(Unicode)
ဒီလိုနဲ့ အချိန်တွေ ကုန်သွားလိုက်တာ semester တစ်ခုတောင် ပြီးသွားတယ်။ JiangCheng ဆို ကျောင်းပိတ်ရက် ၂ လအတွင်း အလုပ်သင်တောင် ဝင်လုပ်ပြီးသွားပြီ။ XiaoZhan ကတော့ သူ့ကျောင်းသားတွေကို ထားခဲ့လို့ မရတာကြောင့် ဦးလေးတို့အိမ်မှာပဲနေပြီး စာဆက်သင်ဖြစ်တယ်။ ဒီအတောအတွင်း Yibo နဲ့ XiaoZhan ဟာ တွေ့ချိန်ပိုရလာပေမယ့် သူတို့ရဲ့ ဆက်ဆံရေးဟာ ထူးခြားမှု မရှိခဲ့ပါဘူး။ 2nd semester ရောက်တဲ့အခါမှာတော့ တက္ကသိုလ်ဝင် စာမေးပွဲ နီးကပ်လာတာကြောင့် သူ့ကျောင်းသားတွေကို ပို အချိန်ပေးဖြစ်တယ်။ ဒါပေမယ့် 'ခေါင်းဆေးချင်လို့ပါ' 'စိတ်ခွန်အားတွေ တက်ကြွလာအောင် gege တို့ တက္ကသိုလ်ကို တစ်ရက်လောက် လိုက်ကြည့်ချင်လို့ပါ'ဆိုတဲ့ Xiao Fei ရဲ့ အပူကပ်မှုတွေကြောင့် တစ်နေ့တော့ သူတို့ သုံးယောက်ကို ကျောင်းဝင်ထဲ ခေါ်လာခဲ့လိုက်တယ်။ Yibo နဲ့ အတူပေါ့။ Yibo ဟာ သူတို့ကို အလိုက်သင့်ပြုံးပြပေမယ့် XiaoZhan အနားက မခွာခဲ့ဘူး။ ဒီနေရာမှာ XiaoZhan တစ်ခု အံ့ဩမိရတာက Xiao Fei အကြောင်းပဲ။ ဒီကလေးမကို Yibo ကို မြင်တာနဲ့ face con တွေ ထုံးစံအတိုင်း ပြေးကပ်မယ် ထင်ထားတာ။ ဒါပေမယ့် သူမက ဝေးဝေးက ရှောင်တယ်။ Hu Hu နားကကို မခွာတာပါ။ ဘေးနားမှာ စုစုပေါင်း လူ လေးယောက် ရှိပေမယ့်, အဲထဲမှာ ဆရာနဲ့ အစ်ကိုဝမ်းကွဲ ပါပေမယ့်, သူမကတော့ Hu Hu နဲ့ dating ထွက်နေရသလိုပဲ သဘောထားတဲ့ပုံ ပေါက်တယ်။ ဒီအလည်အပတ်ပြီးတဲ့အခါမှာတော့ အားလုံး စာမေးပွဲကို အာရုံစိုက်ကြရပြီ။
ဝမ်မာမား နဲ့ ပါပါးဟာ ဒီအတောအတွင်း XiaoZhan နဲ့ ပါတ်သတ်ပြီး Yibo ကို စကားစခဲ့ပေမယ့် Yibo က ပြန်လည်ဖြေကြားခြင်း မပြုခဲ့ဘူး။ ဒါနဲ့ပဲ ဝမ်တွေဟာ ပြဿနာ မတက်ရအောင် အစောင့်အရှောက်တွေ တိုးပေးရတော့တယ်။ XiaoZhan ကို စောင့်ရှောက်ဖို့ပေါ့။ မိဘတွေရဲ့ sixth sense လို့ ဆိုရမလားပဲ ပြဿနာတစ်ခု ကြီးကြီးမားမား ဖြစ်တော့မယ်လို့ သူတို့ ထင်နေတယ်။ သူ့ကို စောင့်ကြည့်တဲ့သူတွေ ဘယ်လောက်တိုးလာလာ Yibo လို ပင်ကိုယ်ဉာဏ်ကောင်းတဲ့ ကလေးအတွက် လိုအပ်ရင် သူတို့ကို လှည့်ဖျားဖို့ဆိုတာ လွယ်လွယ်လေးပါ။
အားလုံးက ပြဿနာ ကို မလိုချင်ပေမယ့် ပြဿနာက ရှေ့တည့်တည့်ကို မိတ်ဆက်ပြီး ရောက်လာခဲ့တယ်။ ဒီတစ်ယောက်လိုမျိုးပေါ့။
YOU ARE READING
You Are My Life