Chapter 3

21.2K 2K 19
                                    

(Unicode)

ဝမ် မိသားစုက အင်မတန်ပဲ အထီးကျန်လှတယ်။ ဝမ် ပါပါး နဲ့ ဝမ်မာမားတို့က တစ်ဦးတည်းသော သားသမီးတွေ။ သူတို့ နှစ်ယောက် လက်ထပ်ပြီးတော့လည်း တစ်ဦးတည်းသော သားအဖြစ်နဲ့ Yibo တစ်ယောက်ထဲကိုပဲ ရခဲ့တာ။ မိဘ နှစ်ပါးလုံးက တစ်ယောက်တည်းပဲ ကြီးလာခဲ့ကြတာမို့လို့ Yibo လေးမှာ ကစားဖော်မရှိတာကိုလည်း သာမန်ကိစ္စလို့ပဲ သဘောထားခဲ့ကြတယ်။

Yibo က အတန်းဖော်တစ်ယောက် ကို ဓါးနဲ့ ထိုးလိုက်တယ် လို့ ကျောင်းက ဖုန်းမဆက်ခင် အထိပေါ့။

မိဘနှစ်ယောက် ကျောင်းကို ရောက်တော့ Yibo ကရုံးခန်းထဲမှာ ထိုင်နေတယ်။ တစ်ဖက်က ကလေးကိုတော့ ဆေးရုံပို့လိုက်ပြီလို့ သိရတယ်။ ခဲတံချွန်တဲ့ ဓါးနဲ့ ထိုးတာမို့ ဒဏ်ရာက အရမ်းကြီး မနက်ပေမယ့် အဲကလေးရဲ့ မိဘတွေက စိတ်ပူပြီး ဆေးရုံကိုပဲ တန်းပို့လိုက်ကြတာ။

ဖြစ်ပျက်သွားတာက စာသင်ခန်းထဲမှာမို့ ဖြစ်စဉ်ကို အစအဆုံး သေချာသိရတယ်။ Yibo က အိမ်မှာ စကားမပြောသလို ကျောင်းမှာလည်း စကားမပြောဘူး။

ဒါကြောင့် ကျောင်းမှာ အားလုံးက သူ့ကို ငကြောင် လို့ သတ်မှတ်ထားပြီး အပေါင်းအသင်းမလုပ်ကြဘူး။

ဒီအကြောင်းကို သိလိုက်ရတဲ့အချိန်မှာ ဝမ်ပါပါးနဲ့ မာမား တော်တော် စိတ်မကောင်းဖြစ်သွားခဲ့တယ်။ Yibo က ဒီကိစ္စ သူတို့ကို ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ဒါမှမဟုတ် သူပြောချင်တဲ့အချိန်တုန်းက မိဘနှစ်ယောက်လုံး အိမ်မှာ မရှိတာလည်း ဖြစ်နိုင်တယ်။

မိဘနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး သက်ပြင်းပြိုင်တူ ချမိလိုက်တယ်။ အတန်းပိုင်က Yibo ရဲ့ အခြေအနေကို ဆက်ရှင်းပြတယ်။ သူ့စိတ်ထဲမှာတော့ မိဘဆရာတွေ့ဆုံပွဲတွေကို တစ်ခေါက်မှ ရောက်မလာတဲ့ ဒီနှစ်ယောက်ကို နည်းနည်း အပြစ်တင်မိတယ်။

ခုတော့ မှတ်ပြီလား ဟမ်

ဒီနေ့ကိစ္စက အတန်းထဲက ကောင်လေးတစ်ယောက်က Yibo ကို ငကြောင် ဆိုပြီး လှမ်းစတာက စတယ်။ အားလုံးက Yibo နဲ့ စကားမပြောဖို့ တိတ်တိတ်လေး သဘောတူထားကြပေမယ့် ခုလို ပေါ်တင် လှောင်တာမျိုးတော့ ဘယ်သူမှ မလုပ်ခဲ့ကြဘူး။ သူ့ရုပ်ခံကို အားနာတာကြောင့်လည်း ဖြစ်နိုင်တယ်။

You Are My LifeWhere stories live. Discover now