Chapter 23

17.8K 1.7K 88
                                    

(Unicode)

Yibo နဲ့ သိပြီးတဲ့ နှစ်တွေအတွင်းမှာ ပထမဦးအကြိမ်အနေနဲ့ ဝမ်အိမ်တော်က အိမ်တော်ထိန်း ကို မြင်ဖူးရတယ်။ ဒီလူကြီးက Yibo ရဲ့ ပါးထက် အသက်ပိုကြီးပုံပေါ်တယ်။ ဒါပေမယ့် ကြင်နာတတ်ပြီး နှစ်လိုဖွယ်ကောင်းတယ်လို့တော့ XiaoZhan ထင်မိတယ်။ သူက Yibo အတွက် မနက်စာ နဲ့ နေ့လယ်စာ လာပေးတာပါ။ XiaoZhan အတွက်လည်း ပါလာတယ်။ တကယ်တော့ XiaoZhan ကသာ သူ့ကို မသိတာပါ LingGu ကတော့ XiaoZhan ကို သိတာကြာပြီ။ သူ့သခင်လေး တမ်းတမ်းစွဲဖြစ်နေတဲ့သူကို လူချင်းတွေ့ဖူးတာတော့ ဒါပထမဆုံးပေါ့။ တကယ်တော့ ဒီလူငယ်နှစ်ယောက်ရဲ့ ကိစ္စကို LingGu အကြီးအကျယ် ကန့်ကွက်ပါတယ်။ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စပဲ။ ဝမ်သခင်ကြီး (Yibo ရဲ့ အဘိုး) လက်ထက်ကတည်းက သူ ဝမ်အိမ်တော်မှာ အလုပ်လုပ်ခဲ့တာ။ အဲဒီတုန်းက ဝမ်တွေ ခုလောက် အင်အားမကြီးသေးဘူး။ အဲတော့ သူ့အတွက် ဒီအိမ်တော်က အင်မတန်အရေးပါတယ်။ ဘာမဟုတ်တဲ့ အချစ်ဆိုတဲ့ ဟာအတွက်နဲ့ ဝမ်အိမ်တော်မျိုးဆက်ပြတ်သွားမှာကို သူ တကယ်ပဲ မလိုလားဘူး။ ဒါပေမယ့် သခင်လေး Yibo က သူ့ကို ဒီလို ပြန်မေးခဲ့တယ်။

"ဦးလေး Ling ရဲ့ အဘိုးရဲ့ အဘိုး ကို သိလား" တဲ့။

သူက ဆက်ပြောတယ်။

"စိတ်တော့ မဆိုးပါနဲ့ ကျွန်တော် ဥပမာ ပြောတာ။ ဦးလေးရဲ့ အဘိုးရဲ့ အဘိုးက ယောက်ျားချင်းနှစ်သက်တဲ့သူတစ်ယောက် ဖြစ်ရင် ဖြစ်ခဲ့လိမ့်မယ်။ ဒါပေမယ့် မျိုးရိုးကို စောင့်ရှောက်ဖို့ဆိုပြီး မိန်းမတစ်ယောက်နဲ့ လက်ထပ်ပြီး သားသမီးယူခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ဦးလေးကတော့ သူ့ နာမည်ကိုတောင် မသိတော့ဘူး။ ဒါဘယ်လောက် ဝမ်းနည်းစရာကောင်းလဲ။ ကျွန်တော်ကတော့ တစ်ချိန်ကျရင် ကျွန်တော့်ကို မသိတော့မယ့် လူတွေအတွက် ကျွန်တော့် တစ်ဘဝစာ ပျော်ရွှင်မှုကို မပေးဆပ်နိုင်ဘူး။ လူ့ဘဝ ခဏလေးမှာ ကျွန်တော် ကိုယ့်အတွက်ပဲ ရှင်သန်ပေးနိုင်မယ်"

ဒီစကားဝိုင်းပြီးတော့ သူ သခင်လေးကို ဆက်မဖြောင်းဖျမိတော့ဘူး။ သူပြောသလိုပါပဲ။ လူဆိုတာ ကိုယ့်ဘဝအတွက်ပဲ ရှင်သန်သင့်တယ်။ ဒါ တစ်ခါတလေမှာ တစ်ကိုယ်ကောင်းဆန်ရာ ကျပေမယ့်လည်းပေါ့။ ဒါပေမယ့် LingGu က homosexual တွေကို မုန်းတီးတာမျိုး မဟုတ်ဘဲ ဝမ်အိမ်တော်အကျိူးအတွက် စဉ်းစားမိလို့ ပြောတာ ဖြစ်တဲ့အတွက် Yibo ကို XiaoZhan နဲ့ တွဲမြင်ရတာ သူ့အတွက် သိပ်အခက်အခဲ ဖြစ်မနေပါဘူး။ တစ်ဖက်က ကလေးက သူတို့သခင်လေးကို လမ်းမှားရောက်အောင် မြှူဆွယ်နေတာဆိုရင်တော့လည်း တစ်မျိုးပေါ့လေ။ ဒါပေမယ့် ခုက ကိုယ့်အိမ်က ကလေးက သူများကလေးကို သွားသွားမြှူဆွယ်နေတာဆိုတော့ သူပြောစရာ မရှိပါဘူး။

You Are My LifeWhere stories live. Discover now