Chapter 30 (Extra 3, Final)

31.6K 1.9K 111
                                    

(Unicode)

"knock" "knock"

"ဝင်ခဲ့ပါ"

သူ့စကားဆုံးတော့ အမျိုးသမီးတစ်ယောက် အခန်းထဲကို ခေါင်းပြူကြည့်တယ်။

"အာ Ling Ru jie"

XiaoZhan ကို မြင်တော့မှ သူမက သေချာတယ် ဆိုတဲ့ပုံနဲ့ အခန်းထဲကို ဝင်လာတယ်။

"Congratulations, XiaoZhan"

XiaoZhan သူမကို ကြိုဆိုဖို့ ထိုင်ရာက ထလိုက်တယ်။

"XiaoZhan တို့များ နေနိုင်တယ်နော်။ ငါတို့ကိုအဆက်အသွယ်တောင်မလုပ်ဘူး။ Yibo သာ မဖိတ်ရင် နင် လက်ထပ်လိုက်တာ သိမှာတောင် မဟုတ်ဘူး"

"အဲလို မဟုတ်ရပါဘူး jie ရယ်။ ကျွန်တော် အမြဲတမ်း စိတ်ထဲ ရှိပါတယ်"

ဒီ ၂ ယောက်, Ling Ru နဲ့ Ming Yue က သူ FengJin မှာ ရှိစဉ်တုန်းက XiaoZhan ကို ကူညီခဲ့တာ မနည်းဘူး။ အထူးသဖြင့် ရိုးရိုးအေးအေးလေးလို့ ထင်ရတဲ့ Ling Ru jie က XiaoZhan နဲ့ ပတ်သက်လာရင် တစ်ဖက်က homophobic တွေကို အရှိုက်ထိအောင် ပြောနိုင်လွန်းလို့ ဌာနမှူးက ခေါ်ပြီး သတိပေးရတဲ့အထိ။

"ဪ ငါတို့ XiaoZhan လေးက သပ်ရပ်နေတာပဲ မျက်စိတွေတောင် ကျိန်းတယ်"

Ling Ru က ပြောပြောဆိုဆိုနဲ XiaoZhan ဘေး ဝင်ထိုင်တယ်။

"ဓာတ်ပုံရိုက်ရအောင် XiaoZhan"

"ဟုတ် ဟုတ် ရိုက်လေ jie"

ဓာတ်ပုံရိုက်ပြီးလို့ စကားခဏပြောနေတုန်း JiangCheng ဝင်လာတာနဲ့ Ling Ru အပြင်ပြန်ထွက်သွားတယ်။ JiangCheng ဟာ ခုထိ တစ်ကိုယ်တည်းပဲ။ တက္ကသိုလ်မှာ Wen Qing ကို စိတ်ဝင်စားသလို ရှိခဲ့ပေမယ့် နောက်ပိုင်းကျဒါက ရုပ်ရှင်မင်းသမီးတစ်ယောက်ကို သဘောကျသလိုပါပဲလို့ ပြန်ပြောတယ်။ ခုလောလောဆယ်​တော့ JiangCheng က သူ့ကို လျှောက်လမ်းတစ်လျှောက် တွဲခေါ်သွားပေးမယ့်သူပေါ့။ အမှန်တော့ ဒီအလုပ်က ဦးလေး လုပ်ရမှာ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ မနေ့ကပဲ ဦးလေးက ခြေခေါက်လဲပြီး ခြေဆစ်ရောင်သွားတယ်။ ဆိုတော့ ဒီတာဝန်က JiangCheng ပုခုံးပေါ်ပဲ ကျလာတယ်ပေါ့။

"စိတ်လှုပ်ရှားနေလား"

"နည်းနည်းပေါ့"

သူအခု စိတ်လှုပ်ရှားနေတာ Yibo နဲ့ လက်ထပ်ပွဲကျင်းပရမှာထက် လူတွေအများကြီးရှေ့ထွက်ရမှာ မို့လို့ဆိုတာ Yibo သိရင် စိတ်မကောင်းဖြစ်မှာ အမှန်ပဲ။ ဒါပေမယ့် သူ တကယ်ကြီးပဲ anxiety attack ဝင်ချင်သလို ဖြစ်နေတာ။ သေချာစဉ်းစားကြည့်လိုက်ရင် လူတွေရှေ့ထွက်ရမှာကလည်း အဓိက ပြဿနာမဟုတ်ပါဘူး။ သူသပ်သပ် နာမည်တွေ လျှောက်တပ်နေတာ။

You Are My LifeWhere stories live. Discover now