Chapter 17

14.9K 1.6K 22
                                    

(Unicode)

ဒီနေ့ တစ်နေ့လုံး Yibo ပေါ်မလာဘူး။ အလုပ်ချိန်ပြီးတော့ ဆေးရုံရှေ့မှာများ စောင့်နေမလားဆိုပြီး ရှာကြည့်ခဲ့ပေမယ့် Yibo က အရိပ်တောင် ပေါ်မလာဘူး။ သူမျှော်နေမိတာ မဟုတ်ပါဘူး။ ထမင်းဗူး ပြန်ပေးချင်ရုံပါ။

မနက်က မနက်စာ မစားခဲ့ရတာကြောင့်လား မသိပေမယ့် စားလို့ကောင်းခဲ့တယ်။ အရင်တစ်ခါ လက်ရာနဲ့ မတူပေမယ့် Yibo ကိုယ်တိုင် ချက်ခဲ့တယ်လို့တော့ မထင်ချင်ဘူး။ စားဖိုမှူးပြောင်းလိုက်တာ နေမှာ။ သူ့ရှေ့က မနာလိုတဲ့မျက်လုံးတွေနဲ့ ကြည့်နေတဲ့ Ling Ru နဲ့ Ming Yue ကို လျစ်လျူရှုရင်းနဲ့ နေ့လယ်စာကို စိတ်ကျေနပ်ခဲ့တယ်။ မနက်ဖြန်တော့ မနက်စာ အငတ်ခံလို့ မဖြစ်တော့တာကြောင့် အပြန်မှာ စူပါမားကတ်ကို ဝင်ပြီး ဆန်နဲ့ ဟင်းချက်စရာတွေ ဝယ်ရတယ်။ ညနေ bus ကလည်း လူတိုးရပြန်တာပဲ။ သူ ၁ နှစ် စာလောက် ရှေ့ကို forward နဲ့ ကျော်သွားပြီး ကားဝယ်ပစ်လိုက်ချင်တော့တာပဲ။

မောပန်းနေတဲ့ ခန္ဓာကိုယ်ကို မနည်းသယ်ပြီး သူ့တိုက်ခန်းရှေ့ ပြန်ရောက်လာတော့ တွေ့လိုက်ရတာက အပေါက်ဝမှာ ငုတ်တုတ်ထိုင်နေတဲ့ Wang Yibo.

ဟုတ်တယ်။ Wang Yibo ပါပဲ။

"Zhan ge"

Yibo က သူ့ကို နှုတ်ဆက်ပြီး XiaoZhan ဝင်လို့ရအောင် အပေါက်ဝက ဖယ်ပေးတယ်။

"နေ့လယ်စာ လာပေးတာ မင်းမဟုတ်လား"

သေချာနေတဲ့ ကိစ္စဆိုပေမယ့်လည်း ထပ်ပြီး အတည်ပြုဖို့ မေးလိုက်တယ်။

"ဟုတ်တယ်။ Zhan ge အကြိုက်တွေ့ရဲ့လား။ ကန်တင်းက အစားအသောက်တွေ မစားနိုင်မှာစိုးလို့"

"စားလို့ ကောင်းပါတယ်။ ဒါပေမယ့် ထပ်မပို့နဲ့တော့ ငါအကြွေးမတင်ချင်ဘူး"

သူနဲ့ အကွာအဝေးတစ်ခုမှာ ရပ်နေတဲ့ Yibo ဆီကို လျှောက်သွားပြီး ဆေးပြီးသား ထမင်းဗူးကို ပြန်ပေးလိုက်တယ်။ ဒါပေမယ့် Yibo က လက်ထဲမှာ အစားအသောက်ဗူးတွေပါတဲ့ စက္ကူအိတ်တစ်အိတ်ကို ကိုင်လျက်သား။

'ယောက်ျားတစ်ယောက် ကိုယ့်ကို သဘောကျစေချင်ရင် သူ့အစာအိမ်ကို အပိုင်ဖမ်းရမယ်' ဆိုတဲ့ နည်းဗျူဟာ ကို သူ့အပေါ်လာသုံးနေတယ် ထင်တယ်။

You Are My LifeWhere stories live. Discover now