(Unicode)
နောက်နေ့ မနက် XiaoZhan အိပ်ယာနိုးတော့ Yibo က မနက်စာတောင် ပြင်ပြီးနေပါပြီ။ သူကတော့ ညက အတွေးလွန်နေပြီး အိပ်တာ နောက်ကျသွားတယ်။ XiaoZhan က ပုံမှန်ဆို မနက် ၆ နာရီလောက်တော့ ထတယ်။ ဒါပေမယ့် weekend တွေမှာ အစီအစဉ်အထွေအထူးမရှိရင် နေ့လယ်လောက်ထိ ဒါမှမဟုတ် ဒီထက် ပိုနောက်ကျတဲ့အထိ အိပ်လေ့ရှိတယ်။ Biological clock လား? သူ့မှာ အဲလိုမျိုး မရှိဘူး။
ဒီနေ့ကတော့ Yibo ရှိနေတာကြောင့် ပုံမှန် တနင်္ဂနွေနေ့တွေထက် ပိုစောစောထဖြစ်တယ်။ ဒါပေမယ့် အဲကလေးက သူ့ထက်အရင်နိုးပြီး ဟင်းတောင် ချက်ပြီးပေါ့။
"Morning, Zhan ge"
"Morning, မင်း ဘာလို့ အစောကြီး ထရတာလဲ"
XiaoZhan က ရှက်ရှက်နဲ့ ပြဿနာရှာတယ်။ ငယ်ငယ်တုန်းက အကြောင်းကို သတိရမိလို့ပါ။ကလေးဘဝတုန်းက Jiang Cheng က သူ့ထက်အရင်နိုးနေရင် ကုတင်ပေါ်က ဆွဲချပြီးဖြစ်ဖြစ် ခေါင်းအုံး နဲ့ရိုက်ပြီးဖြစ်ဖြစ် နှိုးလေ့ရှိတယ်။ 'အကြီးဖြစ်ပြီး အိပ်ပုတ်ကြီးတာ မရှက်ဘူးလား' ဆိုတာလည်း ပြောရသေးတယ်။ နေရင်ထိုင်ရင်း အပြစ်ရှိသလို ခံစားမိအောင် လုပ်တာပေါ့။ အဲတုန်းကတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူက ဘယ်သူ့ကို ပိုပြီး စိတ်ဒုက္ခပေးနိုင်လဲ ပြိုင်ကြတဲ့ အရွယ်ကိုး။ ထားပါတော့။ သူမေ့သွားတာက လက်ရှိသူ့ရှေ့မှာ ရှိနေတာက Jiang Cheng မဟုတ်ဘဲ Yibo ဆိုတာပါပဲ။ Yibo က သူညနေထိ တောက်လျှောက်အိပ်နေတောင် ကျန်းမာရေးအရ စိုးရိမ်လို့ နှိုးတာကလွဲရင် အပြစ်ပြောမှာ မဟုတ်ဘူး။ အိုကေ ဒါတော့ အမှတ်တွေ ပေးလွန်းအားကြီးသွားပြီ။
မနက်စာက ရိုးရိုးရှင်းရှင်း အသီးအရွက်နဲ့ ထမင်းကြော်ပါပဲ။ နောက် ဟင်းရည်တစ်ခွက်ပေါ့။ ပန်းကန်ခွက်ယောက် ဆေးတဲ့ တာဝန်ကိုတော့ XiaoZhan က ယူပါတယ်။ Yibo ကို အကုန်လုပ်ခိုင်းရင် ခိုင်းစားသလို ဖြစ်နေမှာစိုးလို့။ မနက်စာ စားပြီးတော့ Yibo က သူ့ laptop ကို ပြန်ကိုင်ပြီး XiaoZhan ကတော့ ကော်ဖီတစ်ခွက်နဲ့ ဖတ်လက်စ Murakami တစ်အုပ်ကို ဆွဲထုတ်လာပါတယ်။ အဲဒီနောက်တော့ ဧည့်ခန်းလေးက တိတ်ဆိတ်သွားတယ်။ Keyboard မှာ ခပ်သွက်သွက်စာရိုက်သံရယ် XiaoZhan ရဲ့ စာရွက်လှန်သံရယ် ပျင်းရိပျင်းတွဲဖြစ်နေပုံရတဲ့ Jiang Guo ရဲ့ အသက်ရှူသံက လွဲလို့ပေါ့။ ဒီလို အနေအထားလေးပဲ ကောင်းပါတယ်။ ပျင်းစရာကောင်းမှာစိုးလို့ ပြောစရာမရှိပဲ စကားတွေအတင်း ရှာကြံပြောနေရတာကြီးကို XiaoZhan မနှစ်သက်ဘူး။ Yibo တိုးလာတာက သူ ခါတိုင်းလုပ်နေကျအရာတွေကို တစ်ယောက်တည်း မဟုတ်ပဲ အဖော်တစ်ယောက်နဲ့ အတူလုပ်ခွင့်ရတဲ့ သဘောပါပဲ။
![](https://img.wattpad.com/cover/208787957-288-k485958.jpg)
YOU ARE READING
You Are My Life