(Unicode)
"Zhan ge က ဘာလို့ ရယူသူပဲ ဖြစ်နေရတာလဲ။ ကျွန်တော်ကပဲ ချစ်ခဲ့ရတာ ကျွန်တော်ကပဲ နားလည်ပေးခဲ့ရတာ Zhan ge ကျွန်တော့်ကို ဘာတွေများ လုပ်ပေးခဲ့ဖူးလဲ"
"မဟုတ်ဘူး, Yibo..."
Yibo က တော်ပါ ဆိုတဲ့ သဘောနဲ့ သူ့ကို လက်ကာပြတယ်။
"Zhan ge နဲ့တွေ့ပြီးခါမှ ကျွန်တော့်ဘဝမှာ ဘာကောင်းတာများရှိခဲ့လို့လဲ။ ကျွန်တော်တို့ဘယ်တုန်းကမှ မတွေ့ခဲ့ကြရင် ကောင်းမယ်လို့ ဆုတောင်းမိတယ်"
"Yibo, ငါတောင်းပန်ပါတယ်။ အဲလိုတွေ မပြောပါနဲ့"
XiaoZhan တစ်သက် ဘယ်တုန်းကမှ ပြောမှာမဟုတ်တဲ့ တောင်းဆိုတဲ့ စကားတွေ ထွက်လာတယ်။
ဒါပေမယ့် Yibo က ခေါင်းခါတယ်။
"ကျွန်တော် အရမ်းပင်ပန်းနေပြီ"
နောက် သူ့ရဲ့ luggage ကို ဆွဲပြီးထွက်သွားဖို့ လုပ်တယ်။ ပြီးခါမှ ဟက် ခနဲ တစ်ချက်ရယ်လိုက်တယ်။
"ကြည့်ပါဦး ကျွန်တော်က ဒီအိမ်မှာ ဧည့်သည်လိုပဲ မဟုတ်လား။ Zhan ge က ကျွန်တော့်ကို ဧည့်သည်လိုပဲ ထားတာ မဟုတ်လား။ ထွက်သွားမယ်ဆိုရင်တောင် အထုပ်သိမ်းစရာမလိုဘူးလေ။ Zhan ge ရဲ့ ကြောင်ကတောင် ဒီအိမ်မှာ ကျွန်တော့်ထက် ပိုပြီး အရေးပါမယ် ထင်တယ်"
"အဲလို မဟုတ်ဘူး Yibo။ ထွက်မသွားပါနဲ့"
သူပြေးဆွဲထားချင်ပေမယ့် ခြေထောက်တွေကို လှုပ်လို့မရဘူး။ ကြမ်းပြင်မှာ သံရိုက်ထားသလိုပဲ။ သူ့ကို ကျောခိုင်းသွားတဲ့ Yibo ကို ကြည့်ပြီး ရင်ထဲမှာ ဝမ်းနည်းမှုတွေ ဆို့တက်လာတယ်။ ဒါဟာ အမှန်တကယ်ဝမ်းနည်းတာပါပဲလား ဆိုတာ အဲဒီအချိန်ကျမှ သူသိတယ်။ သူ့ဖြစ်တည်မှုရဲ့ တစ်စုံတစ်ရာ လွင့်ထွက်သလိုမျိုး....။ အဲဒီအရာသာ ပြန်ရောက်မလာခဲ့ရင် သူ့ဘဝကြီးက အမြဲတမ်းလိုအပ်ချက်တစ်ခုနဲ့ ဘယ်တော့မှ အရင်လိုပြန်ဖြစ်တော့မှာမဟုတ်ဘူး။
"Yibo"
"Yibo"
"Wang Yibo!"
"Zhan ge" "Zhan ge" "အိပ်မက်ဆိုးတွေမက်နေတာလား။ ကျွန်တော်ရှိတယ်လေ"
XiaoZhan က မျက်ရည်တွေနဲ့ နိုးလာတယ်။ သူတကယ်ကြီး ငိုနေတာပါ။ သူ့ဦးနှောက်က ကောင်းကောင်းအလုပ်မသေးခင်မှာပဲ ရှေ့က Yibo ကို ပြေးဖက်လိုက်တယ်။
YOU ARE READING
You Are My Life