Chapter 16

15K 1.6K 50
                                    

(Unicode)

လက်ရှိအခြေအနေကို ဘယ်လိုလုပ်ရမလဲ XiaoZhan မသိဘူး။ သူတစ်ချက်တွန်းလိုက်ရင် ယိုင်ထွက်သွားမယ့် ခန္ဓာကိုယ်နဲ့ သူ့ရှေ့မှာ ဒူးထောက်နေတဲ့ Yibo ကို ကြည့်ပြီး ဒီတစ်ယောက်ကို ကန်ကျောက်ပြီး စိတ်ကြိုက် ထိုးပစ်လိုက်မယ့် စိတ်ကူးတွေ တဖြည်းဖြည်းလျော့သွားရတယ်။ မမြင်ရတဲ့ တစ်ပါတ်အတွင်း Yibo တော်တော်ပိန်သွားတယ်။ မျက်တွင်းတွေ ချိုင့် နှုတ်ခမ်းတွေ ခြောက်နေပြီးတော့ သူတို့နှစ်ယောက်ထဲမှာ Yibo က လူနာပုံပိုပေါက်နေတယ်။

"မင်း ဘာဖြစ်ချင်နေတာလဲ Yibo?"

"တောင်းပန်ပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"

Yibo က ခေါင်းငုံ့ထားလျက်သားနဲ့ဖြေတယ်။ အခန်းထဲမှာ သူတို့နှစ်ယောက်ပဲ ရှိတယ်။ ဝမ်မိဘနှစ်ယောက်က အပြင်မှာပဲ စောင့်နေခဲ့တယ်။

"ဒါဆို ဘယ်လိုလုပ်ရမလဲ မင်းသိမှာပေါ့"

XiaoZhan ဘာကို ဆိုလိုလည်း Yibo သိပါတယ်။ သူ့ကို လာမတွေ့နဲ့တော့။ နောက်လည်း မသိသလိုပဲနေ။ ဒီကိစ္စ ဒီမှာတင် ရပ် အားလုံးကိုမေ့ပြီး သူ့ဘဝထဲ ထပ်မပေါ်မလာနဲ့တော့။ သူ့ရဲ့ အေးအေးဆေးဆေးသာမန်ဘဝလေးထဲကို နောက်ထပ် drama တွေ ယူမလာနဲ့တော့။

ဒါပေမယ့်....

"တောင်းပန်ပါတယ်။ ကျွန်တော်အဲလို မလုပ်နိုင်ဘူး"

"မင်းတော်တော် အရှက်မရှိတာပဲ Wang Yibo. မင်း လူမှ ဟုတ်ရဲ့လား"

ဒါပဲ လုပ်ပေးနိုင်မယ် ဟိုဟာတော့ မရဘူး။ မင်း ဒီလောက်နဲ့ပဲ ကျေနပ်။ မကျေနပ်လည်း မတတ်နိုင်ဘူး ဆိုတဲ့အချိုးမျိူး။

"အဲလို မဟုတ်ဘူး"

Yibo က အလျင်အမြန်ငြင်းတယ်။ နောက် ရုတ်တရက် XiaoZhan ရဲ့ ခြေသလုံးကို လှမ်းဖက်လိုက်တာကြောင့် လန့်ပြီး ဘာမှမတွေးဘဲ ကန်လိုက်မိတယ်။ Yibo တစ်ယောက် ကုတင်နားကနေ သူထိုင်နေကျ ပြတင်းပေါက်နားက sofer ထိ ရောက်သွားတယ်။ အရပ်ရှည်တာကြောင့် သွားတဲ့ အလျားကျယ်သွားတာလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအတွက်တော့ XiaoZhan နည်းနည်း စိတ်မကောင်းဖြစ်သွားတယ်။ အဲလောက်ထိ ပြင်းသွားမယ်လို့လည်း ထင်မထားလိုက်မိဘူး။ Yibo က နေရာက ပြန်ထလာ​ပြီး နောက်တစ်ခါ သူ့ခြေထောက်ကို လာဖက်ပြန်တယ်။ ဒီတစ်ခါတော့ XiaoZhan မကန်လိုက်ဖြစ်ဘူး။

You Are My LifeWhere stories live. Discover now