(Unicode)
"XiaoZhan လုပ်ပါကွာ။ ဌာန ကို ငဲ့ပါဦး။ ဒါမှမဟုတ်လည်း ကျောင်းကို ငဲ့ပါကွာ"
ထမင်းစားဖို့ ကန်တင်းကို ထွက်ခါနီး အတန်းခေါင်းဆောင်က အပူကပ်နေတာကြောင့် XiaoZhan အပေါက်ဝမှာတင် ရပ်လိုက်ရတယ်။
"အဲလောက် ငဲ့ချင်ရင် မင်းသွားဖြေလိုက်။ ငါ TV ထဲ မပါချင်ဘူး"
XiaoZhan က ပြီးခဲ့တဲ့ လကမှ US က ပြိုင်ပွဲတစ်ခုမှာ ပထမဆု ရလာခဲ့တာကြောင့် သူ့ကို TV channel တစ်ခုက interview ချင်ကြောင်း ဖိတ်ကြားနေခဲ့တာ။ ဒါပေမယ့် XiaoZhan က interview ကို ငြင်းလိုက်တယ်။ ဒါကြောင့် ကျောင်းကို ဆက်သွယ်ပြီး ဌာနက ဆရာတွေကို သုံးပြီး သူ့ကို ဖိအားပေးနေကြတာ။
တကယ်တော့ ပြိုင်ပွဲက ဘာမှမဟုတ်ပါဘူး။ အဓိက က ပညာရေးဖလှယ်ပွဲမှာ နိုင်ငံတကာက ကျောင်းသားတွေနဲ့အတူတူသုတေသနတွေလုပ်ဖို့ပါ။ နောက်ဆုံး နှုတ်ဆက်ပွဲအနေနဲ့ အပျော်တမ်း ဆေးပညာနဲ့ပတ်သတ်တဲ့အမေးဖြေပြိုင်ပွဲမှာ XiaoZhan က အမှတ်အများဆုံးနဲ့ ပထမဆု ရလာခဲ့တာ။ ဒါကို အကြီးအကျယ်လုပ်ပြီးတော့ interview တွေ ဖြေရတာမျိုး XiaoZhan သဘောမကျ။ ဖြစ်နိုင်ရင် သူက တိုးတိုးတိတ်တိတ် ငြိမ်ငြိမ်လေး နေချင်တာ။
ရှေ့က JiangCheng က စိတ်မရှည်တဲ့ပုံ ပြနေပြီမို့ အတန်းခေါင်းဆောင်ကို အတင်းနှုတ်ဆက်ကာ အတန်းထဲမှ ထွက်လာလိုက်တယ်။
ဒါပေမယ့် အတန်းခေါင်းဆောင်က လက်မလျှော့။ သူပါ ကန်တင်းထိ လိုက်လာတယ်။ သူတို့ တက္ကသိုလ်က ပြည်တွင်းမှာ Top 3 ဝင်ပေမယ့် အနုပညာဌာန မရှိတာကြောင့် TV မှာ ပါခွင့် သိပ်မရဘူး။ သူများကျောင်းမှာလို Model တွေလောက်လှတဲ့ ကျောင်းသူတွေ selfie ရိုက်တင်လို့ Weibo မှာ နာမည်ကြီးတာမျိုးလည်း မရှိဘူး။ ဒါကြောင့် ကျောင်းနာမည်ကြီးဖို့အတွက် TV မှာ ပါခွင့်ရတုန်းလေး ပါရအောင် ဌာနမှူးက XiaoZhan ကို interview ဖြေခိုင်းနေတာ ဖြစ်တယ်။ဂျီ.........ဂျီ.........
"ခနလေး ရှူး"
အနားမှာ ပေါက်ပေါက်ဖောက်နေတဲ့ အတန်းခေါင်းဆောင်ကို ပါးစပ်ပိတ်ခိုင်းပြီး XiaoZhan ဖုန်းကိုင်လိုက်တယ်။ မကိုင်လို့လည်း မဖြစ်။ ဒါက ပါမောက္ခချုပ်ရဲ့ ဖုန်းပဲ။ XiaoZhan US က ပညာရေးဖလှယ်ပွဲကို တက်ဖို့ သူ့ဆီက ခွင့်ပြုချက် ယူတုန်းက သူ့ ph no က XiaoZhan ရဲ့ contact list ထဲ ရောက်လာခဲ့တာ ဖြစ်တယ်။
CZYTASZ
You Are My Life