Chapter 20

16.3K 1.5K 40
                                    

(Unicode)

Yibo ပြန်သွားပြီးနောက် XiaoZhan ပြန်အိပ်လို့မရတော့ဘူး။ အခန်းထဲက ထွက်သွားခါနီး နောက်ဆုံးကြည့်သွားတဲ့ အကြည့်ထဲမှာ ထိခိုက်နာကျင်မှုတွေ အများကြီးမြင်လိုက်ရတယ်။ XiaoZhan က သူကိုယ်တိုင် အသည်းမကွဲဖူးပေမယ့် လူတစ်ယောက် တကယ်ဝမ်းနည်းနေတဲ့အချိန်မှာတော့ အဲလူဘာခံစားနေရလည်း သိနိုင်ပါသေးတယ်။ Yibo ကို ဒီလောက်ထိ စိတ်ထိခိုက်စေလိုတာ မဟုတ်ခဲ့ပေမယ့် သူ့ခန္ဓာကိုယ်က အလိုလိုဖြစ်လာတဲ့ ထိတ်လန့်မှုကို အဲအချိန်မှာ တားဆီးလို့ မရခဲ့ဘူး။ အခု ပြန်စဉ်းစားကြည့်လိုက်တော့မှ သူ့ရဲ့ ငြင်းဆန်မှုက တစ်ဖက်သားကို ဘယ်လောက် ဝမ်းနည်းနာကျင်စေမလဲ ဆိုတာ သိပြီး အားနာရတယ်။ အဲဒီ စနေနေ့ညမှာ ကမ္ဘာပေါ်က အိပ်မပျော်နိုင်တဲ့ လူဦးရေထဲမှာ လူသားနှစ်ဦး တိုးလာခဲ့တယ်။

နောက်တစ်ပါတ် တနင်္လာနေ့မှာ ပုံမှန်ရောက်နေကျ ထမင်းဗူးလေးက ရောက်လာတာပါပဲ။ ဒါပေမဲ့ တစ်ခါသုံးဗူးလေးနဲ့... စားပြီးတာနဲ့ လွှင့်ပစ်ခံရဖို့သပ်သပ်...ပိုင်ရှင်က ပြန်လာယူဖို့ စိတ်ကူးမရှိတော့အခါမျိုးမှာ အသုံးပြုခံရတဲ့ ဗူးလေးနဲ့...။ ညနေပိုင်းတွေမှာလည်း သူ့တိုက်ခန်းရှေ့မှာ ပုံမှန်စောင့်နေတဲ့ စက္ကူအိတ်လေး ရှိမနေတော့ဘူး။ ဒါပေမယ့်လည်း XiaoZhan သေချာစဉ်းစားကြည့်လိုက်တော့ ဒါတွေက အစကတည်းက ရှိမနေသင့်တဲ့ အရာတွေပါ။ မဟုတ်ဘူးလား။ သူနဲ့ Yibo ရဲ့ ဆက်ဆံရေးက ဘာလဲ သူလည်း အသေအချာ မပြောတတ်ဘူး။ ဒီလိုပဲ ဘာမှန်းမသိဘဲ အဆုံးသတ်သွားတာလည်း ကောင်းပါတယ်။ တစ်ခါတစ်လေ အလုပ်က လူတွေနဲ့ အပြင်ထွက်စားလိုက် အလုပ်လုပ်လိုက်နဲ့ပဲ သူ့ရက်တွေကို ကုန်ဆုံးတာပေါ့။

ခွဲစိတ်ဌာနက အသစ်ဝင်လာတဲ့ XiaoZhan တို့ သုံးယောက်ကို မိတ်ဆက်တဲ့အနေနဲ့ စားပွဲတစ်ပွဲလုပ်ပေးဖို့ အစီအစဉ်ရှိခဲ့တယ်။ ဒါပေမယ့် ဌာနတစ်ခုလုံး မအားကြတာနဲ့ ဒီစားပွဲက နှစ်ကုန်ကျမှပဲ လုပ်ရတော့တယ်။ ဒီ ပါတီမှာတော့ XiaoZhan အရက်ကို နည်းနည်းလေးမှ မထိခဲ့ပါဘူး။ အားလုံးက သောက်ဖို့ ဝိုင်းပြောကြပေမယ့် ဒီပွဲမှာ ယုံကြည်ထိုက်လောက်တဲ့ လူတွေချည်းပဲ ဆိုပေမယ့်ပေါ့။ တစ်ခုခု ဖြစ်ရင် သူ့ကို ကူညီပေးမယ့် Wang Yibo မရှိဘူးလေ။

You Are My LifeWhere stories live. Discover now