https://www.facebook.com/172914526674341/posts/497365320895925/
ချစ်ရတဲ့ဦး
အပိုင်း(54)ဇာတ်သိမ်းပိုင်း
၎နှစ်ကြာပြီးနောက်
မုန်လာဥလေးလည်း အရွယ်ရောက်လာပြီး မူကြို
တတ်ရသည့်အရွယ်ရောက်လာသည်။ နာမည်ကိုတော့
အားယွမ့်လိုပေးလိုက်ကြသည်။ ကျောင်း၌ ကလေး
များကစားနေစဉ် ဝဝတုတ်တုတ်ပုပုသူငယ်ချင်းတို့ တစ်စုက အားယွမ့်အနောက်တွင် ရပ်နေရင်း
"ဟေ့..မင်းတို့သိလား...ငါတို့အတန်းထဲက အားယွမ့်
ဆိုတဲ့တစ်ယောက်လေ..."
"အေးသိတယ်...အဖေနှစ်ယောက်ရှိတဲ့ကောင်လေးမ
ဟုတ်လား.."
"အေး...သူ့ကိုဘယ်သူမွေးတယ်ထင်တယ်...ငါအမေ
ပြောတာကတော့ ယောက်ျားလေးတွေက ကလေးမ
မွေးနိုင်ဘူးတဲ့..မဟုတ်မှလွံရော...မွေးစားသားများ
လား...ဟားဟားဟား..."
အားယွမ့်သည် စိတ်တွေတိုကာ ကျောခိုင်းနေရာမှ
လှည့်ပြီး
"ဟေ့..ဝတုတ်...မင်းဘာစကားပြောတာလဲ.."
"ဘာလဲ...ငါပြောတာမှန်သွားလို့လား...မွေးစားသား
ရဲ့..ဟဟဟဟဟဟ..."
"ဟေ့...ငါကိုအမေက မွေးခဲ့တာ.."
"အမေတဲ့...မင်းမှာအဖေကြီးဘဲရှိတဲ့ဟာကို...မင်း
ပြောတဲ့မိဘတွေဆိုတဲ့သူတွေက ဂေးတွေမဟုတ်လား...."
အားယွမ့်သည် သူ့အနောက်တွင်ရပ်နေသော အမြွှာ
နှစ်ယောက်ဖြစ်တဲ့ ရှီလျန်းရဲ့ကလေးနှစ်ယောက်အား
"ညီမလေးတို့...ခဏလောက်မျက်လုံးပိတ်ထားပေး
ပါလား..."
"ကိုကိုအားယွမ့်ဘာလုပ်မလို့လဲ..."
"ကိုကိုလား...သူတို့နဲ့ဆော့မလို့...ဒါမဲ့ဆော့နည်းက
ကြည့်မကောင်းလို့..."
"အော်...သိပြီး.."
အမြွှာတို့နှစ်ယောက်သည် အားယွမ့်ကိုယုံရင်းမျက်စိ
ကို လက်နှင့် ပိတ်လိုက်ပြီးနောက် အားယွမ့်က လက်
ဆစ်တွေချိုးကာ ဝတုတ်အား လူသတ်ချင်နေသော
မျက်လုံးဖြင့် ကြည့်ပြီး
"ဝတုတ်...မင်းကရာရာစစငါ့မိဘတွေကို ပြောရဲတယ်
ပေါ့လေ..မင်းတော့သေပြီးဘဲ..ရား..."
အားယွမ့်သည် ဝတုတ်အပေါ်သို့ ခုန်တတ်ကာ ဝတုတ်
ရဲ့မျက်နှာကို အားပါးတရထိုးလေသည်။ ဝတုတ်ရဲ့သူ
ငယ်ချင်းတွေက ကြောက်လန့်ကာ
"ဆရာမရေ...ဒီမှာ အားယွမ့်လူကိုရိုက်နေတယ်...ဒီ
မှာ ရန်ဖြစ်နေကြတယ်...ဆရာမ..."
အားပြဲစွာ အော်နေသောကြောင့် ဆရာမနှစ်ယောက်
အပြေးရောက်လာကာ နှစ်ယောက်ကို လူစုခွဲကြပြီး
မိဘတွေကို ခေါ်ကြရသည်။ ဝတုတ်ရဲ့အမေက အရင်
ရောက်လာပြီး ဝတုတ်က
"အမေ..သူသားကိုအသေရိုက်တယ်..."
"ဟယ်..မျက်လုံးမှာ ညိုမဲစွဲသွားပြီး ပါးကလည်းဖူး
ယောင်နေတာဘဲ...ဟဲ့ကောင်..သူများအဖိုးတန်သား
ကို ဘယ်လိုတောင် ရိုက်ရက်တာလဲ..."
ဝတုတ်ပြီးရုပ်ဆိုးနေသော အဒေါ်ကြီးက ဒေါသထွက်
စွာပြောရာ အားယွမ့်က
"အဒေါ်ကြီးရဲ့ အဖိုးတန်သားရဲ့ပါးစပ်ကို အရင်ဆေး
ပေးလိုက်ပါ.."
"ဘယ်လိုတောင် ရိုင်းစိုင်းတဲ့ကလေးလဲ..နင့်မိဘတွေ
က လူကြီးကို ပြန်မပြောရဘူးဆိုတာ မသိဘူးလား.."
"အဒေါ်ပြောတာမှန်ရင် ငြိမ်နေပါတယ်...ဒါမဲ့သားဖြစ်
သူက ကျွန်တော့်မိဘတွေကို အရင်မကောင်းပြောတာ
လေ...အာ့ဒါကို ကျွန်တော်ကြီးဘဲ အမှားလိုမျိုးပြော
နေတာလေ.."
"နင်..ငါတော့နင့်မိဘအစား ဆုံးမပေးမှ ဖြစ်တော့မယ်..."
ထိုမိန်းမကြီးက ရိုက်ရန်ပြင်ရာ အမြွှာနှစ်ယောက်က အရှေ့မှဝင်တားကြရာ အမြွှာတစ်ယောက်ရဲ့ပါးကို
ရိုက်မိသွားလေသည်။ အားယွမ့်က လန့်သွားပြီး
"ရှန်းရှန်း...ဘာဖြစ်သွားသေးလဲ..ကိုကို့ကိုပြကြည့်
..."
အားယွမ့်က ဖုံးထားသောလက်ကို ဖယ်လိုက်ရာ သွေး
ခြေဥနေသော ပါးကိုတွေ့လေရာ
"ခင်ဗျားကြီး..အရမ်းလွန်တာဘဲ..၃နှစ်ဘဲရှိသေးတဲ့က
လေးကို သွေးခြေဥအောင်တောင် ဘယ်လိုတောင်
ရိုက်ရက်တာလဲ..."
"အဒေါ်ကြီးကို အမေနဲ့တိုင်မယ်..."
ချန်းချန်းက ပြောပြီး ကျောင်းအုပ်ဖြစ်သူအား ရှီလျန်း
ဆီ ဖုန်းဆက်ရန်တောင်းဆိုလေသည်။ မကြာခင်မှာဘဲ
Yubinနဲ့ ရှီလျန်းတို့ရောက်လာပြီး အော်ငိုနေသော
ရှန်းရှန်းကိုတွေ့ရာ
"ရှန်းရှန်း...ရှန်းရှန်း...ဘာဖြစ်တာ...ပါးကဘာလို
အဲ့လောက်ယောင်နေတာလဲ..."
"မေမေ..အဲ့ဒေါ်ကြီးက ရှန်းရှန်းကိုရိုက်တာ..ပြီးတော့
ဦးဦးYubinတို့ကိုလည်း မကောင်းပြောသေးတယ်"
"ဘာ...ဒီဝတုတ်ပြီး ရုပ်ဆိုးနေတဲ့ဘွားတော်ကြီးက
ရာရာစစငါ့သမီးကို ရိုက်ပြီး ငါ့ရဲ့မောင်ကိုလည်း မ
ကောင်းပြောရဲသေးတယ်ပေါ့လေ..."
ထိုအဒေါ်ကြီးက မာနထောင်ကာ
"ဘာ..ဘွားတော်ဟုတ်လား...ဒီမှာ ရှင့်သမီးကိုရိုက်
တာမဟုတ်ဘူး...ဟိုကောင်ကိုရိုက်ရင်း သူတို့အရှေ့
ထွက်လာတာလေ.."
"ဘာ...ငါ့တူလေးကိုရိုက်ဖို့.. "
Yubinသည် ထိုစကားတွေကြားပြီး ဒေါသထွက်ရာ
"ခင်ဗျားက ကျုပ်သားနဲ့ကျုပ်တူမတို့ကို ကိုယ်ထိ
လက်ရောက်စော်ကားမှုနဲ့ တရားစွဲမယ်..."
"ရှင်ရှင်....ရှင်..ကျွန်မယောက်ျားက ဘယ်သူလဲသိ
လား..."
"ဆိုစမ်းပါအုံး..."
"Jလုပ်ငန်းစုရဲ့ CEOဘဲ...နင်တို့မိသားစုကိုအသာလေး
ဖြုတ်လို့ရတယ်.."
"ဟုတ်လား...လက်ထောက်လီ..Jလုပ်ငန်းနဲ့ ချုပ်ထား
တဲ့ စာချုပ်တွေ ဖျက်သိမ်းလိုက်တော့..."
"ဘာ...ဘာ...နင်ကဘယ်သူ..သူမို့လို့..."
ရှီလျန်းက ကြားဝင်ပြီး
"အခု ဘွားတော်ပြောနေတဲ့သူ့က Hလုပ်ငန်းစုရဲ့ CEO
ပါ...အခု ဘယ်သူ့မိသားစုကို အသာလေးဖြုတ်လိုက်
လို့ရလဲသိပြီးလား..."
"ဘာ...တောင်း...တောင်းပန်..ပါတယ်..."
Yubinက တစ်ဖန်
"အားယွမ့်...ဖေဖေတို့ကို သူတို့ဘယ်လိုပြောလို့လဲ"
"ဖေဖေတို့ကို ဂေးတွေတဲ့...ပြီးတော့သားက မွေးစား
သားတဲ့....ဖေဖေတို့ကို မကောင်းပြောတာနဲ့ သား
လည်း ပြန်လုပ်ထည့်လိုက်တာ...ပြီးတော့ သားမှာ
အမေမရှိဘူးတဲ့..."
"ဒီလူတွေတော့ လျော့ပေးဖို့လုပ်တာ ငါ့မိန်းမကိုပါ
ထိပါးလာတာတော့ လုံးဝသည်းမခံနိုင်ဘူး...အမ..
သူတို့လုပ်ငန်းစုရဲ့ ရှယ်ယာတွေကို အမြင့်ဆံးဈေးနဲ့
ဝယ်လိုက်ပါ...မဟုတ်ရင်လည်း ခြိမ်းခြောက်ပြီး
ဝယ်..."
ထိုအဒေါ်ကြီးသည် ကြောက်လန့်ကာ
"တောင်...တောင်းပန်ပါတယ်ရှင်...အဲ့လိုတော့မလုပ်
ပါနဲ့...ကျွန်မယောက်ျားရဲ့ ကွာရှင်းတာခံရလိမ့်မယ်"
"ဟဟ...ခင်ဗျားရဲ့ယောက်ျားကိုတဂယ်သနားမိတယ်
....သူကဘယ်လောက်ကောင်းကောင်း ခင်ဗျားရဲ့စိတ်
ဓာတ်က အောက်တန်းကျလိုက်တာ..."
သူတို့စကားများနေတုန်းမှာ Fanxingသည် အမောတကောပြေးလာလေသည်။ ချွေးတွေထွက်နေသော
Fanxingသည် အားယွမ့်ကို ပြေးဖက်ရင်း
"သား...သား..ဘာဖြစ်သွားသေးလဲ..."
"သား..ဘာမှမဖြစ်ပါဘူး...ရှန်းရှန်းဘဲထိသွားတာ.."
"အမ..ရှန်းရှန်းအဆင်ပြေရဲ့လား..."
ရှီလျန်းက
"အင်း..ပြေပါတယ်...ဆေးရုံကိုအရင်ခေါ်သွားရမယ်
...အာ့ကြောင့် အမတို့ကိုခွင့်ပြုအုံးနော်..."
မုန်လာဥလေးသည် Fanxingအားချီရန်လက်ဟန်ပြ
ပြီး ချီပြီးသွားသည်နှင့် ဝတုတ်အား
"ဒီမှာတွေ့လား...ငါရဲ့လှပရဲ့ငါ့ကိုမွေးပေးတဲ့အမေ...
မင်းလိုရုပ်ဆိုးတဲ့အမေမျိုးမဟုတ်ဘူး..."
"မင်း...မင်း..."
ကျောင်းအုပ်က ကြားထဲဝင်ပြီး ဖြေရှင်းပြီးနောက်
အိမ်ပြန်ရန်ရုံးခန်းထဲမှ ထွက်လာသည်။ Yubinက
"Fanxing....မင်းဘယ်လိုထွက်လာတာလဲ..စာသင်
ရမဲ့အချိန်တွေ ဆက်နေတယ်မဟုတ်ဘူးလား.."
"အင်း...ဆက်နေပေမဲ့ Jellyကို လွှဲပြီး ဒီကိုအပြေး
ရောက်လာတာ...မုန်လာဥလေး...ဘာလို့လက်ပါရ
တာလဲ.."
မုန်လာဥလေးက မော့ကြည့်ပြီး
"ဖေဖေက ပြောထားတယ်...သားကိုမခံနိုင်အောင်
ပြောရင် ချသာချတဲ့...ရုံးခန်းရောက်ရင် ဖေဖေရှင်း
ပေးမယ်တဲ့..."
ပွင့်ပွင့်လင်းလင်းပြောလိုက်ရာ Fanxingရဲ့အကြည့်
သည် Yubinဆီ ရောက်သွားလေသည်။ Yubinက
တော့ မသိသလိုနှင့် တခြားဘက်လှည့်သွားလေသည်။
မုန်လာဥလေးရဲ့ သူငယ်ချင်းများက ထွက်လာပြီး
"ဝါး...အားယွမ့်...မင်းရဲ့ဖေဖေနှစ်ယောက်လုံးက
ချောတာဘဲ...ဖေဖေက အရမ်းချောတာဘဲ..."
Fanxingကို ကြည့်ပြီးပြောရာ Fanxingသည်
ထိုင်ချလိုက်ပြီး
"ကျေးဇူးတင်ပါတယ်နော်....သားလည်းချောပါတယ်..."
"ဒါဆိုရင်လေ..ကျွန်တော့ကို၁၅နှစ်ဘဲစောင့်...ကျွန်
တော်ကြီးလာရင် ဖေဖေ့ကို လက်ထပ်မယ်..."
"ဟမ်..ဟားဟား..."
Yubinက သဝန်တိုကာ
"သား...သူ့မှာအိမ်ထောင်ရှိတယ်လေ..သူ့ကိုယူလိုမ
ရဘူး.. "
"ဒါဆို အိမ်ထောင်ဖက်ဆီက လုလို့ရတာဘဲ.."
"မရပါဘူး...ငါ့လက်ထဲက ဘယ်သူမှ သူ့ကို လုယူ
လို့မရဘူး...သိတယ်နော်.. "
ကြောက်စရာကောင်းသော မျက်လုံးဖြင့် စိုက်ကြည့်
ရာ ထိုကောင်လေးသည် လန့်သွားပြီး အော်ငိုလေ
သည်။ Fanxingက
"ဦး..ကလေးကိုအဲ့လိုမခြောက်ရဘူးလေ...တိတ်
တော့နော်...သွားသွား..အတန်းထဲသွားတော့..."
"ဟုတ်ကဲ့ဖေဖေ.. "
Fanxingတို့မိသားစုသုံးယောက် ကျောင်းမှထွက်
လာပြီး
"ဦး..မုန်လာဥလေးကို ဘယ်လိုတွေသင်ပေးထား
တာလဲ...ကြီးလာရင် လူဆိုးဖြစ်နေမှ ဒုက္ခ..."
"မဖြစ်စေရပါဘူး...ကိုယ်ထိန်းပါ့မယ်..."
"ဟင်းးး...ပြောလို့လည်းနားမဝင်ပါလား...အဖေတို
ထမင်းစားဖိတ်ထားတယ်..တစ်ခါတည်းသွားရ
အောင်..."
"အင်း..ဟုတ်ပြီး...မုန်လာဥလေး..ဖေဖေကုန်ပိုးရ
မလား.."
"ဟုတ်ကဲ့ဖေဖေ..."
မုန်လာဥလေးသည် တတ်ကြွစွာပြောပြီး ကျောပိုးစီး
ရင်းပြောလေသည်။ Fanxingက
"ဖြေးဖြေးသွား ပြုတ်ကျနေအုံးမယ်..."
မုန်လာဥလေးရဲ့ လွယ်အိတ်လေးကို သယ်ရင်း အဖိုး
ဖြစ်သူတို့အိမ်သို့ ဦးတည်သွားလေတော့သည်။
(စကားမစပ် Fanxingလေးက တက္ကသိုလ်ရဲ့ ပါမာက္ခ
နော်...😁😁😁)
.
.
.
.
.
( ပြီးပါပြီး)
...........
ပြီးသွားပါပြီးနော်...ကျေနပ်ကြမယ်လို့မျှော်လင့်ပါ
တယ်..ဇာတ်သိမ်းလေးဆိုတော့ like and comment
တွေ များများလိုချင်တယ်...likeတွေ များရင် မနက်ဖန်
အသစ်လေးတင်ပေးပါ့မယ်နော်...likeနည်းရင်တော့
happy new yearမှ တင်ပေးမယ်နော်.. .
YOU ARE READING
ချစ်ရတဲ့ဦး
RomanceCompany တစ်ခုရဲ့သူဌေး Yubinနဲ့ Bar တစ်ခုမှာ အချိန်ပိုင်းလုပ်နေတဲ့ကျောင်းသားလေ Fanxingတို့ရဲ့ တွေ့ဆုံမှု Yubinက Fanxingနဲ့ဆုံဖို့ ဘယ်လိုတွေ့ဖို့ ကြိုးစားသလဲဆိုတာ.... ဦးနဲ့ကလေးကြားက ဆက်ဆံရေးလေး ကိုပုံဖော်ထားတဲ့ romanceဇာတ်လမ်းတစ်ပုဒ်