Chapter 19

15.4K 1.5K 22
                                    

(Unicode)

Yibo အဲဒီအကျင့်မကောင်းတဲ့ကောင်ကို သူ့ bodyguard တွေနဲ့ လွှဲခဲ့ပြီးနောက် Zhan ge ကိုသာ ပွေ့ပြီး သူ့ကားဆီ ခေါ်လာခဲ့လိုက်တယ်။ သူ့ရင်ခွင်ထဲမှာ ပျော့ခွေနေတဲ့ Zhan ge ကို ကြည့်ပြီး တစ်ချိန်တုန်းက သူလည်း Zhan ge ကို ဒီလိုလုပ်ခဲ့ဖူးတယ်ဆိုတာ ပြန်တွေးမိတော့ ကိုယ့်ကိုယ်ကိုတောင် ရွံ့ရှာမိတယ်။ ကားပေါ်မှာ ဝမ်မိသားစု ဆရာဝန်ကို ဖုန်းဆက်ပြီး Zhan ge ကို လာကြည့်ပေးဖို့ ပြောရတယ်။ ဒါပေမယ့် သူမေ့သွားတာက မိသားစုဆရာဝန်က ပါးရဲ့ နိုင်ငံခြားခရီးစဉ်ကို လိုက်သွားတယ် ဆိုတာပဲ။

"ဒါမျိုးက အသက်အန္တရာယ်တော့ မရှိဘူး။ နောက်တစ်နာရီ ဒါမှမဟုတ် အလွန်ဆုံး သုံးနာရီလောက်ကြာရင် သူ့လိုလိုပြန်ကောင်းသွားလိမ့်မယ်" ဆိုတဲ့ စကားကြောင့် ဆေးရုံမပို့ဘဲ Zhan ge ရဲ့ တိုက်ခန်းကိုပဲ ပြန်လာခဲ့လိုက်တော့တယ်။ တိုက်ခန်းကို ရောက်တော့ Zhan ge ကို မနည်းပဲ password မေးရတယ်။ Zhan ge က စကားတော့ ပြောနိုင်နေပြီ။ ဒါပေမယ့် aphrodisiac အစွမ်းကြောင့်ဖြစ်မယ် ခပ်တိုးတိုးထွက်လာတဲ့  Zhan ge အသံက Yibo ရဲ့ စဉ်းစားချင့်ချိန်နိုင်စွမ်းကို စိန်ခေါ်နေသလိုပဲ။

'မဖြစ်ဘူး' 'မဖြစ်ဘူး' ဆိုတာကို မန္တန်ရွတ်သလို တဖွဖွရွတ်ရင်း သူ့ကိုယ့်သူ ပြန်ထိန်းရတယ်။ တိုက်ခန်းထဲ ရောက်တော့ ရုတ်တရက်ဝင်လာတဲ့ သူ့ကို ပြူးကြည့်နေတဲ့ Jiang Guo ကို လျစ်လျူရှုပြီး Zhan ge ကို အိပ်ခန်းထဲသာ ခေါ်သွားလိုက်တယ်။ ကုတင်ပေါ် တင်ပေးပြီးတဲ့နောက်တော့ ဘာဆက်လုပ်ရမလဲ သူမသိတော့ဘူး။

ဒီအတိုင်းထားခဲ့ရမှာလား

Zhan ge က ဆေးရှိန်ကြောင့် သာယာမှုလိုချင်လို့ အခြားတစ်ယောက်ယောက်ကို သွားရှာရင်ရော?

မဟုတ်သေးပါဘူး။ Zhan ge က လှုပ်တောင် မလှုပ်နိုင်တာကို။

Warning ⚠️ (Slight NSFW)

Zhan ge ကို ကြည့်လိုက်တော့ ကုတင်ပေါ်မှာ သူချပေးထားတဲ့ အတိုင်းလေးပဲ ရှိသေးတယ်။ မျက်ခုံးလှလှလေးတွေကတော့ တွန့်ချိုးလို့။ တစ်ခုခုကို အသည်းအသန်ထိန်းချုပ်ထားရတဲ့ပုံနဲ့။ အတန်ကြာမှ "Yibo ထွက်သွားပေး" လို့ အနိုင်ကျင့်ခံရလို့ ငိုချင်နေတဲ့ပုံပေါက်တဲ့ အသံနဲ့ တိုးတိုးလေး ပြောတယ်။ တစ်ဆက်တည်းပဲ အနည်းငယ်လှုပ်ရှားလာနိုင်ပြီဖြစ်တဲ့ လက်နဲ့ သူ့ ခါးအောက်ပိုင်းတစ်နေရာကို ထိတွေ့ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ကြွက်သားတွေကို ကောင်းကောင်းမထိန်းချုပ်နိုင်သေးတာကြောင့် သူလိုချင်တဲ့ လှုပ်ရှားမှုမျိုး မလုပ်ဆောင်နိုင်သေးဘူးဖြစ်နေတယ်။ တံခါးဝကို လျှောက်သွားနေတဲ့ Yibo က XiaoZhan ရဲ့ အဖြစ်ကို တွေ့တော့ သူ့ခြေလှမ်းတွေ ရပ်သွားတယ်။

You Are My LifeWhere stories live. Discover now