Chapter 2

25.4K 2.3K 22
                                    

(Unicode)

ကိုယ်ဝန်သည်တစ်ယောက် bus ပေါ် တက်လာတာကြောင့် XiaoZhan ထိုင်ခုံက ဖယ်ပေးလိုက်တယ်။ သူ ပုံမှန် စာပြနေကျအထက်တန်းကျောင်းသားတစ်ယောက်ရဲ့ အိမ်ကို သွားနေခြင်း။ သူ interview ပြီးတော့ နောက်ထပ် ကျောင်းသား တစ်ယောက်ရလာတယ်။ နာမည်ကြီးတာက အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုများစေတယ် ဆိုတာ သူ လက်ခံလိုက်ပြီ။

XiaoZhan bus ကားပေါ်က ဆင်းလာပြီး လမ်းလျှောက်လာတဲ့တလျှောက် သူ့နောက် လူတစ်ယောက် လိုက်လာသလို ခံစားရတယ်။ ဒီလို ခံစားရတာ တစ်ပါတ်လောက်တော့ ရှိပြီ။ သူ လှည့်ကြည့်လိုက်တော့ ကိုယ့်လမ်းကိုသွားပြီး အလုပ်ရှုပ်နေတဲ့ လူအုပ်ကြီးကိုသာ တွေ့ရတယ်။

သူ စာသင်ပေးရမယ့်အိမ်ရောက်တော့ နောက်ယောင်ခံလိုက်ခံရတဲ့ ခံစားချက်လည်း ပျောက်သွားတယ်။

"မင်္ဂလာပါ အန်တီ"

ပုံမှန်အိမ်မှာ မရှိတတ်တဲ့ ကျောင်းသားအမေက ခု ဧည့်ခန်းမှာ သူ့ကို စောင့်နေတယ်။

"သား XiaoZhan ခဏလေး ထိုင်ပါဦး အန်တီ ပြောစရာရှိလို့"

"ဟုတ်"

သူ sofer မှာ ဝင်ထိုင်တော့ ကောင်မလေးတစ်ယောက်က ကော်ဖီခွက် လာချပေးတယ်။

"မင်းကို အစက ကျောင်းသားအသစ်တစ်ယောက်ပဲ တိုးမယ်လို့ ပြောထားပေမယ့် ခု နောက်ထပ် တစ်ယောက်ပါ တက်ချင်တယ် လို့ပြောတယ်။ မင်း နောက်တစ်ယောက်သင်နိုင်လား"

"တချိန်တည်းမှာပဲ သင်ရမယ်ဆိုရင်တော့ ကျွန်တော် သင်ပေးနိုင်ပါတယ်။ နောက်ထပ် အချိန်ထပ်ပေးရမယ်ဆိုရင်တော့ မဖြစ်နိုင်ဘူး"

သူက နောက်ဆုံးနှစ်မဟုတ်သေးပေမယ့် စာတွေ အရမ်းများလာပြီ။ ပိုက်ဆံရှာတဲ့အချိန် ထပ်တိုးလို့ မဖြစ်တော့ဘူး။

"အဲအတွက်တော့ မပူနဲ့။ သားနဲ့ အတူတူ သင်ကြမှာ ဆိုတော့ မင်း အချိန်ထပ်ပေးစရာ မလိုဘူး"

"အဲဒါဆိုရင် ကျွန်တော့်ဘက်က အဆင်ပြေပါတယ် အန်တီ"

အဆင်မပြေစရာ ဘာရှိလဲ သူပိုက်ဆံပိုရတာပေါ့။

"နောက်ပြီးတော့ အန်တီပြောချင်တာ တစ်ခုရှိသေးတယ်"

"ခုနောက်ထပ်တိုးတဲ့တစ်ယောက်က သားတို့အခန်းထဲက ကောင်မလေး။ ဒီအရွယ်ဆိုတော့ စိတ်ကစားတတ်တာ မင်းလည်း သိတာပဲ။ အန်တီက ငြင်းလို့ မကောင်းလို့ လက်ခံလိုက်တာဆိုတော့ မင်းပဲ ကြည့်ထိန်းပေးပါ။ ကောင်မလေးကို ထိန်းမရရင် မင်းညီကိုပဲ ထိန်းပေါ့"

You Are My LifeWhere stories live. Discover now