Chapter 12

15.9K 1.6K 10
                                    

(Unicode)
Zhan ge က သူ့ကို မသိချင်ယောင်ဆောင်နေတာလား။ ဒါက သူမလိုချင်တဲ့ အခြေအနေတစ်ခုကနေ ထွက်ပြေးတဲ့ နည်းလမ်းလား။ အားလုံးကို အသိအမှတ်မပြု မေ့ချင်ယောင် ဆောင်ပြီးတော့လေ။

Yi Hua က Yibo သူ့ကိုယ်သူ ဘယ်လိုမိတ်ဆက်မလဲ စောင့်ကြည့်နေပုံရပြီး သူမ​က ရှေ့က ဦးဆောင် မိတ်ဆက်ပေးမယ့် သဘောမရှိဘူး။

Yibo ကလည်း ပါးစပ်မဟဘူး။

ဒီလိုကိုးရိုးကားရား အခြေအနေကို လာကယ်တဲ့သူကတော့ ခုမှ တံခါးဖွင့်ပြီး ဝင်လာတဲ့ Yubin ပါပဲ။

"Xiao Zhan, Yi Yi, ဪ Yibo လည်း ရောက်နေတာကိုး"

အခန်းထဲ ရောက်လာတာနဲ့ Yubin က အားလုံးကို တန်းနှုတ်ဆက်တယ်။

"Yubin မင်း Africa ဘက် ရောက်နေတယ်ဆို"

XaioZhan က မထင်မှတ်ဘဲ သူ့သူငယ်ချင်းကို တွေ့ရလို့ ဝမ်းသာအားရမေးလိုက်တယ်။

"ဒီနေ့မှ ပြန်ရောက်တာ။ ရောက်ရောက်ချင်း မင်းသတင်းကြားတာနဲ့ တန်းလာခဲ့တာပဲ။ တော်သေးတာပေါ့။ သတိရလာလို့"

"Ah ဟုတ်သားပဲ။ မားကို ဖုန်းဆက်ရဦးမယ်"

Yi Hua က အပျော်လွန်နေတာနဲ့ အရေးကြီးတာကို ခုမှ သတိရတယ်။

နောက် 'နင်တို့ စကားပြောနှင့်ကြဦး' လို့ ပြောပြီး အခန်းထဲက ဖုန်းယူပြီး ထွက်သွားတော့တယ်။

အခန်းထဲမှာ လူရှင်းသွားတော့ ထောင့်ကပ်နေတဲ့ Yibo ကို ပိုပြီး အာရုံစိုက်မိစေတယ်။

"Yibo ဒီကို လာလေ။ မင်းကိုလည်း မတွေ့ရတာ ကြာပြီ"

Yubin အခန်းထဲ ရောက်ကတည်းက Yibo စကားတစ်ခွန်းမှ မပြောသေးပေမယ့် Yibo က အရင်ကတည်းက XiaoZhan က လွဲရင် ကျန်တဲ့သူတွေကို ရှိတယ် မထင်ခဲ့တာကြောင့် ဒီကိစ္စက Yubin အတွက် သိပ်အထူးအဆန်း ဖြစ်မနေဘူး။

"မင်းလည်း သူ့ကို သိတယ်လား"

XiaoZhan က အံ့ဩတကြီး ဝင်မေးတယ်။ ဒီကလေးကို Yi Yi ရဲ့ အသိလို့ ထင်နေခဲ့တာ။ ခု Yubin လည်း သိနေခဲ့တာပါ့လား။

"မင်း ပဲ ငါတို့ကို မိတ်ဆက်ပေးပြီးတော့"

အခြေအနေကို သဘောမပေါက်တဲ့ Yubin က XiaoZhan ကို အပြစ်တင်သံနဲ့ ပြောတယ်။

You Are My LifeWhere stories live. Discover now