Chapter 18

15.4K 1.6K 76
                                    

(Unicode)

ကိုယ့်ရှူးကိုယ်ပတ် ဆိုသလိုပဲ စေတနာတွေ စွတ်ကောင်းပြီး ဖိတ်ခေါ်လိုက်မိတဲ့အတွက် နောက် တစ်ပါတ် စနေနေ့ မနက်မှာ ဟင်းလျာချက်ပြုတ်ရင်းနဲ့ XiaoZhan ပင်ပန်းရတော့တယ်။ ပိုဆိုးတာက သောကြာနေ့ညက night duty ဆင်းထားတာကြောင့် လူက မလှုပ်ချင်ဘူးဖြစ်နေတယ်။ ဒါပေမယ့် ကတိဟာ ကတိပါပဲ။

မနက် ၁၁ နာရီလောက်မှာ Yibo ရောက်လာတော့ XiaoZhan ဘာမှ အဆင်သင့်မဖြစ်သေးဘူး။

"အဲဒါကြောင့်ပြောတာ Yibo အပြင်မှာပဲ ထွက်စားကြရအောင်လေ"

Zhan ge ကို ကြည့်လိုက်တော့ အိပ်ရေးပျက်ထားတဲ့ပုံနဲ့။ ဒါတောင် အေပရွန်နဲ့ လှနေရောပဲ။ ဒီလောက်ပင်ပန်းနေတဲ့လူကို သူ့အတွက် ဟင်းချက်ခိုင်းပြီး မနှိပ်စက်ချင်ပါဘူး။ ဒါပေမယ့် ဒါဟာ Zhan ge ရဲ့ တိုက်ခန်းထဲ ပထမဦးဆုံးအကြိမ်ဝင်ခွင့်ရတာ ဖြစ်တဲ့အတွက် Yibo လွယ်လွယ်နဲ့လည်း ထွက်မသွားချင်ဘူး။

"Zhan ge ထိုင်နေလေ။ ဒါမှမဟုတ် အိပ်ရေးမဝသေးရင် အိပ်နှင့် ကျွန်တော် ချက်ထားလိုက်မယ်။ ပြီးတော့ နှိုးတာပေါ့"

"အဲလိုလုပ်လို့ ဘယ်ဖြစ်မလဲ။ မင်းက ဧည့်သည်ကို"

"ကျွန်တော်က အမှန်တော့ Zhan ge လက်ရာကို စားချင်တာ မဟုတ်ဘူး။ Zhan ge နေတဲ့နေရာကို ဝင်ကြည့်ချင်တာ"

"Ahh Wang Yibo"

သူဆူလိုက်ပေမယ့် ဒီကလေးက လက်လျှော့မယ့်ပုံမရှိဘူး။ ရေခဲသေတ္တာထဲက အသားတွေကို သူ့ဘာသာထုတ်ပြီး ရေဆေးတော့တယ်။ နောက်တော့ သူသတိမထားလိုက်ခင်မှာပဲ ထမင်းဖိတ်ကျွေးတဲ့အစီအစဉ်က အတူတူဟင်းချက်တဲ့ အဖြစ်ကို ရောက်သွားတော့တယ်။ ဧည့်သည်ကို ကိုယ့်ဘာသာချက်ဆိုပြီး သူက ဝင်အိပ်နေလို့လည်း မဖြစ်သေးဘူးမဟုတ်လား။

လက်လေးဖက်ရဲ့ လုပ်ဆောင်မှုက ကြာချိန်ကို တစ်ဝက်လျှော့ချပစ်လိုက်တဲ့အတွက် ဆယ့်နှစ်ခွဲလောက်မှာ အစားအသောက်တွေ အဆင်သင့်ဖြစ်သွားတယ်။ တကယ်တော့ XiaoZhan လည်း ဟင်းချက်မညံံ့ပါဘူး။ Yi Yi ထက်တော့ အများကြီးသာတယ်။ ဒါပေမယ့် သူ့ရဲ့ အားနည်းချက်က ကြာတာပဲ။ ခု​တော့ နှစ်ယောက်တက်ညီလက်ညီနဲ့ဆိုတော့ ဟင်းချက်တာ မြန်မြန်ပြီးသွားတာပေါ့။

You Are My LifeWhere stories live. Discover now