အပိုင်း ၁၆

2.2K 92 6
                                    
Yubinတို့အိမ်​ထဲ​ရောက်​သည်​နှင့်​အဝတ်​မလဲ​တော့ဘဲ​ရေခဲမုန့်​တန်းစားကြ​လေသည်​။ နှစ်ယောက်သားဆိုဖာ​ပေါ်တွင်​ပြိုင်​တူထိုင်​ချလိုက်​ပြီး ဝယ်​လာခဲ့​သော​ရေခဲမုန့်ခွက်​.ကြီးကို ဇွန်းတစ်​ချောင်းဆီ တစ်​ယောက်​တစ်​လှည့်​ပျော်​.ရွှင်​စွာစားကြ​လေသည်​။ fanxingသည်​ရေခဲမုန့်​စားရင်း
"ဦး..."
"အင်း..​ပြော..."
"ဦး..ကုမ္ပဏီမှာဘာ​တွေလုပ်ရလဲ..."
"အင်း....သူ​ဌေးရဲ့တစ်​နေ့တာ အချိန်​ဇယား​တွေစီ​ပေးရတယ်​..ပြီး​တော့ သူ​ဌေးအစည်းအ​ဝေးသွားရာ​နေရာကို လိုက်​ရတယ်​....သူ​ဌေးရဲ့​နေလည်​စာကိုလည်း မှာ​ပေးရတယ်​..အလုပ်​တွေက အများကြီးဘဲ..ဘာလုပ်​မို​.."
Yubinသည်​ပြောရင်းနဲ့ fanxingဘက်​လှည့်​လိုက်​ရာFanxingက နှုတ်​ခမ်းနားတွင်​ပေ​နေ​သော​ရေခဲမုန့်ကို လျှာဖြင့်​သပ်​နေ​သော မြင်​ကွင်းကို ကြည့်​ပြီး Yubinသည်​စားရန်​ပြင်​နေ​သော​ရေခဲမုန့်​ဇွန်းသည်​လက်​မှလွှတ်ကျသွားသည်​။ fanxingက
"ဦး..အဆင်​ပြေရဲ့လား...ဘာလို့ဇွန်းကို လွှတ်ချလိုက်တာလဲ..ခဏ..ပြန်​ယူ​ပေးမယ်​.."
Fanxingသည်​ဇွန်း​နောက်​တစ်​ချောင်းယူရန်​မီးဖို​ချောင်​ထဲသို့ဝင်​သွားစဉ်​Yubinသည်​ကိုယ်​ကို ကိုင်းညွှတ်​ပြီး
"Yubin..Yubinမင်း​တော့ က​လေးတစ်​ယောက်​ရဲ့ ဆွဲ​ဆောင်​မှုမှာ​မြောသွားပြီးဘဲ...နှလုံးခုန်​သံကလည်း ကျယ်​လိုက်​တာ..သူကြားသွားမှာ​တောင်​ကြောက်​ရတယ်​.."
တစ်​ယောက်​ထဲ​ရေရွတ်​နေစဉ်​Fanxingကဇွန်းအသစ်​ယူလာပြီး Yubinအား​ပေး​လေသည်​။ Yubinသည်​Fanxingရဲ့ပါးလွှာ​သောနှုတ်​ခမ်းကို လျက်​နေ​သော
လျှာကိုကြည့်​ပြီးခံတွင်းမြိုချ​နေ​၏။ Fanxingက
"ဦး...​ရေခဲမုန့်စားပြီး ..ညစာစားနိုင်​ပါ့​တော့မလား.."
"အင်း..မစားနိုင်​တော့ဘူးထင်​တယ်​..ဒါပေမယ့်ညလယ်လောက်​ကျရင်​တော့ ဆာမယ်​ထင်​တယ်​..."
"ဟုတ်​...စားလို့ပြီးပြီး..ကျွန်​တော်​ရေချိုးပြီး စာလုပ်တော့မယ်​နော်​.."
"Fanxing...စာအလုပ်​ခင်​ရေချိုးပြီး ခဏထွက်​လာခဲ့ဦး..​ပေးစရာရှိတယ်​..."
"ဟုတ်​..."
Fanxingသည်​စားလက်​စ​ရေခဲမုန့်​ခွက်​ကို ယူကာ အမှိုက်​ပုံးထဲပစ်​ပြီး​ရေချိုးခန်းထဲသို့ဝင်​သွား​လေသည်​။​ရေချိုးပြီး​နောက်​ထွက်​လာ​သော fanxingသည်​ဆိုဖာပေါ်တွင်​သူ့ကို​စောင့်​ရင်းအိပ်​ပျော်​နေ​သော Yubinအား​တွေ့လေရာ အနားသို့ ကပ်​သွားပြီး
"အင်း..ဦးရဲ့မျက်​တောင်​လည်း မသ်​မသာရှည်​တာဘဲ..နှုတ်​ခမ်း​လေးက စကား​ပြောရင်​ဖူးဖူး​လေးနဲ့ ချစ်စရာ​လေး...ငါသာမိန်းက​လေးဖြစ်​လို့က​တော့...​နေပါအုံး..ငါဘာ​တွေစဉ်းစား​နေပြန်​ပြီးလဲ..."
Fanxingသည်​အ​တွေးများကို ပြန်​ထိန်းရင်း Yubinနိုးလာသည်​အထိ​ဘေးနားတွင်​စာထိုင်​လုပ်​နေ​သည်​။ အိပ်​ပျော်​နေ​သော Yibinသည်​အနံ့တစ်​ခုခု​ကြောင့်​နှာ​ခေါင်း တရှုံ့ရှုံ့ဖြစ်​လာရင်း စိတ်​ထဲ၌
"​မွှေးလိုက်​တာ...ဘာအနံ့လည်း..​နေအုံး..ဒီအနံ့ကိုရင်းရင်းနီးနှီးကြီးရဖူးတယ်​..ဟုတ်​တယ်​..ဒါ..fanxingရဲ့ အနံ့ဘဲ..​မွှေး​နေတာဘဲ..ဖတ်​ထားချင်​လိုက်​တာ..အနံ့က​ဒီ​လောက်​မွှေး​နေတာ ..အနားမှာများရှိ​နေလို့လား.."
Yubinသည်​ဖြည်းဖြည်းချင်းမျက်​လုံးဖွင့်​ကြည့်​ရာ သူ့​ခြေရင်းနားတွင်​စာထိုင်​လုပ်​နေ​သော fanxingအား​တွေ့​လေသည်​။​ခေါင်း​လျှော်​ထားလို့ စို​နေတဲ့ဆံပင်​၊ ဂုတ်ပေါ်တွင်​တင်​ထား​သော သဘက်​၊​ပေါ့​ပေါ့ပါးပါးဝတ်​ထား​သော မီးခို​ရောင်​ရှပ်​လည်​ဝိုင်းနှင့်​အမဲ​ရောင်​ဘောင်းဘီတို၊ Yubinသည်​နိုးသည်​နှင့်​လက်​ကို​ကွေးကာ​ခေါင်းအုံးလုပ်​ပြီး Fanxingအား ကြည့်​နေ​လေသည်​။ fanxingက သူ့အားကြည့်​နေ​သော Yubinဘက်သို့လှည့်​ရာ
"အာ..နိုး​နေပြီးလား...အိပ်​ရင်​လည်း အထဲဝင်​အိပ်​ပါလား.."
"ဒါဆို မင်းက​ကော..အပြင်​မှာဘာလုပ်​.."
"ဦးဘဲ​စောင့်​ခိုင်းထား​တော့...နိုးလာတဲ့အထိ​စောင့်​နေတာ..အခုနိုးလာပြီးဆို​တော့ ဘာ​ပေးမို့လဲ..."
"​အော်​..​မေ့​နေတာ...နားကပ်​တတ်​တယ်​မဟုတ်​လား.."
"အင်း...မသိမသာ​လေးဘဲ တတ်​တာ.."
"​ရော့...လက်​ဆောင်​..တစ်​ယောက်​တစ်​ဖက်​စီ တတ်​မယ်​လေ..."
Fanxingသည်​Yubinတတ်​ထား​သော နားကပ်​ကို ကြည့်​လိုက်​သည်​စိန်​တစ်​လုံးထဲသာပါ​သော နားကပ်​ဖြစ်​သည်​။တကယ်​က စိန်​အစစ်​ပါ..fanxingက Yubinချမ်းသာသည်​ကိုမ​သိ​သော​ကြောင့်​အတုဘဲထင်​နေ​သည်​။ fanxingသည်​သူ့အား​ပေး​သော နားကပ်​ကို ထုတ်​ကြည့်​လိုက်​သည်​။ Yubinကဲ့သို့ စိန်​တလုံးသာ ပါ​ပေမဲ့ အတွဲ​လေးပါ ပါခဲ့သည်​။ ပါးလွှာ​သောအတွဲနှစ်​တွဲ၊ fanxingလည်း တတ်​ကြည့်​လိုက်​သည်​။ တကယ့်​ကိုလှပ​သွားသည်​။ လှုပ်လိုက်ရင်​တွဲ​လောင်း​တွဲ​လောင်းနှင့်​တစ်​လက်​လက်​ဖြစ်​နေသည်​။
Fanxingသည်​Yubinအား ပြုံးပြပြီးကျေးဇူးတင်​လိုက်​သည်​။
"ဦး..​ကျေးဇူးဘဲ​နော်​..."
ထိုအချိန်​မှာဘဲ မီးက ရုတ်​တရက်​ပျက်​သွားသည်​။ မီးပျက်​သွားသည်​နှင့်​နှစ်​ယောက်​သား တစ်​ပြိုင်​နက်​ထလိုက်​ရာ fanxingသည်​ခြေလိမ်​ပြီး Yubinအ​ပေါ်သို့်​ပြုတ်​ကျသွား​လေသည်​။အ​မှောင်​ထဲတွင်​မမြင်မစမ်းနဲ့ ဆိုဖာ​ပေါ်တွင်​နှစ်​ယောက်​သားထပ်​လျက်​ပြုတ်​ကျသွားသည်​။Fanxingက ထရန်​လုပ်​ရာYubinသည်​ခါးကို အားနဲ့ဖိထားပြီး
"မီးလာမှ ပြန်​ထရ​အောင်​..​မှောင်​နေတယ်​..ဘာမှမမြင်​ရဘူး...ဖုန်းကလည်း အခန်းထဲမှာ ကျန်​ခဲ့တယ်​.."
အမှန်​တွင်​Yubinရဲ့ဖုန်းသည်​သူ့​ကျော​အောက်​တွင်​ရှိ​နေပြီး fanxing ရဲ့ဖုန်းသည်​စာအုပ်​အောက်​၌ ရှိ​နေ​လေသည်​။
Unicode

kyelsinthawdar

ခ်စ္ရတဲ့ဦးOnde histórias criam vida. Descubra agora