Chapter 15

15.2K 1.5K 11
                                    

(Unicode)

ဒီနေ့က ရာသီဥတုသာယာတဲ့နေ့ပဲ။ အားကစားလုပ်လို့ ကောင်းမယ့်ပုံစံမျိုး။ XiaoZhan ကန်တင်းမှာ မနက်စာ စားပြီးတော့ ပန်းခြံထဲသွားပြီး လမ်းလျှောက်နေလိုက်တယ်။ ဒီရက်ပိုင်းအတွင်း သူနဲ့ မျက်မှန်းတန်းမိတဲ့အဘိုးအဘွားတချို့ကို နှုတ်ဆက်ရင်းပေါ့။

သူ့အခန်းထဲ ပြန်ရောက်တော့ မနက် ၉ နာရီရှိပြီ။ ကော်ဖီတစ်ခွက်ဖျော်, အံဆွဲထဲက file ကိုယူပြီး လူနာစောင့်မရှိတော့တဲ့ sofer ပေါ်မှာ ထိုင်ရင်းဖတ်ဖို့ ပြင်လိုက်တယ်။ ဒီထက်ပိုပြီး အချိန်ဆွဲလို့ မဖြစ်တော့ဘူး။

File ကို လှန်လိုက်တော့ ပထမဆုံး XioaZhan တွေ့ရတာက Yibo ရဲ့ ဆေးကုသမှု မှတ်တမ်းတွေ။ အလယ်တန်းနှစ်က စပြီး therapy session တွေ ယူခဲ့ရတယ်။ ဆေးတွေ သောက်ခဲ့ရတယ်။ နည်းနည်းတော့ သနားစရာကောင်းတယ်။ သူအထက်တန်းပထမနှစ်မှာ TV ကနေတဆင့် XiaoZhan ကို စတွေ့ခဲ့တယ်။ အဲဒီနောက်မှာတော့ XiaoZhan ရဲ့ stalker တစ်ယောက်ဖြစ်မှန်းမသိဖြစ်လာခဲ့တယ်။ ဒီနေရာရောက်တော့ XiaoZhan အံ့ဩသွားမိတာ အမှန်။ stalker ဆိုတာမျိုးက ဝတ္ထုတွေ ဇာတ်လမ်းတွေထဲမှာပဲ မြင်ခဲ့ရပြီးတော့ သူကိုယ်တိုင် အဲလိုလူတစ်ယောက်နဲ့ ပတ်သတ်ခဲ့မိလိမ့်မယ်လို့ နည်းနည်းလေးမှ မထင်ထားခဲ့မိဘူး။ stalker ပါတဲ့ ဇာတ်လမ်းတိုင်းဟာ အဆုံးသတ်မကောင်းတာ များပါတယ်။ Victim သေရင်သေ သူမသေရင် stalker ထောင်ကျ။ ဒါမှမဟုတ် ပိုဆိုးတာကတော့ victim လည်း သေ stalker လည်း ထောင်ကျပေါ့။ သူနဲ့ Yibo ရဲ့ ဇာတ်လမ်းက ဒီလောက်ထိ မဆိုးရွားလောက်ဘူးလို့တော့ ထင်တာပဲ။

စာမျက်နှာတွေ များများလာတာနဲ့အမျှ Yibo ရဲ့ စွဲလမ်းမှုက ပိုပိုကြီးမားလာတာကို တွေ့ရတယ်။ Yibo ရဲ့ ပြဿနာက ဒီကိစ္စကို ဘယ်သူ့ကိုမှ ပေးမသိခဲ့တာပါပဲ။ အထူးသဖြင့် XiaoZhan ပေါ့။File ထဲမှာတော့ XiaoZhan က ဒီကိစ္စကို နည်းနည်းလေးမှမရိပ်မိခဲ့ဘူးလို့ ဆိုတယ်။ နောက်ဆုံး Yibo ကို trigger ဖြစ်သွားစေတာကတော့ သူနဲ့ Yi Yi ရဲ့ dating ကိစ္စပါပဲ။

အဲဒီနေ့က Yibo ပျောက်သွားတယ်။ တဆက်တည်း XiaoZhan ပါ အဆက်အသွယ်ပြတ်သွားခဲ့တယ်။ ဒါဟာ JiangCheng ပြောခဲ့တဲ့အထဲမှာ ပါတယ်။ အဲဒီနေ့က ဘာဖြစ်ခဲ့လဲ သူ့ကိုပြန်စဉ်းစားခိုင်းပေမယ့် XiaoZhan တကယ်မမှတ်မိတော့ဘူး။ File ထဲက အချက်အလက်တွေကတော့ ညတွင်းချင်းပဲ သူတို့နှစ်ယောက်ကို မြို့ပြင်က စွန့်ပစ်အိမ်တစ်လုံးမှာ ပြန်တွေ့ခဲ့တယ်လို့ ရေးထားတယ်။ တွေ့ရှိချိန်မှာ XiaoZhan က သတိလစ်နေတာမို့ ဝမ်မိသားစုက ဆေးရုံကို ခေါ်သွားပေးခဲ့တယ်။ ဆရာဝန်စစ်ဆေးချက်အရ XiaoZhan ခန္ဓာကိုယ်ဟာ violate လုပ်ခံထားရတာကို တွေ့ရတယ်။

You Are My LifeWhere stories live. Discover now