(Unicode)
ဒီနေ့ XiaoZhan ကျောင်းကို ရောက်တော့ Library ဘေးက ခုံပေါ်မှာ JiangCheng နဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ရတယ်။ ဒါက နောက်တစ်ယောက်။
JiangCheng ရဲ့ ရုပ်ရည်အရ ရည်းစားတစ်နေ့တစ်ယောက် တွဲဖို့ဖြစ်နိုင်ပေမယ့် သူ့ temperament အရ တစ်သက်လုံး ရည်းစားတစ်ယောက်ရဖို့ မဖြစ်နိုင်ဘူး။
နည်းနည်းထူးဆန်းသလိုရှိတာကြောင့် Library ရှေ့က မဝင်ဘဲ ဘေးပေါက်ကနေ ပတ်သွားပြီး အတွဲချောင်းဖို့ ပြင်လိုက်တယ်။
"ဒီတစ်ခါ နောက်ဆုံးပဲ။ ကျွန်တော် ထပ်ရိုက်မပေးနိုင်တော့ဘူး။ သူသိရင် သတ်လိမ့်မယ်"
"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဒီလောက်ရရင် ကျေနပ်ပြီ" ကောင်မလေးက JiangCheng ပုခုံးကို ပုတ်ပြီး ပြန်ပြောတယ်။
"သူ့ပုံတွေရော?"
"Ah"
ကောင်မလေးက နည်းနည်းအခက်တွေ့သွားတဲ့ပုံ လုပ်တယ်။
"Wen Qing က သူ့အိမ်မှာ ကိစ္စရှိလို့ ဒီတစ်ပါတ်လုံး ကျောင်းမလာဘူး"
"ဒါပေမယ့် သူပြန်လာရင် ငါသူ့ပုံတွေ ရိုက်ပေးမယ်လေ နော်"
"နေပါစေတော့။ တော်ကြာ ဓာတ်ပုံတွေ လဲတာ XiaoZhan ရိပ်မိကုန်မယ်"
XiaoZhan, "......."
ငါက ရိပ်မိပြီးနေပြီ။
"ကျေးဇူးပဲ။ Ahhhhhh ZhanZhan အိပ်နေတဲ့ ပုံလေးက အရမ်းချစ်ဖို့ကောင်းတာပဲ။"
XiaoZhan, "......."
ဒီကောင်ကို ပညာပေးမှ ဖြစ်တော့မယ်။
JiangCheng နဲ့ အဲကောင်မလေး လမ်းခွဲသွားပြီးတဲ့နောက် XiaoZhan ကွယ်ရာကနေ ထွက်လာခဲ့တယ်။ သူ့ကို မြင်တာနဲ့ JiangCheng မျက်စိမျက်နှာတွေ ပျက်ရောပဲ။
"နောက်တစ်ခါ ထပ်လုပ်ရင် ငါ အန်တီနဲ့ ပြန်တိုင်မှာ"
ဦးလေးက သူ့သားကို အလိုလိုက်လွန်းပေမယ့် အန်တီက အရမ်းတင်းကြပ်တယ်။ ငယ်ငယ်တုန်းကဆို JiangCheng ကို မဟုတ်တာ သင်ပေးလို့ဆိုပြီး XiaoZhan ပါ ခဏခဏ အရိုက်ခံရတယ်။
သူ့အမေအကြောင်းသိတဲ့ JiangCheng က ပြာပြာသလဲလဲ ဝင်တားပြီး လာဘ်ထိုးတယ်။
YOU ARE READING
You Are My Life