်ရင်း အတွေးတွေထဲနစ်မြောနေခဲ့သည်။ ကုမ္ပဏီသို့ရောက်သောအခါ Yubinသည်တံခါးစောင့်တံခါးလာဖွင့်ပေးသည်နှင့်ကားပေါ်မှမြန်မြန်ဆင်းကာ အပေါ်ဆုံးထပ်၊ သူဌေးရုံးခန်းကို သွားလေသည်။ Yubinဝင်လာသည်နှင့်ဝန်ထမ်းများက
"ဆရာ့ကို ၃ရက်မတွေ့တာ..ချောလာသလိုဘဲ..."
"အေး..ဟုတ်တယ်...စတိုင်လည်းပိုမိလာတယ်.."
Yibinသည်ဝန်ထမ်းများအား အပြုံးတစ်ချက်နှင့်နှုတ်ဆက်ပြီး ဓာတ်လှေကား ထဲသို့ဝင်သွားလေသည်။ အပြုံးကိုမြင်ခဲ့ကြသော ဝန်ထမ်းမလေးများ ဟက်ထိသွားခဲ့သည်။ ရုံးခန်းထဲတွင်ကျကျနနနှင့်လက်ဖက်ရည်သောက်ကာစောင့်နေသော Dလုပ်ငန်းမှ သူဌေးကိုတွေ့လေသည်။ Yubinသည်ထိုသူဌေးနှင့်မျက်နှာချင်းတွင်ထိုင်ပြီးခြေချိတ်ကာ ဆ်ိုဖာအနောက်သို့မှီလိုက်သည်။ မကြာမီမှာဘဲရှောင်ရင်းလဲ စာရွက်စာတမ်းအချို့ကို ယူကာ ဝင်လာပြီးစားပွဲပေါ်တွင်ပစ်ချလိုက်သည်။ Yubinက
"လာရင်းကိစ္စပြောပါအုံး..."
"ခင်ဗျား..လာရင်းကိစ္စကိုသိပါတယ်...မနေ့က ကျွန်တော့်သားကို ခင်ဗျားရိုက်လိုက်တဲ့ကိစ္စ....သားဖြစ်သူကိုလည်းရိုက်ပြီး စာချုပ်လည်း ဖျက်လိုက်တယ်...အဲ့ဒီကိစ္စကို မကျေနပ်ဘူး..."
"ဒီမှာ..ခင်ဗျားသားမနေ့က ဘာလုပ်ခဲ့လဲသိလား..."
"ဘာလုပ်ခဲ့လို့လဲ..."
"ဒီမှာကြည့်..."
Laptopထဲတွင်သွင်းထားသော videoကို ချပြလိုက်သည်။ Dလုပ်ငန်းစုက သူဌေးဖြစ်သူ ကြည့်ရင်း မျက်လုံးပြူးသွားသည်။
"ကျွန်တော့သားက အရင်ထဲကဒီလိုဘဲလေ..အခုလဲသူကကောင်လေးကို တစ်ညတာသုံးဖို့မြူဆွယ်တာဘဲရှိတာ..ပြီးတော့ အဲ့ကောင်လေးက ဘာမဟုတ်တဲ့မိဘမဲ့ကောင်လေးဘဲကို..."
"ဘာပြောတယ်...ဘာမဟုတ်တဲ့မိဘမဲ့ကောင်လေး?...
ခင်ဗျားသိလား..သူက ငါ့အတွက်ဘယ်လောက်အဖိုးတန်လဲဆိုတာ...."
Yubin သည်fanxingအား ထိုသို့ပြောသည်ကို စိတ်တိုကာ တစ်ဖက်တွင်ရှိသော သူဌေးရဲ့ကော်လံစကို.ဆွဲကာ ထိုးရန်လုပ်လေသည်။ရှောင်ရင်းက ဝင်ဆွဲရာ
"တော်တော့..စိတ်ထိန်း....စိတ်ထိန်း..မင်း အားနည်းချက်ကို သိသွားလိ်မ့်..စိတ်ထိန်း...."
ရှောင်ရင်းသည်Yibinအားစိတ်ထိန်းရန်မနဲပြောယူရသည်။Yubinသည်စိတ်ပြန်ထိန်းက ပြန်ထိုင်ချလိုက်ပြီး
"ဟူး...ကျွန်တော်တစ်ခါဘဲပြောမယ်...ခင်ဗျား ကျွန်တော်တို့နှင့်ချုပ်ထားတဲ့စာချုပ်ကို ပြန်လိုချင်ရင်ခင်ဗျားသားကို အဲ့ကောင်လေးကို ပြန်တောင်းပန်ခိုင်းလိုက်..."
"မင်းတို့ရဲ့ ဘာမဟုတ်တဲ့စာချုပ်ကို ငါက စိတ်ဝင်စားမယ်ထင်လား....ဆောရီးဘဲ..."
ထိုသူဌေးက ထထွက်သွားရန်လုပ်ရာ
"ခင်ဗျား.ဒီနှစ်တွေမှာ အခွန်တွေရှောင်ထားတယ်နော်..ဒါကိုသာ သက်ဆိုင်သူဆီချပြလိုက်ရင်.."
"လိုချင်တာဘာလဲ..."
"ပြောပြီးပြီးလေ...ခင်ဗျားသားကိုတောင်းပန်ခိုင်းတယ်လေ...."
"ကောင်းပြီး..."
ထိုသူဌေးသည်စိတ်တိုစွာပြန်ထွက်သွားပြီးနောက်Yubinက
"တော်တော်လက်ပေါက်ကပ်တဲ့သူဌေးဘဲ..."
"မင်းလုပ်သွားမိုက်တယ်ကွာ...သွေးအေးအေးနဲ့ပြောချသွားတာ...လေးစားပါတယ်..."
"ညနေတောင်ရောက်နေပြီး...ဒီအဖိုးကြီးလုပ်လို့ အိမ်မှာထမင်းတောင်ကောင်းကောင်းမစားလိုက်ရဘူး..မုန်းလိုက်တာ...တဂယ်.."
"ဟားဟား...မင်းကလေးချက်ထားတဲ့ ဟင်းလား.."
"ဟုတ်တယ်..သူချက်ထားတဲ့ဟင်းက အကောင်းဆုံးဘဲ.."
"သူ့ကလေးအကြောင်းပြောပြီးဆို ပုံစံကပြောင်းသွားတာဘဲ..."
ရှောင်ရင်းသည်Yubinရဲ့ပုံစံကို ကြည့်ပြီး အံ့အားသင့့်နေ၏။ ထိုအချိ်န်တွင်Yubinဆီသိူ ဖုန်းဝင်လာသည်။
"အင်း..ပြော..fanxing..."
"ဦး..ဘယ်မှာလဲ..အိမ်မှာလား..."
"မဟုတ်ဘူး..ကုမ္ပဏီမှာ..သူဌေးအလုပ်ခိုင်းထားလို့.."
"ဦးသူဌေးက တဂယ့်မကောင်းဆိုးဝါးဘဲ..အလုပ်နားရက်မှာတောင်ခိုင်းတယ်..."
ထိုစကားကြားပြီးနောက်ရှောင်ရင်းသည်ဘေးနား၌ ကြိတ်ရယ်နေလေသည်။ Fanxingက
"ဦး..ဘယ်ချိန်ပြန်လာမှာလဲ.."
"အခုလာတော့မို့..ဘာလုပ်မို့လဲ..."
"ရေခဲမုန့်စားမလား...ဝယ်ခဲ့မယ်..."
"အင်း..ဝယ်ခဲ့...စောင့်နေမယ်..."
Yubinသည်fanxingနဲ့စကားပြောရာတွင်ချိုသာပြီး တခြားသူနဲ့ပြောရင်တော့သေွးအေးသွားလေသည်။(ချစ်တာကိုး..😂😂) Yibin က
"ရှောင်ရင်း..ငါပြန်တော့မယ်..မနက်ဖန်အလုပ်လာရင်လက်စသတ်ရမဲ့အလုပ်တွေ စားပွဲပေါ်တင်ထားပေး"
"အင်းအင်း...Yubinရေ..."
"ပြော.."
"ငါ့ကို မင်းကလေးကိုပြောတဲ့အတိုင်းပြောကြည့်ပါလား.."
"မင်းက ငါ့ကလေးမို့လို့လား..ငါ့ကလေးကလွဲပြီး ဘယ်သူကိုမှ အဲ့လိုမပြောဘူး..သွားပြီး..."
"တော်တော်ဘက်လိုက်တဲ့ကောင်ယ..ဟူး.ရင်မောတယ်"
Yubinသည်အိမ်သို့ပြန်ရောက်လာသောအခါ fanxingနှင့်ဆုံလေသည်။ Yubinက
"Fanxing..."
"အော်...ဦး...ဦးရဲ့ဝတ်စုံက..."
"အော်..ဟို..သူဌေးက လက်ဆောင်ပေးလိုက်တာ.."
"အင်း..အင်...ဒီမှာရေခဲမုန့်ဝယ်လာတယ်..စားရအောင်.."
"အင်...အိမ်အထိဘယ်သူအရောက်ပြေးနိုင်လဲပြေးကြည့်မလား.."
"ကျွန်တော့မှာ အထုတ်တွေနဲ့ကို..."
"ပေး..ဦးသယ်ပေးမယ်.."
"အင်း.."
Fanxingသည်Yubinကိုရေခဲမုန့်ပေးပြီးသည်နှင့်ပြေးလေသည်။ နှစ်ယောက်သား.ရယ်မောလျက်ပြေးနေသည်ကိုစောင့်ကြည့်ပြီး ဓာတ်ပုံရိုက်နေသူတစ်ယောက်ရှိနေသည်။
kyelsinthawdar
KAMU SEDANG MEMBACA
ခ်စ္ရတဲ့ဦး
RomansaCompany တစ်ခုရဲ့သူဌေး Yubinနဲ့ Bar တစ်ခုမှာ အချိန်ပိုင်းလုပ်နေတဲ့ကျောင်းသားလေ Fanxingတို့ရဲ့ တွေ့ဆုံမှု Yubinက Fanxingနဲ့ဆုံဖို့ ဘယ်လိုတွေ့ဖို့ ကြိုးစားသလဲဆိုတာ.... ဦးနဲ့ကလေးကြားက ဆက်ဆံရေးလေး ကိုပုံဖော်ထားတဲ့ romanceဇာတ်လမ်းတစ်ပုဒ်