(Unicode)
အချိန် နှစ် နှစ်ဆိုတာ အချို့လူတွေအတွက် ခဏလေးပဲဆိုပေမယ့် အချို့လူတွေအတွက်တော့ မရေမတွက်နိုင်အောင် ကြာမြင့်နိုင်ပါတယ်။ ကံကောင်းစွာနဲ့ပဲ XiaoZhan က ပထမအမျိုးအစားထဲက လူဖြစ်နေတယ်။"ကိုရေ ငါ့ကို အထုပ်တွေ လာသယ်ပေးဦး"
မားနဲ့ စျေးလိုက်သွားတဲ့ Yi Hua က အိမ်ရှေ့က လှမ်းအော်နေတယ်။ ဒီကောင်မလေး အမြဲတမ်း သူ့ကို XiaoZhan လို့ပဲခေါ်တာပါ။ ခု မားတို့ရှေ့မို့ တမင်သပ်သပ် အပိုလုပ်ပြီး ကို တွေ ဘာတွေ ခေါ်ပြီး အမှတ်ယူနေတာ။
"လာပြီ"
XiaoZhan ထွက်လာပြီး သိပ်မလေးလှတဲ့ သူမလက်ထဲက ဟင်းသီးဟင်းရွက်ထုပ်ကို ယူလိုက်ပြီး မားနဲ့အတူ မီးဖိုချောင်ထဲ လိုက်ဝင်လာခဲ့တယ်။
Yi Yi က ဟင်းချက်တာတော့ တကယ်ညံ့တယ်။ 'XiaoZhan ငါ့လက်ရာ မြည်းကြည့်စမ်းပါ' ဆိုတဲ့နေ့က XiaoZhan အတွက် ငရဲပဲ။ မချက်ပါနဲ့ ဆိုလည်း မရဘူး။ 'မလုပ်ဘဲနေရင် မတိုးတက်ရုံပဲ ရှိမှာပေါ့' တဲ့။ logic ကတော့ အဟုတ် လက်တွေ့မှာပဲ မဟုတ်တာ။ ဒီနှစ်တွေအတွင်း သူမလက်ရာက တိုးတက်မလာခဲ့ဘူး။
မားကို ကူဖို့ XiaoZhan မီးဖိုချောင်ထဲ လိုက်သွားတော့ သူမက ပါး နား သွားကပ်ပြီး အပင်စိုက်ဖို့ ကူပေးနေတယ်။ သူမက လူကြီးတွေ အချစ်ခံရအောင် ဘယ်လိုနေရမလဲ သိတယ်။
"အဲတော့ ZhanZhanတို့က ဟိုရောက်ရင် အတူနေတော့မလို့ပေါ့"
အထုပ်တွေ ဖြည်နေတဲ့ မားက ရုတ်တရက် ထမေးတယ်။ သူတို့ US သွားကြမလို့ စီစဉ်နေကြတာ။ကျောင်းပြီးတဲ့အခါ အလုပ်သင်အနေနဲ့ ဆေးရုံတစ်ခုခုမှာ ဝင်လုပ်မလို့ပဲ။ ဒါပေမယ့် အဲဒီအတွက် အတွေ့အကြုံက အရေးကြီးတယ် မဟုတ်လား။ internship တွေ လိုက်ရှာနေတုန်း XiaoZhan နဲ့ သိခဲ့တဲ့ professor တစ်ယောက်က သူတို့ဆီလာဖို့ ခေါ်ခဲ့တယ်။ Paid-internship ဖြစ်ပြီးတော့ ပြီးတာနဲ့ သူတို့ဆီမှာ အလုပ်ရဖို့ စီစဉ်ပေးမယ်လို့ ဆိုတယ်။ ရေကန် အသင့် ကြာအသင့်ပေါ့။ပြည်တွင်း နဲ့ ပြည်ပ ကွာတဲ့လစာကို ဒီနေရာမှာ XiaoZhan ထည့်စဉ်းစားမိတယ်။ XiaoZhan တို့ မိသားစုက ချို့တဲ့နေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ပါး လေဖြန်းသွားပြီး အလုပ်မလုပ်နိုင်တော့တဲ့နောက်မှာ အရင်ကလောက် မပြည့်စုံတော့တာတော့ အမှန်ပဲ။ နောက် Yi Yi တို့ မိသားစု အသိုင်းအဝိုင်းအနေနဲ့ သူတို့သားမက်ကို ဘွဲ့လေးတစ်ခုပဲ ရှိပြီး ငွေမရှိတဲ့သူ ဖြစ်စေချင်မှာ မဟုတ်ဘူးလို့လည်း ထင်တာပဲ။ Yi Hua က သူ့ကို စစချင်း မပြောခဲ့ပေမယ့် နောက်ပိုင်းမှာ သူသိခဲ့ရတာက သူမတို့က ရှေ့နေ တရားသူကြီး မိသားစု ဆိုတာပဲ။ သူမရဲ့ အဖိုးလက်ထက်က စပြီး တရားသူကြီးဖြစ်ခဲ့တာ။ နောက် သူမရဲ့ မိဘတွေကလည်း နှစ်ယောက်လုံး တရားသူကြီးပဲ။ သူမတို့ မျိုးဆက်ကတော့ ရှေ့နေလမ်းကြောင်းကို ဦးတည်သွားကြတယ်။ ဒါပေမယ့် ဝမ်းကွဲထဲမှာ တရားသူကြီးတွေ ရှိပါသေးတယ်။ ဒီလိုမိသားစုက သူတို့နဲ့ အသက်မွေးဝမ်းကြောင်း မတူတဲ့ XiaoZhan ကို အစကတည်းက သဘောမကျခဲ့ကြဘူး။ သူက Yi Yi အတွက် တိုးတက်မှုကို ဆောင်ကျဉ်းပေးနိုင်မှာ မဟုတ်ဘူးလို့ ယူဆကြတယ်။ (Yi Yi က XiaoZhan ကို သူမအိမ်ကို ခေါ်သွားခဲ့ပြီးပြီ။) ဒီလိုနဲ့ XiaoZhan ဟာ သူ့ရဲ့တန်ဖိုးကို သက်သေပြဖို့အတွက် ရနိုင်သမျှ အတွေ့အကြုံတွေ လက်မှတ်တွေ ငွေတွေ စုဆောင်းဖို့ ဖြစ်လာတယ်ပေါ့။
YOU ARE READING
You Are My Life