"ဟေ့..ဆက်မရီနဲ့တော့ .."
..."
"မင်းနာမည်ဘယ်လိုခေါ်လဲ..."
"30..ကျော်ပြီးမဟုတ်လား..."
"Yubin.."
"ဟယ်လို..."
"သား..မနေ့ကဘာလို့ မပြန်လာတာလဲ..အမေစိတ်ပူနေတာ..."
"ဟမ်.."
"ဒါဘဲနော်...'
"ဖေကြီး...ဖေကြီး."
"ဘာဖြစ်တာတုန်း..."
Unicode
fanxingသည်ရေချိုးပြီးနောက်ဝတ်ရန်Yubinအတွက်အဝတ်အစားများကို သွားရှာပြီးရေချိုးခန်းရှေ့၌ ထားထားပေးခဲ့သည်။ Yubinလည်းရေချိုးပြီးထွက်လာရာ အခန်းရှေ့တွင်ထားထားသော အဝတ်ကို ယူဝတ်ပြီး fanxingရှိရာ မီးဖိုချောင်ထဲသို့ရောက်လာခဲ့သည်။ ရှပ်အင်္ကျီ၏ရှေ့ဘက်တွင်မစ်ကီးမောက်ရုပ်နှင့်ဘောင်းဘီတိုကို ဝတ်ထားသောYibinကိုကြည့်၍ fanxingသည်ရယ်ချင်စိတ်ကိုထိန်းမနိုင်တော့ဘဲ ခုံကိုထုကာ ရယ်မောလေသည်။
"ဦး..ခင်ဗျားဝတ်ထားတဲ့ပုံစံနဲ့ လိုက်ဖက်နေရော..ဟား ဟား ဟား....မနေ့ကတော့ အနောက်တိုင်းဝတ်စုံနဲ့အခုကျတော့ကလေးအင်္ကျီနဲ့..ဟား ဟား ဟား..ရယ်ရတာ..ဗိုက်ပါနာတယ်..."
"ဟေ့..ဆက်မရီနဲ့တော့ .."
"အဟမ်း..အဟမ်း...ဦး..အခုခေါင်းကိုင်နေသေးတယ်မဟုတ်လား...မနေ့က ကျွန်တော်လာပို့တဲ့ အရက်တွေနဲ့ဆိုသောက်ပြီး မနက်ကျရင်ခေါင်းကိုက်နေမှာဘဲ...ထိုင်လေ
..ခင်ဗျား..အတွက်..အမူးပြေဟင်းရေလုပ်ထားပေးတယ်
..."
Yubinသည်ထိုင်ခုံနှစ်လုံးရှိရာ fanxingနဲ့မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။ Yubinက စားရင်းနဲ့
"မင်းနာမည်ဘယ်လိူခေါ်လဲ..."
"ကျွန်တော့နာမည်က fanxing....ဦးကရော.."
"နေစမ်းပါအုံး..ဘာလို့ငါ့ကို ဦး..ဦး..နဲ့ခေါ်နေရတာလဲ.."
"ဒီမှာ..ခင်ဗျား..အသက်ကိုလည်းပြန်ကြည်ဦးအဖိုးကြီးလို့မခေါ်တာကံကောင်းတယ်မှတ်..."
"ဘာ..ဘာ..အဖိုးကြီးတဲ့လား...မေးပါရစေအုံး.. .မင်း
ငါ့ကို အသက်ဘယ်လောက်ရှိပြီးထင်လို့လဲ..."
"30..ကျော်ပြီးမဟုတ်လား..."
"အဲ့လောက်ဘဲရှိသေးတာလေ..ဘာလို့ ဦးလို့ခေါ်နေရတာလဲ..."
"ဟာ...တော်ပါတော့ဗျာ..မနက်စာကိုအေးဆေးစားချင်တယ်ဗျာ..ပြီးရင်ကျောင်းသွားရအုံးမှာ...ဒါနဲ့ ..ခင်ဗျားကဘာအလုပ်လုပ်လဲ..."
"ငါ..ငါလား...သူဌေးရဲ့လက်ထောက်..."
"လာလိမ်နေပြန်ပြီး...ခင်ဗျားက စီးပွားရေးဘုရင်ဆို..."
"ဘယ်သူပြော....မဟုတ်ပါဘူး..ငါက သူဌေးလက်ထောက်...ပြီးတော့ မနေ့က သူဌေးမအားလို့ အစားလိုက်သောက်ပေးရုံပါ..."
"အော်..အဲ့တာကြောင့်မနေ့က သူတို့ထားသွားတာကို.."
Fanxingက မယုံသင်္ကာသောမျက်လုံးဖြင့် ကြည့်ရာ Yubinက
"တကယ်ပြောနေတာ...မယုံလည်းနေပေါ့..."
"ထားပါတော့..ယုံလိုက်မယ်.....ခင်ဗျားစားပြီးရင်ပန်းကန်တွေကို အုပ်စောင်းအောက်ထဲထည့်လိုက်..ပြီးရင်ပြန်တော့မှာ မဟုတ်လား..အထဲကလော့ချသွားနော်..ကျွန်တော်ကျောင်းသွားတော့မယ်...ခင်ဗျား..နာမည်က"
"Yubin.."
"အင်..ဦး..ကျွန်တော်သွားပြီး..."
Fanxingထွက်သွားပြီးနောက်Yubinသည်အေးဆေးဘဲ ထမင်းစားပြီး နှပ်နေတုန်း..သူ့ထံဖုန်းဝင်လာလေသည်။
"ဟယ်လို..."
"သား..မနေ့ကဘာလ်ို့ မပြန်လာတာလဲ..အမေစိတ်ပူနေတာ..."
"အဲ့တာ အသာထား...အမေ..ကျွန်တော်တစ်ပတ်လောက်အလုပ်နားချင်လို့...ရှောင်ရင်းကို ကျွန်တော့အစားအလုပ်ပေးလိုက်ပါ..."
"ဘာလို့လဲ..သားဘယ်သွားမို့လဲ..."
"ဘယ်မှမသွားပါဘူး..ကျွန်တော်ပျော်မလို..."
"ဟမ်.."
"ဒါဘဲနော်...'
ဖုန်းအရင်ချသွားသော Yubinအား အမေဖြစ်သူက
"ဖေကြီး...ဖေကြီး."
"ဘာဖြစ်တာတုန်း..."
ဧည့်ခန်းထဲတွင်သတင်းစာဖတ်နေသောဖေကြီးအား
"သားလေ..ထူးဆန်းနေတယ်...ကျွန်မဒီနေ့သူ့ကိုဖုန်းဆက်လိုက်တယ်..သူ့အသံပျော်နေသလိုဘဲ..မနေ့က အကျိုးကြောင့်သူချစ်ရမဲ့သူတွေ့သွားပြီး ထင်တယ်...နေအုံးရှောင်ရင်းဆီဖုန်းဆက်ရမယ်..."
အမေဖြစ်သူသည်သားအကြောင်းမေးရန်
ရှောင်ရင်းအား အလောတကြီးနဲ့ဖုန်းဆက်လေသည်။
kyelsinthawdar
ESTÁS LEYENDO
ခ်စ္ရတဲ့ဦး
RomanceCompany တစ်ခုရဲ့သူဌေး Yubinနဲ့ Bar တစ်ခုမှာ အချိန်ပိုင်းလုပ်နေတဲ့ကျောင်းသားလေ Fanxingတို့ရဲ့ တွေ့ဆုံမှု Yubinက Fanxingနဲ့ဆုံဖို့ ဘယ်လိုတွေ့ဖို့ ကြိုးစားသလဲဆိုတာ.... ဦးနဲ့ကလေးကြားက ဆက်ဆံရေးလေး ကိုပုံဖော်ထားတဲ့ romanceဇာတ်လမ်းတစ်ပုဒ်