"ဗျာ..."
နဲ့ဆုံလေသည်။ ရှောင်ရင်းက
"သူဌေးရှိလား.."
"အင်း..."
"ဘာပြောမို့လဲ..ပြောလေ..."
"ဘာ...မစားဘူး..."
"ဘာကိစ္စရှိပြန်တာလဲ.."
"အေး..သွားမယ်..ဖိတ်စာရော.."
"ရော့..ဒီမှာ..."
"ပြော..."
"×××××××××××××××××××××"
ရေရွတ်နေသည်။ သူငယ်ချင်းဖြစ်သူက
"ဒီနောက်ကျော..ငါဘယ်မှာမြင်ဖူးတာပါလိမ့်..."
Unicode
Yubinသည်အစည်းအဝေးခန်းမှ ထွက်လာပြီးနေ့လည်စာစားရန်ရုံးခန်းထဲသို့ပြန်ဝင်လာသည်။ လက်ထောက်ဖြစ်သူက
"သူဌေး..နေ့လည်စာမှာလိုက်ရတော့မလား.."
"မမှာနဲ့တော့..ငါ့မှာနေ့လည်စာပါတယ်.."
"ဗျာ..."
လက်ထောက်သည်နေ့လည်စာဗူးထုတ်နေသောYubinအားကြည့်ပြီး မျက်လုံးအပြူးသားကြည့်နေသည်။လက်ထောက်လည်း.နေ့လည်စာစားရန်ထွက်လာရာရှောင်ရင်း
နဲ့ဆုံလေသည်။ရှောင်ရင်းက
"သူဌေးရှိလား.."
"ရှိတယ်..ဝင်သွားကြည့်ပါ.."
"အင်း..."
ရှောင်ရင်းသည်ဘောင်းဘီအိတ်ထဲသို့ လက်ထည့်ပြီး အထဲဝင်သွားရာနေ့လည်စာဗူးစားရင်း ပန်းတွေဝေဆာနေသော Yubinအားကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်နေသည်။ Yubinက
"နေ့လည်စာမစားရသေးလို့လား.."
"စားပြီးပါပြီး...ဘယ်သူနေ့လည်စာဗူးထုတ်ပေးလိုက်တာလဲ..."
"ဘယ်သူရှိရမှာလဲ..ငါ့ကလေးလေးပေါ့..ချက်ထားတာလေးက ...အင်း..အရသာသိပ်ရှိ...."
"အေးပါကွာ..ကုန်အောင်စား..ပြီးရင်ပြောစရာရှိတယ်.."
"ဘာပြောမို့လဲ..ပြောလေ..."
"မင်း မိဘတွေက မင်းနဲ့Fanxingကိုမနက်ဖန်ညနေ ထမင်းအတူတူစားချင်တယ်တဲ့..."
"ဘာ...မစားဘူး..."
"မင်းဒီလိုသွေးအေးအေးငြင်းမယ်ဆိုတာ သိလို့..ထပ်မှာလိုက်တယ်...မင်းမလာရင်..သူ့ကိုမင်းက ကုမ္ပဏီ ပိုင်ရှင်ဖြစ်ကြောင်းပြောလိုက်မယ်တဲ့.."
"ဘာ...ခြိမ်းခြောက်လိုက်တာလား..."
"ဖြစ်မှာပေါ့...အဲ့ကိစ္စပြီးတော့နောက်ကိစ္စတစ်ခုက.."
"ဘာကိစ္စရှိပြန်တာလဲ.."
"မင်းကို latherလုပ်ငန်းက သူဌေးမွေးနေ့ဖိတ်ထားတယ်....မင်းသွားကိုသွားရမယ်..."
"အေး..သွားမယ်..ဖိတ်စာရော.."
"ရော့..ဒီမှာ..."
ရှောင်ရင်းသည်သူ့အိတ်ကပ်ထဲမှ ဖိတ်စာကိုထုတ်ပေးလိုက်သည်။
"ပြီးတော့..အဲ့ပွဲက အဖော်နဲ့တတ်ရမယ်.."
"ဘာ..ဘယ်ကအဖော်နဲ့တတ်ရမှာလဲ..."
"မင်း ကလေးရှိတယ်မဟုတ်လား.."
"သူသာအဲ့ပွဲကို သွားတယ်ထားအုံး..ငါ့ရဲ့အဖြစ်မှန်ကိုသိသွားလိမ့်မယ်..."
"လွယ်ပါတယ်..ငါအကြံတစ်ခုပေးမယ်.."
"ပြော..."
"×××××××××××××××××××××"
ရှောင်ရင်းသည်Yubinအနားကပ်၍ အကြံကိုပြောပြလိုက်သည်။ တစ်ဖက်တွင်ကျောင်း၌စာသင်နေသော Fanxingက ရုတ်တရက်နှာချေရာ
"ဘယ်သူ့ငါ့ကို မကောင်းကြံဖို့စဉ်းစားနေတာလဲမသိ.."
ရေရွတ်နေသည်။ သူငယ်ချင်းဖြစ်သူက
"Fanxingရေ..စာသင်ချိန်ပြီးရင်စာကြည့်တိုက်သွားရအောင်..စာမေးပွဲနီးနေပြီး..စာကြည့်ရအောင်.."
"အင်း..ဒီနေ့တော့ အိမ်ပြန်နောက်ကျတော့မယ်..."
Fanxingတို့သူငယ်ချင်းနှစ်ယောက်စာသင်ချိန်ပြီးသည်နှင့်စာကြည့်တိုက်သွားကြသည်။ စာလုပ်နေရာက မိုးချုပ်သွားလေသည်။ အိမ်၌ fanxingမရှိဘဲ ပျင်းနေသော Yubinသည်ဆိုဖာပေါ်တွင်ပုံစံမျိုးစုံနှင့်နေရင်း
"အား...ပျင်းလိုက်တာ...fanxingရေ..ပြန်လာတော့လေ...အား...ပြန်လာတော့ဆို..."
တစ်ယောက်ထဲအထီးကျန်စွာအော်နေလေသည်။ ထို့နှင့်မနေနိုင်မထိုင်ဖြစ်ကာ ဖုန်းကိုဖွင့်ပြီး fanxingရဲ့ တည်နေရာကို ရှာရာတွေ့သည်နှင့်ထိုနေရာသို့ ချက်ချင်းလိုက်သွားသည်။ စာကြည့်တိုက်တွင်စာထဲတွင်စိတ်နှစ်ကာ စာလုပ်နေကြသော fanxingတို့သူငယ်ချင်းနှစ်ယောက်သား
မျက်နှာဆိုင်ထိုင်နေကြသည်။ စာကြည့်တိုက်ကိုရောက်လာသော Yubinသည်တိုးတိုးလေးဝင်လာကာ ဟိုကြည့်ဒီကြည့်နှင့်fanxingအား ရှာလေသည်။ မျက်နှာချင်းဆိုင်စာလုပ်နေကြသော fanxingတို့နှစ်ယောက်ကိုတွေ့သည်
နှင့်မျက်မှောင်ကြုံ့ကာ
"အော်...ငါ့ကိုအိမ်မှာထားပြီး သူကျတော့ ဒီမှာလာချိန်းနေတယ်..နေစမ်းပါအုံး..ဟိုကောင်က ဘယ်သူလဲ..fanxingကိုခိုးခိုးကြည့်နေတာ..ကြည့်နေတာကြည့်နေတာ..ငါ့ကလေးတောင်အရည်ပျော်တော့မယ်..မင်းကို သင်ခန်းစာပေးရတော့မယ်..."
စိတ်ထဲမှ ပွစိပွစိရေရွတ်နေလေသည်။ Yubinသည်စာအုပ်စင်မှစာအုပ်တစ်အုပ်ကိုယူပြီး Fanxingသူငယ်ချင်းအနောက်သို့လျှောက်သွားပြီးရောက်သည်နှင့်ခုံကို ဆွဲကာငယ်ချင်းထိုင်နေသော ခုံနှင့်တိုက်သွားလေရာ အရှေ့သို့ယိုင်ထိုးသွားလေသည်။ fanxingက သူ့ငယ်ချင်းအနောက်သို့ကြည့်လိုက်ရာ
"ဒီနောက်ကျော..ငါဘယ်မှာမြင်ဖူးတာပါလိ်မ့်..."
စဉ်းစားနေရင်း နာရီကိုကြည့်လိုက်သည်။ fanxingက
"Jelly...ငါတို့ပြန်ရအောင်...နောက်ကျနေပြီး..."
"အင်း....နောက်ကျနေပြီး..ပြန်မယ်လေ..."
စာကြည့်တိုက်က ထွက်လာကြပြီး နှစ်ယောက်သား လမ်းခွဲခဲ့ကြသည်။ fanxingသည်လမ်းလျှောက်နေရင်း
"အင်း...ဦးတော့ဒီချိန်တစ်ယောက်ထဲ ဖြစ်နေမှာဘဲ..ငါမြန်မြန်ပြန်မှာဘဲ..."
အနောက်မှ လိုက်နေသောYubinက
"ဟဟ..ငါ့ကိုတော့သတိရသားဘဲ...ငါသူ့ထက်အိမ်အရင်ရောက်မှဖြစ်မယ်.."
Yubinသည်ဖြတ်လမ်းမှ fanxingထက်အရင်ရောက်အောင်ပြန်ခဲ့သည်။
kyelsinthawdar
BINABASA MO ANG
ခ်စ္ရတဲ့ဦး
RomanceCompany တစ်ခုရဲ့သူဌေး Yubinနဲ့ Bar တစ်ခုမှာ အချိန်ပိုင်းလုပ်နေတဲ့ကျောင်းသားလေ Fanxingတို့ရဲ့ တွေ့ဆုံမှု Yubinက Fanxingနဲ့ဆုံဖို့ ဘယ်လိုတွေ့ဖို့ ကြိုးစားသလဲဆိုတာ.... ဦးနဲ့ကလေးကြားက ဆက်ဆံရေးလေး ကိုပုံဖော်ထားတဲ့ romanceဇာတ်လမ်းတစ်ပုဒ်