Chapter 26

18.1K 1.6K 35
                                    

(Unicode)

ဒီတစ်ပါတ် စနေနေ့က သူတို့ ၂ ယောက်ရဲ့ ပထမဆုံး date ဖြစ်တယ်။

ပထမဆုံးသွားဖို့ ရွေးချယ်လိုက်တဲ့ နေရာကတော့ P တက္ကသိုလ်ပါပဲ။ အရင်တုန်းက အငွေ့အသက်တွေ ပြန်ခံစားချင်တယ်လို့ ဆိုတာကြောင့်။ ကျောင်းတွေအတွက် ဆောင်းရာသီပိတ်ရက် မပြီးသေးတာကြောင့် ခုချိန် တက္ကသိုလ်မှာ လူရှင်းနေတယ်။ ဒီနှစ်တွေအတွင်း ကျောင်းကို တစ်ခါမှ ပြန်မရောက်ခဲ့တာကြောင့် ဘာတွေ ပြောင်းလဲသွားလဲ XiaoZhan သေချာကြည့်ဖြစ်တယ်။ သိပ်တော့ ပြောင်းလဲသွားတာ မရှိပါဘူး။ ကျောင်းသားတွေရှိရင်တော့ သူတို့ပြောစကားတွေနားထောင်ပြီး ဒါ ဘယ် batch က လူတွေဖြစ်နိုင်မလဲ ဪ ဘယ်သူတွေရဲ့ အငယ်တန်းတွေပဲ စသဖြင့် တွေးပြီး ရင်းနှီးမှု ရှာလို့ ရသေးတယ်။ ခု​တော့ နှမြောစရာပေါ့။ ကန်တင်းကလည်း ဒီအတိုင်းပါပဲ။ နောက် ဘက်စကတ်ဘောကွင်း။ XiaoZhan က ဒီဘက်မှာ ပါရမီ မပါခဲ့ပေမယ့် ဘာလုပ်လုပ်တော်တဲ့ Yibo က ဘက်စကတ်ဘော လည်း တော်တာပါပဲ။

"Yibo မင်း ဘက်စကတ်ဘော ဆက်ဆော့ဖြစ်သေးလား"

အို..

သူ့အကျင့်က အဲလိုပဲ။ မေးပြီးခါမှ နောင်တရတယ်။ သူဘယ်လောက်ပဲ နှစ်ခါပြန်မစဉ်းစားပဲ ပြောပြော Yibo စိတ်မဆိုးဘူးဆိုတာ သိနေလို့ ခုလို တစ်ဖက်သားအတွက် မညှာတာတဲ့ မေးခွန်းတွေ မေးမိတာနေမှာ။ Yibo က ဘယ်အချိန်သွားပြီး ဘက်စဘက်ဆော့ရမှာလဲ။ သူ့ treatment က ၂ နှစ်ကြာတယ်လေ။ အဲဒီနောက် ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ကုမ္ပဏီ စထောင်ရတယ်။ ဒီကြားထဲမှာ နောက်ကျနေတဲ့ အထက်တန်းစာမေးပွဲကို အတန်းကျော်ဖြေရသေးတယ်။ သူ ဒီလောက် အလုပ်ရှုပ်နေတာ အခြားဆယ်ကျော်သက်တွေလို ဝါသနာပါရာ လုပ်ဖို့ဘယ်မှာ အချိန်ပေးနိုင်မှာလဲ။ နောက်ပြီး အားကစားမှာ တစ်ယောက်တည်းလုပ်လို့ရတဲ့ အားကစားတွေ ရှိပေမယ့် ဥပမာ ရေကူးတာမျိုးပေါ့ တော်တော်များများက အသင်းအဖွဲ့နဲ့ ဆော့ရတာချည်းပဲ ဥပမာ ဘက်စကတ်ဘော, ဘောလီဘော။ Yibo က အဲဒါတွေကို ဘယ်သူနဲ့ သွားဆော့ရမှာလဲ။

"ကျွန်တော် ဆက်မဆော့ဖြစ်ဘူး။ အဲလောက်ကြီးလည်း ဝါသနာမပါ ပါဘူး။ အဲတုန်းက Zhan ge အနားမှာ နေချင်လို့ အကြောင်းပြချက် ရှာတာပါ"

You Are My LifeWhere stories live. Discover now