Chapter 8

19.3K 1.7K 22
                                        

(Unicode)
ဒီနေ့ ည XiaoZhan အဆောင်ပြန်မအိပ်ဘူး။ အခန်းဖော်တွေကတော့ သူ JiangCheng တို့ အိမ်မှာ အိပ်တယ်လို့ ထင်တယ်။ JiangCheng ကတော့ အဆောင်မှာ အိပ်တယ် လို့ထင်တာပေါ့။ သတိထားမိတဲ့သူကတော့ Yi Hua ပဲ။

သူမ တနေလုံး XiaoZhan ကို ph ဆက်လို့ မရဘူး။ ဒါကြောင့် စိတ်ပူပူနဲ့ JiangCheng ဆီ လှမ်းပြီး ph ဆက်ရတယ်။ ခါတိုင်းလည်း XiaoZhan က ph ကို အသံပိတ်ထားတတ်တာကြောင့် သူမ ခေါ်ရင် တန်းကိုင်တယ်ဆိုတာ ခပ်ရှားရှား။ ပြီးမှ "ကိုယ်မကြားလိုက်လို့ပါ" ဆိုပြီး ပြန်ပြီး တောင်းပန်တတ်တယ်။ ဒါပေမယ့် ဒီနေ့တော့ သူမ ဘာလို့မှန်း မသိဘဲ စိတ်ပူနေမိတယ်။ ခါတိုင်းလို ph ဝင်ပြီး မကိုင်တာ မဟုတ်ဘဲ operator က စက်ပိတ်ထားပါတယ် ချည်း အော်နေတာကြောင့်လည်း ဖြစ်လိမ့်မယ်။
JiangCheng ဆီက "ငါ့ဆီ လည်း ရောက်မလာဘူး" ဆိုတဲ့စကားကြောင့် XiaoZhan ရဲ့ အခန်းဖော်တွေဆီ ph ခေါ်ရတော့တယ်။ ဒါပေမယ့် XiaoZhan က သူတို့ဆီမှာလည်း ရှိမနေဘူး။

"ကျွန်တော်တို့ သခင်လေး ကို မျက်ခြေပြတ်သွားတယ်" လို့ bodyguard က ph ဆက်တော့ ဝမ်ပါပါး ဒေါသနဲ့ လက်ထဲက file ကို စားပွဲပေါ် ပစ်တင်လိုက်တယ်။ ဒီတစ်လအတွင်း Yibo ကို သူတို့မျက်ခြေပြတ်တာ ဘယ်နှခေါက် ရှိပြီလဲ။ သူတို့သားက အမြဲတမ်း အိမ်ပြန်လာလို့ တော်တော့တယ်။ ဒီအသုံးမကျတဲ့သူတွေကို လစာပေးခန့်ထားရတာ သူ ပိုက်ဆံဖြုန်းမိနေသလိုပဲ။

"XiaoZhan ဘယ်မှာလဲ"

Yibo ပျောက်သွားလည်း XiaoZhan အဆင်ပြေနေရင် သူ အန္တရာယ်ရှိတာ တစ်ခုခု မလုပ်ဘူးလို့ ယူဆလို့ရတယ်။

"သူ့...  သူ့ကို လည်း ကျွန်တော်တို့ မျက်ခြေပြတ်သွားပါတယ်"

ဒီတစ်ခါတော့ ယဉ်ကျေးလှတဲ့ ဝမ်ပါပါးဟာ အားရပါးရ ဆဲတော့တယ်။

"မင်းတို့ သောက်သုံးကျတာ ဘာရှိသေးလဲ။ ဆယ်ကျော်သက် ကလေးတစ်ယောက်ကိုတောင် စောင့်မကြည့်နိုင်ဘူး။ သောက်လုပ်ကို ဘယ်လိုလုပ်နေတာလဲ။ မြန်မြန် GPS နဲ့ လိုက်ရှာ"

"အဲဒါက..... "

သက်တော်စောင့်ခေါင်းဆောင် အခက်တွေ့နေတယ်။ ဒါပေမယ့် မပြောမပြီး မတီးမမြည်ဆိုသလိုပဲ နောက်ထပ်အလုပ်သစ်ရှာဖို့ နှလုံးသွင်းပြီး အမှန်အတိုင်းပြောလိုက်တယ်။

You Are My LifeWhere stories live. Discover now