Chapter 11

15.7K 1.7K 23
                                    

(Unicode)

ဒီနေ့ဆို XiaoZhan ကိုမာ ဝင်တာ ၃ ရက် ရှိပြီ။ ဒီ ၃ ရက်အတွင်း Xiao မာမား တော်တော်ပိန်သွားတယ်။ စာတွေ ပိနေတဲ့ Yi Yi က ဒီကိစ္စအတွက်နဲ့ တရုတ်ပြည် ပြန်ရောက်နေတယ်။ ဒါပေမယ့် သူမ ဒီမှာ အကြာကြီးနေနိုင်မှာ မဟုတ်ဘူး။ မနက်ဖြန် ပြန်သွားရတော့မှာ။

အဲဒီအချိန်မှာ ဆေးရုံခန်းထဲကို လူငယ်လေးတစ်ဦးဝင်လာတယ်။ Wang Yibo ဆိုတဲ့ကလေးပဲ။ သူမ တက္ကသိုလ်တက်စဉ်တုန်းက XaioZhan မိတ်ဆက်ပေးခဲ့ဖူးတယ်။ ဒီရက်ပိုင်းအတွင်း Xiao မာမားကို JiangCheng တို့အိမ်မှာ ပြန်နားခိုင်းပြီးတော့ သူမနဲ့  Yibo တစ်ယောက်တစ်လဲ လူနာစောင့်လုပ်ပေးနေခဲ့တာ။

"Yi Hua jie နေ့လယ်စာ သွားစားလိုက်ပါဦး။ Zhan ge ကို ကျွန်တော် စောင့်ပေးမယ်"

သူမ မျက်လုံးဖွင့်မလာသေးတဲ့ XiaoZhan ကို တစ်ချက်ကြည့်ပြီး နေရာက ထလိုက်တယ်။

"သူသတိရလာရင် အစ်မ ကို အရင်ဆုံးခေါ်နော်"

"ဟုတ်။ အဲလိုလုပ်မှာမို့ စိတ်အေးအေးသွားပါ"

Yi Hua ထွက်သွားတော့ Yibo က ပန်းအိုးထဲက ပန်းတွေကို သူဝယ်လာတဲ့ ပန်းအသစ်နဲ့ လဲလိုက်တယ်။ ပန်းတွေက အကောင်းအတိုင်းပဲ ရှိသေးပေမယ့် Zhan ge ပြန်သတိရလာခဲ့ရင် လတ်လတ်ဆတ်ဆတ်လေးပဲ မြင်စေချင်တာမို့။

Yi Hua ဆေးရုံကန်တင်းကို ထွက်လာခဲ့ပေမယ့် သူမ စိတ်မဖြောင့်ဘူး။ အထူးသဖြင့် အဲဒီ Wang Yibo ဆိုတဲ့ ကောင်လေးကို။ ကျောင်းမှာ အမြဲတမ်း XiaoZhan နားကပ်နေတဲ့ကောင်လေးက ရုတ်တရက် XiaoZhan နားက ပျောက်သွားခဲ့တယ်။ သူနေမကောင်းလို့ မလာနိုင်တော့တာလို့ XiaoZhan က ပြောတာကြောင့် အဲဒီတုန်းက ဒီကိစ္စကို အမှုမဲ့အမှတ်မဲ့ပဲ ထားခဲ့တယ်။ ဒါပေမယ့် အဲဒီနေ့က XiaoZhan accident မဖြစ်ခင် သူမနဲ့ ဖုန်းပြောနေခဲ့တာ။ ရုတ်တရက် Yibo ကိုမြင်လိုက်တဲ့အချိန်မှာ XiaoZhan က သူမ အသံကို မကြားနိုင်တော့လောက်တဲ့အထိ ဖြစ်သွားခဲ့တယ်။ ဘာလို့လဲ။

CCTV မှတ်တမ်းကိုလည်း တောင်းကြည့်ပြီးသွားပြီ။ Yibo ကို တွေ့တော့ XiaoZhan အရမ်းထိတ်လန့်သွားတာကို တွေ့ရတယ်။ ဘာစကားတွေ ပြောကြလဲဆိုတာတော့ အသံမပါလို့ သေချာ မသိခဲ့ရဘူး။ ဒါပေမယ့် XiaoZhan ရဲ့ ပါးစပ်လှုပ်ပုံကို သေချာလေ့လာကြည့်ရင် Yibo ကို မလာဖို့ တားနေတာ သေချာတယ်။  Yibo က သူ့ဆီ လှမ်းလာတဲ့အချိန်မှာ အမြဲတမ်း ခေါင်းအေးအေးနဲ့ တည်ငြိမ်လှပါတယ်ဆိုတဲ့ XiaoZhan ဟာ သူ့နောက်မှာ ကားတွေ အဆက်မပြတ်သွားနေတဲ့ လမ်းမကြီးရှိတယ်ဆိုတာကို မေ့ပြီး အနောက်လှည့်ပြေးပါတယ်တဲ့။ ဘယ်လိုပဲစဉ်းစားစဉ်းစား ဒီကိစ္စမှာ တစ်ခုခုတော့ လွဲနေပြီ ဆိုတာ သေချာတယ်။

You Are My LifeWhere stories live. Discover now