Chapter 21

16.9K 1.6K 55
                                    

(Unicode)

XiaoZhan ဆေးရုံရောက်တော့ Yibo က ခွဲစိတ်ခန်းမှာ။ လူနာစောင့်ကတော့ XiaoZhan တစ်ယောက်တည်းပဲ။ ဝမ် တွေကို ခေါ်ချင်ပေမယ့် သူတို့ရဲ့ contact က XiaoZhan ဆီမှာ မရှိဘူး။ Yibo ရဲ့ phone ကလည်း fingerprint နဲ့ lock ချထားတာမို့ XiaoZhan ဘယ်လိုမှ မတတ်နိုင်ဘူး။ အချိန်တန်လို့ ပြန်မလာရင် အိမ်က ဖုန်းဆက်မှာပါလေ ဆိုပြီးတော့သာ တွေးရတယ်။ Yibo အပေါ် သူ့ရဲ့ ခံစားချက်က ဘာမှန်းမသိပေမယ့် ဒီလိုမျိုး ပျောက်ကွယ်သွားမှာကိုတော့ မလိုချင်ဘူး။ ခြေပဲ ကျိုးကျိုး လက်ပဲ ကျိုးကျိုး အသက်တော့ မသေပါစေနဲ့လို့ ဆုတောင်းရတယ်။ ဒါပေမယ့် Yibo လို အနာဂတ်တောက်ပနေတဲ့ ဆယ်ကျော်သက်လူငယ်တစ်ယောက်က ဒီလို ဒုက္ခိတဘဝနဲ့ အသက်ဆက်ချင်ပါ့မလားဆိုတာ တွေးမိတော့ လုံးဝအကောင်းအတိုင်း ပြန်ရဖို့ မျှော်လင့်မိပြန်ရော။ တကယ်လို့သာ XiaoZhan ဟာ သူ့ဘဝတစ်လျှောက်လုံး ကံဆိုးခဲ့တာ တစ်ချိန်ချိန်မှာ အကြီးအကျယ်ကံကောင်းဖို့ဆိုရင် အဲဒီကံတွေကို ဒီနေရာမှာပဲ သုံးလိုက်ပြီး အကောင်းပတိ Yibo နဲ့ အလဲအလှယ်လုပ်ချင်မိတယ်။

တစ်ခါတလေတော့လည်း သူ့ကိုယ်သူ မကောင်းဘူးလို့ XiaoZhan တွေးမိပါတယ်။ ခံစားချက်နဲ့ ပတ်သတ်ပြီး မပြတ်သားဘူး။မပြတ်မသားနဲ့ပဲ သူ့ကို ချစ်တဲ့လူတွေကို တစ်ယောက်ပြီးတစ်ယောက် နာကျင်စေမိတယ်။ ခက်တာက မကောင်းမှန်းသိပေမယ့်လည်း သူဒါကို ဘယ်လို ပြောင်းလဲရမလဲ မသိတာပါပဲ။ ခဏကြာတော့ သူရှိတဲ့ ward ထဲကို လူအချို့ပြေးဝင်လာကြတယ်။ ဒါ Yibo နဲ့ ယာဉ်တိုက်မှု ဖြစ်တဲ့ နောက်တစ်ယောက်ရဲ့ မိသားစုတွေ ဖြစ်မယ်။ Yibo ရဲ့ operation က အရမ်းကြီး မကြာပါဘူး။ ၃ နာရီလောက်နဲ့ ပြီးတယ်။ vital တွေ မထိတဲ့အတွက်၂၄ နာရီအတွင်း သတိရလာရင် ပြဿနာမရှိဘူးတဲ့။ အဲဒီအခါကျမှပဲ သူ့ရင်ထဲက အလုံးကြီး ကျသွားတော့တယ်။ သူကိုယ်တိုင်က ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်တဲ့ အတွက် ခွဲစိတ်မှုတစ်ခု အောင်မြင်တဲ့အခါမှာ မိသားစုဝင်တွေ ပျော်လွန်းလို့ ငိုကြတာ ခဏ ခဏ မြင်ရတယ်။ အစပိုင်းတော့ သူလည်း ကြည်နူးရပါတယ်။အလုပ်သင်ကာလတွေမှာပေါ့။ နောက်ပိုင်းကျတော့ ဒါက ရိုးသွားတယ်။ ဆရာတို့ကို ကျေးဇူးတင်ပါတယ် ဆိုလည်း အင်း အင်း ပေါ့။ မြတ်စွာဘုရားကို ကျေးဇူးတင်ပါတယ် ဆိုလည်း ပြုံးပြလိုက်တာပေါ့။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ဆိုရင်လည်း ဟုတ်ပါတယ်ပေါ့။ သူ့စိတ်ထဲ ဘာမှ ဝင်မလာဘူး။ ဒါပေမယ့် ခုချိန်မှာတော့ အဲလိုလူတွေရဲ့ ဖြစစ်တတ်တဲ့ စိတ်အနေအထားကို သူကိုယ်တိုင်ခံစားပြီးတဲ့အခါကျတော့ ဒါက ရိုးအီနေမှန်း သိပေမယ့်လည်း ထွက်လာတဲ့ ဆရာဝန်တွေကို သူ ကျေးဇူးတင်စကားဆိုမိတယ်။ ကြည့်ပါဦး ခရစ်စမတ်နေ့မှာ မိသားစုတွေ ချစ်ရသူတွေနဲ့ ကုန်ဆုံးရမယ့်နေ့မှာ ဒီလူတွေက အလုပ်လုပ်ပြီး အသက်ကယ်နေကြတယ်။

You Are My LifeWo Geschichten leben. Entdecke jetzt